Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 020 (Jesus' first miracle)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
B - ခရစ်တော်က တပည့်တော်တွေကို နောင်တတရား နေရာမှ မင်္ဂလာပွဲရဲ့ ဝမ်းမြောက်ရာသို့ ခေါ်ဆောင်တယ်။ (ယောဟန် ၁း ၁၉- ၂း ၁၂)

4. ကာနမြို့ မင်္ဂလာပွဲမှ သခင်ယေရှုရဲ့ ပထမဆုံး နိမိတ်လက္ခဏာ (ယော ၂း ၁ - ၁၂)


ယောဟန် ၂း ၁- ၁၀
၁ သုံရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကို ခံကြစဉ်၊ ထိုပွဲ၌ ယေရှု၏မယ်တော် ရှိ၏။ ၂ ယေရှုနှင့်တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။ ၃ စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏မယ်တော်က၊ စပျစ်ရည် မရှိဟု ကြားပြော၏။ ၄ ယေရှုကလည်း အချင်းမိန်းမ၊ သင်သည် ငါနှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန်မရောက်သေးဟု မိန့်တော်မူ၏။ ၅ မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အား ဆိုလေ၏။ ၆ ယုဒဘာသာအလျောက် စင်ကြယ်ခြင်း အဖို့အလို့ငှါ၊ ထိုအရပ်၌ နှစ်တင်း သုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်း ခြောက်လုံး ထားလျက်ရှိ၏။ ၇ ယေရှုကလည်း ဤရေအိုးတို့ကို ရေဖြည့်ကြဟု အစေခံတို့အား မိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံမတတ် ဖြည့်ကြ၏။ ၈ ယခုခပ်၍ ပွဲအုပ်ထံသို့ သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ၏။ ၉ ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသော ရေကို မြည်းစမ်း၍၊ ထိုရေကို ခပ်သော အစေခံတို့သည် စပျစ်ရည်ကို အဘယ်မှာ ရသည်ကို သိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္ဂလာဆောင်လုလင်အား အသံကိုလွှင့်၍၊ ၁၀ အခြားသောသူမည်သည်ကား၊ ရှေးဦးစွာ ကောင်းသော စပျစ်ရည်ကို ထည့်၍ ဝစွာ သောက်ကြပြီးမှ ညံ့သော စပျစ်ရည်ကို ထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟု ဆို၏။

သခင်ယေရှုဟာ တပည့်တော်တွေကို နှစ်ခြင်းဆရာရဲ့ ယော်ဒန်မြစ်ချိုင့်ဝှမ်း နောင်တလွင်ပြင်မှ မင်္ဂလာဆောင်ပွဲ ကျင်းပရာ ဂါလိလဲ တောင်ကုန်းတွေဆီ ခေါ်သွားပါတယ်။ ကီလိုမီတာ ၁၀၀ ကွာဝေးတဲ့ ဒီခရီးဟာ ဓမ္မဟောင်းနဲ့ ဓမ္မသစ်ကြား အပြောင်းအလဲကြီးကို ပြပါတယ်။ ယုံကြည်သူဟာ ပညတ်တရားရဲ့ အရိပ်အောက်မှာ မကျင်လည်တော့ဘူး။ ငြိမ်သက်ခြင်းနဲ့ အလင်းကို ပေးတဲ့ ခရစ်တော် နေမင်းရဲ့ ဖြောင့်မတ်ခြင်းကြောင့် ရတဲ့ ဝမ်းမြောက်ခြင်းနဲ့ အသက်ရှင်ရပါမယ်။

သခင်ယေရှုက နှစ်ခြင်းဆရာလို ascetic စည်းကမ်းကြီးတဲ့ ချိုးခြံချွေတာသူ မဟုတ်ဘူး။ ဒါကြောင့် ခရစ်တော်က တပည့်တော်တွေနဲ့အတူ ပျော်ပွဲတခုကို သွားတယ်ဆိုတာ အံ့ဘွယ်နိမိတ်လက္ခဏာ တခုပါပဲ။ စပျစ်ရည်ကို မပိတ်ပင်ဘူး။ လူအထဲကို ဝင်တဲ့အရာက လူကို ညစ်ညူးစေတာ မဟုတ်ဘဲ၊ လူအထဲက ထွက်တဲ့ မကောင်းတဲ့ အတွေးတွေကသာ လူကို ညစ်ညူးစေတယ်လို့ ဆိုတယ်။ သခင်ယေရှုက ချိုးခြံချွေတာခြင်းကို ငြင်းပယ်တာ မဟုတ်ဘူး။ လောကအရာလည်း အနည်းအကျဉ်း သုံးရကြောင်း ပြတယ်။ ပျက်စီးတဲ့ စိတ်နှလုံးက အသစ်မွေးဖို့ အသစ်သဘာဝရဖို့ လိုတယ်။ ကျမ်းစာတားမြစ်တာက သောက်စားမူးယစ်ခြင်း၊ အရက်စွဲနေခြင်းကိုသာ ဖြစ်တယ်။

