Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 025 (Rejecting Christ)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
C - ယေရုရှလင်မြို့သို့ ပထမဆုံးသော ခရီး (ယော ၂း ၁၃ - ၄း ၅၄) -- မှန်သော ကိုးကွယ်ခြင်း
2. သခင်ယေရှု နိကောဒင်နဲ့ စကားပြောခြင်း။ (ယော ၂း ၂၃ - ၃း ၂၁)

d) ခရစ်တော်ကို ငြင်းပယ်ရင် အပြစ်စီရင်ခြင်း ခံရမယ်။ (ယော ၃း ၁၇ - ၂၁)


ယောဟန် ၃း ၁၇ - ၂၁
၁၇ လောကီသားတို့အား အပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည့်အကြောင်း စေလွှတ်တော်မူ၏။ ၁၈ သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား ဘုရားသခင်၌ တပါးတည်းသော သားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရ၏။ ၁၉ အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကို သာ၍နှစ်သက်ကြ၏။ ၂၀ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကို မြင်ပြင်း၍၊ မိမိတို့အကျင့်၌ အပြစ်ပါသည်ကို မထင်ရှားစေခြင်းငှါ၊ အလင်းသို့ မချဉ်းကပ်ကြ။ ၂၁ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင် အလိုတော်နှင့်ညီသည်ကို ထင်ရှားစေခြင်းငှါ၊ အလင်းသို့ ချဉ်းကပ်သည်ဟု ဟောတော်မူ၏။

နှစ်ခြင်းဆရာက လူတွေကို တရားစီရင်မယ့်၊ သစ်ပင်လို ခုတ်ဖြတ်မယ့် မေရှိယ အကြောင်း ဟောတယ်။ ဒါပေမယ့် သခင်ယေရှုက သူဟာ မီးမရှို့ဘူး။ ကယ်ဖို့လာတယ်လို့ နိကောဒင်ကို ပြောတယ်။ ကယ်တင်ရှင်က ကရုဏာ ကြီးတယ်။ နှစ်ခြင်းဆရာကလည်း ယဇ်ပူဇော်ပေးမှာကို နားလည်သွားတဲ့အခါ ဤလောကရဲ့အပြစ်ကို ဆောင်သွားမယ့် ဘုရားသခင်ရဲ့ သိုးသငယ်လို့ ခေါ်လာတယ်။

ချစ်ခြင်းမေတ္တာကြောင့် ဂျူးတွေအတွက်သာမက လူသားအားလုံးအတွက် သားတော်ကို စေလွှတ်တယ်။ အငယ် ၁၇ မှာ "world" လောကီသား ဆိုတဲ့စကားကို သုံးခါ သုံးတယ်။ ဒါက တပါးအမျိုးသားတွေကို ခွေးလို သတ်မှတ်တဲ့ ဂျူးတွေအတွက်တော့ အံ့အားသင့်စရာပဲ။ ဘုရားသခင်ကတော့ အာဗြဟံအမျိုးသာမက လူမျိုးတိုင်းကို ချစ်ပါတယ်။ အပြစ်ရှိကြပေမယ့် အပြစ်ပေးဖို့ ကြွလာတာ မဟုတ်ဘူး။ ကြေးဝါမြွေရုပ် ပုံဆောင်ချက်ကို ပြည့်စုံစေဖို့၊ အပြစ်ဒဏ်ကို ကိုယ်စားခံယူဖို့ ဖြစ်တယ်။ ဘုရားက လူမျိုးအစွဲ မရှိဘူး။ လူမျိုးရှိသမျှကို ချစ်တယ်။

တကယ်ထိမိတဲ့စကား “သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။” ဒါကြောင့် တရားစီရင်မယ့် နေ့ကို ကြောက်စရာ မလိုတော့ဘူး။ ထိုက်တန်တဲ့ သေခြင်းလည်း ခရစ်တော်ကို ယုံကြည်တာနဲ့ လွတ်သွားပြီ။ သခင်ယေရှုကို အားကိုးရင် အပြစ်စီရင်ခြင်းမှ လွတ်ပြီ။

မလိုပါဘူးကွာ ဆိုပြီး၊ ခရစ်တော်ရဲ့ ကယ်တင်ခြင်းကို ငြင်းပယ်ရင်တော့ မျက်စိကွယ်နေတာပဲ။ မိုက်မဲပြီး၊ ကျေးဇူးတော်နဲ့ ကွာနေတယ်။ ခရစ်တော်ရဲ့ တန်ခိုးကို လက်မခံရင် ဝိညာဉ်တော်ရဲ့ အလင်းကို လက်မခံတာပဲ။ ခရစ်တော်ရဲ့ သေခြင်းကို ကဲ့ရဲ့ပြီး ငြင်းပယ်ရင်၊ ဘုရားကို ဆန့်ကျင်တာပဲ။ ကိုယ်လုပ်တဲ့ အလုပ်တွေက ဘုရားသခင်ရှေ့မှာ အသရေမရှိဘူး။ လူတချို့ ဘာလို ကယ်တင်ခြင်းကို လက်မခံလဲဆိုတာ သခင်ယေရှု ရှင်းပြတယ်။ ဘုရားရဲ့အလင်းထက် အပြစ်ကို ပိုခင်တွယ်တယ်။ လူတွေရဲ့ စိတ်နှလုံးကို ဘုရားသိတယ်။ ဆိုးညစ်တဲ့အတွေးတွေရဲ့ အရင်းအမြစ်ကိုလည်း သိတယ်။ လူလုပ်သမျှက အဆိုးအညစ်ပဲ။ ဘယ်သူမှ မကောင်းဘူး။ ငယ်ငယ်ကတည်းက အတွေး၊ စကား၊ အလုပ် အားလုံး မှားနေတယ်။ ခရစ်တော်က နိကောဒင်ရဲ့ မာနတွေ ကျသွားပြီး နောင်တရဖို့ ပြောတာပါ။ နိကောဒင်ရဲ့ ရင်ကို ထိသွားတယ်။