မင်္ဂလာပွဲကို တပည့်တော်တွေ လိုက်လာတယ်။ နာသနေလကလည်း ကာနမြို့သား ဖြစ်တယ်။ (၂၁း ၂) မယ်တော်က သတို့သားမိတွေနဲ့ အမျိုးတော်ပုံရတယ်။ ယောသပ်လည်း သေဆုံးခဲ့ပြီ လို့ ယူဆရတယ်။ မာရိက မုဆိုးမ။ သခင်ယေရှုက သားဦးအရာနဲ့ မိသားစုအပေါ် တာဝန်ယူရတယ်။

ဒါကြောင့် အမျိုးတွေရဲ့ အခက်အခဲအတွက် သခင်ယေရှုကို အကူအညီ တောင်းရတယ်။ ယော်ဒန်မြစ်ကမ်းမှ ပြန်လာပြီးနောက်ပိုင်း အရင်လို သာမန် မဟုတ်တော့ဘူး။ ဝိညာဉ်တန်ခိုးကတပည့်တော်တွေ လိုက်နာစရာ ပုံသက်သေအဖြစ် လောကီ လိုအပ်ချက်အတွက်လည်း ဖြည့်စွမ်းပေးတယ်။

မာရိက သားတော်ရဲ့ ဂရုစိုက်မှုနဲ့ ချစ်ခြင်းကို သိတဲ့အတွက် အားကိုးတယ်။ အမေ့မေတ္တာက ပထမဆုံးသော နိမိတ်လက္ခဏာကို ဖြစ်လာစေတယ်။ မေတ္တာတော်ကို ယုံကြည်ခြင်းဟာ ဘုရားလက်ရာကို မြင်ရစေတယ်။ မိန့်တော်မူသမျှအတိုင်း ဆောင်ရွက်ဖို့ မယ်တေယ်က အစေအပါတွေကို မှာတယ်။ တနည်းမဟုတ် တနည်းနဲ့ ကူညီမယ် ဆိုတာ သိတယ်။ “မိန့်တော်မူသမျှအတိုင်း ဆောင်ရွက်ကြ” ဆိုတဲ့ သူ့စကားဟာ အသင်းတော်အတွက် ဆောင်ပုဒ်ပါပဲ။ ခိုင်းတဲ့အတိုင်း လုပ်ရင် နိမိတ်လက္ခဏာတွေ ဖြစ်စေတယ်။

လီတာ ၆၀၀ ဆလာက်ဆန့်တဲ့ ကျောက်စည်တွေ ရှိတယ်။ ဧည့်သည်များလို့ ဆေးကြောဖို့ ရေအများကြီး လိုတယ်။ သခင်ယေရှု ရှိနေတုန်းမှာ နောက်တမျိုး ဆေးကြောဖို့လည်း လိုသေးတယ်။ သိုးသငယ် မင်္ဂလာဆောင်ပွဲမှာ ဆေးကြောထားသူမှားသာ ပါဝင်ရမယ်။ ဒါပေမယ့် ဒီနေရာမှာ ခရစ်တော် အရေးတကြီး စိတ်ဝင်စားတာက စင်ကြယ်ခြင်း မဟုတ်ဘူး။ မင်္ဂလာပွဲ မပျက်ဖို့သာ ဖြစ်တယ်။ ဆေးကြောစရာ ရေကို ချိုတဲ့ စပျစ်ရည် ဖြစ်စေတယ်။ ဘယ်လို လုပ်သလဲတော့ မသိဘူး။ ဒါပေမယ့် သူ့အသွေးတော်ဟာ သိုးသငယ် မင်္ဂလာပွဲကို ပါဝင်သူတိုင်းအတွက် လုံလောက်တာ သေချာသွားတယ်။ သောက်စားမူးယစ်တာ မဟုတ်ဘူး။ ဝိညာဉ်တော်က မူးယစ်တာကို လက်မခံဘူး။ ဒါပေမယ့် စပျစ်ရည်ချို ပေါများခြင်းဟာ အပြစ်ခွင့်လွှတ်တဲ့ အတိုင်းအတာ ကျယ်ပြောကြောင်း ပြတယ်။ လူအားလုံး ကောင်းကင်ဘုံမှာ ပျော်ပါစေ။ ခရစ်တော် အတူရှိကြောင်း ပြတဲ့ ပွဲတော်မင်္ဂလာမှာ လူတိုင်း မုန့်နဲ့ စပျစ်ရည်ကို ရကြပါစေ။ ဝမ်းမြောက်စွာနဲ့ ခွင့်လွှတ်ခြင်းကို ခံစားကြပါစေ။