ခရစ်တော်ကို အားမကိုးရင်၊ မကောင်းမှုကို ချစ်တာပဲ။ အကောင်းကို မုန်းတာပဲ။ အပြစ်ကို ခင်တွယ်တာပဲ လို့ သခင်ယေရှု ပြောသွားတယ်။ လူတွေက ကိုယ်အပြစ်တွေကို ဖုံးကွယ်ပြီး ကောင်းဟန် ဆောင်တတ်တယ်။ ခရစ်တော်ကိုတော့ မုန်းကြတယ်။ ကိုယ့်အပြစ်ကို ဝန်ခံခဲ့ပြီလား။ ဝန်မခံရင်တော့ ဒုတိယအကြိမ် မမွေးသေးဘူး။ ဘုရားအလင်းကို စိတ်နှလုံး ဖွင့်ဟလက်ခံပါ။ ဆေးကြောပေးလိမ့်မယ်။ သိုးသငယ်ကို လက်ခံပါ။ စင်ကြယ်စေလိမ့်မယ်။ နှိမ့်ချပါ။ ကိုယ့်အပြစ်ကို ဝန်ခံပါ။ ခရစ်တော်ကို အားကိုးပါ။ ထာဝရအသက်ရှင်မယ်။

ယုံကြည်တယ်ဆိုတာ မှန်တဲ့အလုပ်ပါ။ ဘုရားသခင်ကို လက်ခံတာဟာ အသစ်မွေးဖို့ ပြင်တာပါ။ အသိဥာဏ်နဲ့ ချဉ်းကပ်တာ မဟုတ်ဘူး။ စိတ်နှလုံးနဲ့ ချဉ်းကပ်တယ်။ လိမ်တဲ့သူက သစ္စာရှိလာတယ်။ ကောက်လိမ်သူက ဖြောင့်မှန်လာတယ်။ သစ္စာမဲ့တဲ့သူက သစ္စာရှိလာတယ်။ အရင်ကတော့ မကောင်းဘူး။ အပြစ်တွေ ဝန်ခံတော့ ခွင့်လွှတ်ခံရတယ်။ နောက်တော့ စင်ကြယ်ခြင်း စတင်လာတယ်။ ဝိညာဉ်တ်ာရဲ့ တန်ခိုးကို ခံစားရတယ်။ ငြိမ်သက်ခြင်းကို ခံစားရတယ်။

ကောင်းတာလုပ်တာကို မဆန့်ကျင်ပါဘူး။ ဒါပေမယ့် ကိုယ့်အားဖြင့် မဟုတ်ဘူး။ ဘုရားသခင်ကြောင့် ဖြစ်တယ်။ လူက ဘာမှ အမှတ်ယူစရာ မရှိဘူး။ ကျေးဇူးတော်ကြောင့်ပါ။ ကိုယ့်ဖြောင့်မတ်ခြင်းကြောင့် မဟုတ်ဘူး။ အတ္တစိတ်နဲ့ ကြိုးစားတာ မဟုတ်တော့ဘူး။ ခရစ်တော်ရဲ့ အသွေးတော်ကို အားကိုးလို့ရတဲ့ ကျေးဇူးတော်ကြောင့် ရတဲ့ ဖြောင့်မတ်ခြင်း ဖြစ်တယ်။ တဖန်ပြန်မွေးမှ ခရစ်တော်နဲ့ ဆိုင်တယ်။ ဘုရားစိတ်တော်နဲ့ တွေ့တယ်။ ကျေးဇူးတော် ချီးမွမ်းစရာ သက်သက်သာ ဖြစ်တော့တယ်။ အသစ်တခါမွေးပြီး၊ သန့်ရှင်းသွားခြင်းဟာ ဘုရားနှစ်သက်တဲ့အရာ ဖြစ်တယ်။

ဆုတောင်း အပြစ်ဒဏ်တွေ ယူဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အပြစ်ဒဏ်ခံစရာ မလိုတော့ဘဲ၊ ယုံကြည်ခြင်းကြောင့် ကိုယ်တော်နှင့် သက်ဆိုင်သူ ဖြစ်ပါပြီ။ အမျက်တော်မှလည်း လွတ်မြောက်ပါပြီ။ အပြစ်ဝန်ခံ၍ ဆေးကြောစင်ကြယ်စေပါပြီ။ ဝိညာဉ်အသီးများ သီးစေပါ။ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းစွာ အသက်ရှင်စေပါ။

မေးခွန်း ၂၉

  1. ခရစ်တော်ကို ယုံကြည်သူဟာ ဘာကြောင့် တရားစီရင်ခြင်း မခံရတော့သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:28 AM | powered by PmWiki (pmwiki-2.3.3)