ယောဟန် ၂း ၁၁ - ၁၂
၁၁ ထိုသို့ ယေရှုသည် ရှေးဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။ ၁၂ ထို့နောက် မယ်တော်မှစ၍ ညီတော်၊ တပည့်တော်တို့နှင့်တကွ ကပေရနောင်မြို့သို့ ကြွတော်မူ၏။ ထိုမြို့မှာ ကြာမြင့်စွာ မနေဘဲ ….

စပျစ်ရည် ဖန်ဆင်းလိုက်တာကို တပည့်တော်တွေ အံ့သြနေကြတယ်။ သဘာဝထက် ပိုတာကို တွေ့ကြတယ်။ ဘုန်းတော်ကို မြင်ရပြီး၊ ဘုရားစေလွှတ်တဲ့ သားတော်လို့ ယုံကြည်ကြတယ်။ အားကိုးလာကြတယ်။ ယုံကြည်ခြင်း တိုးလာဖို့ အချိန်ယူရမယ်။ နားလည်လာဖို့ နာခံတတ်ရတယ်။ သခင်ယေရှုရဲ့ ပြောစကားနဲ့ အလုပ်တွေကို သေသေချာချာ လေ့လာရင် ကိုယ်တော်ရှင် ကြီးမြတ်ကြောင်း သိလာမယ်။

သခင်ယေရှုက မိသားစုမှ ခွဲထွက်လာတော့ အမှုတော်ဆောင်ဖို့ လောကီ အတားအဆီးတွေ မရှိတော့ဘူး။ ဒါပေမယ့် မယ်တော်၊ ညီတော်တွေနဲ့တော့ အဆက်အသွယ် ရှိတယ်။ တပည့်တော်တွေနဲ့ ခရီးဆက်လာတယ်။ ညီတော်တွေလည်း တိဗေရိအိုင်နားက ထင်ရှားတဲ့မြို့ ကပေရနောင်ကို လိုက်လာတယ်။ တပည့်တော်တွေက ကာနမင်္ဂလာဆောင်ပွဲမှာပြတဲ့ နိမိတ်လက္ခဏာကြောင့်သာ မဟုတ်ဘဲ၊ ကိုယ်တိုင်ကိုယ်ကျ အားကိုးလာတယ်။ အဲဒါ သူတို့အတွက် ပိုကောင်းတာပေါ့။

ဆုတောင်း ပျော်ရွှင်စရာကောင်းဖို့ မင်္ဂလာဆောင်ပွဲကို ဖိတ်ခေါ်ခံရတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ယေရှု။ အပြစ်များကို ခွင့်လွှတ်မူပါ။ ဝိညာဉ်တော်နဲ့ ပြည့်စေပါ။ နောက်တော်လိုက်လျက် သန့်ရှင်းစွာ နေပါမည်။ ကိုယ်တော်နည်းတူ အများအတွက် အသက်ရှင်ပါမည်။

မေးခွန်း ၂၄

  1. တပည့်တော်တွေ မင်္ဂလာပွဲကို ဘာကြောင့် ခေါ်သွားရသလဲ?

QUIZ - 1

ချစ်သော ဓမ္မမိတ်ဆွေ
ဒီ မေးခွန်း(၂၄)ထဲမှ မှန်ကန်သော အဖြေ (၂၀) ခု ကို ဖြေပေးပါ။ ဒီအချက်အရာများနဲ့ ပက်သက် တာတွေကို ပြန်ပို့ပေးမှာဖြစ်ပါတယ်။

  1. လေးခုမြောက် ခရစ်ဝင်ကျမ်းကို ဘယ်သူရေးသလဲ?
  2. ပထမကျမ်း ၃ ကျမ်းနဲ့ ၄ ကျမ်းမြောက် ခရစ်ဝင်ကျမ်းရဲ့ ဆက်စပ်မှုကို ပြောပါ။?
  3. ရှင်ယောဟန်ခရစ်ဝင်ကျမ်းရဲ့ ရည်ရွယ်ချက်ကို ပြောပါ။?
  4. ဘယ်သူထံ ရေးသလဲ?
  5. အကြောင်းအရာပေါ် မူတည်ပြီး ဘယ်လို အပိုင်းခြွဲကည့်မလဲ?
  6. ရှင်ယောဟန် အခန်းကြီး ၁ ရဲ့ ပထမအပိုဒ်မှာ ခဏခဏ တွေ့ရတဲ့ စကားနဲ့ သူ့ရဲ့အဓိပ္ပါယ်ကို ပြောပြပါ။?
  7. ယောဟန်ခရစ်ဝင်ကျမ်း အစ၌တွေ့ရသော ခရစ်တော်၏ characteristics သဘာဝ ၆ မျိုးကို ပြောပြပါ။?
  8. ဝိညာဉ်သဘောအရ အလင်းနဲ့ အမှောင်ရဲ့ ခြားနားချက်ကို ပြောပြပါ။?
  9. နှစ်ခြင်းဆရာ ယောဟန်ရဲ့ အဓိက အလုပ်ကို ပြောပြပါ?
  10. အလင်းရှင်ခရစ်တော်နဲ့ အမှောင်ကမ္ဘာရဲ့ ဆက်ဆံရေးကို ပြောပြပါ။?
  11. ခရစ်တော်ကို လက်ခံသူတွေမှာ ဘာဖြစ်လာသလဲ?
  12. ခရစ်တော် လူ့ဇာတိခံခြင်းရဲ့ အဓိပ္ပါယ်ကို ပြောပြပါ။?
  13. ခရစ်တော်ရဲ့ ပြည့်စုံခြင်းကို နားလည်ပါသလား?
  14. လောကကို ခရစ်ဆောင်လာတဲ့ အတွေးအခေါ်သစ်ကို ပြောပြပါ။?
  15. ယုဒလူမျိုး အကြီးအကဲတွေရဲ့ မေးခွန်းတွေရဲ့ အဓိက ရည်ရွယ်ချက်ကို သိပါလား။?
  16. လမ်းခရီးတော်ကို ပြင်ဖို့ နှစ်ခြင်းဆရာက ဘယ်လို ဖိတ်ခေါ်သလဲ?
  17. ဂျူးလူမျိုး အကြီးအကဲတွေရှေ့မှာ သခင်ယေရှုအကြောင်း နှစ်ခြင်းဆရာရဲ့ အမြင့်ဆုံး သက်သေခံချက်က ဘာလဲ?
  18. ဘုရားသခင်၏ သိုးသူငယ် ဆိုတာ ဘာလဲ?
  19. ဘာကြောင့် သခင်ယေရှုက ဝိညာဉ်တော်ကို ပေးပိုင်တာလဲ?
  20. တပည့်နှစ်ယောက် သခင်ယေရှုနောက် ဘာကြောင့် လိုက်သလဲ?
  21. ကနဦး ယုံကြည်သူတွေ ဘယ်လို နာမတော်ကို ကြေငြာကြသလဲ?
  22. ကနဦးတပည့်တော်များ နာမတော်ကို ဘယ်လိုကြော်ငြာသလဲ?
  23. “ဘုရားသားတော်” နဲ့ “လူသား” နာမည်များ ဘယ်လို ဆက်နွယ်နေသလဲ??
  24. တပည့်တော်တွေ မင်္ဂလာပွဲကို ဘာကြောင့် ခေါ်သွားရသလဲ?

ဒီစာစောင်များကို မိတ်ဆွေထံသို့ ရောက်လာဖို့ရန်မိတ်ဆွေ ရဲ့အိမ်လိပ်စာအတိအကျကို အောက်မှာ ဖြည့်ပေးပါ။

Waters of Life
P.O.Box 600 513
70305 Stuttgart
Germany

Internet: www.waters-of-life.net
Internet: www.waters-of-life.org
e-mail: info@waters-of-life.net

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:27 AM | powered by PmWiki (pmwiki-2.3.3)