Waters of LifeBiblical Studies in Multiple Languages |
|
Home Bible Treasures Afrikaans |
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba
Previous Lesson -- Next Lesson ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
A - အဖမ်းခံရချိန်မှ သင်္ဂြိုဟ်ချိန်အထိ (ယောဟန် ၁၈း ၁- ၁၉း ၄၂)
1. သခင်ယေရှု ဥယျာဉ်ထဲမှာ အဖမ်းခံရခြင်း (ယောဟန် ၁၈း ၁- ၁၄)ယောဟန် ၁၈း ၁- ၃ သခင်ယေရှုက ဆုတောင်းပြီး ကိုယ့်အသက်ကို အပ်နှံသလို တပည့်တော် တွေနဲ့ တမန်တော်တွေ ကိုလည်း အပ်နှံပေးတယ်။ ဒီနောက်ဆုံး ဆုတောင်းခြင်းထဲမှာ သူ့ရဲ့စကား၊ အလုပ်နဲ့ ဆုတောင်းချက်တွေ အပြည့်အစုံ ပါတယ်။ အဲဒီနောက် ဒုက္ခ ဝေဒနာနဲ့ ဆင်းရဲခြင်း တွေကို ဘုရားသခင်ရဲ့ သိုးသူငယ်အဖြစ် လောကီသား တွေရဲ့ အပြစ်ကို ဆောင်သွားတယ်။ စပျစ်လုပ်ငန်းတွေ ရှိတဲ့ ကေဒြုန်ချောင်းကို ဖြတ်ပြီး သံလွင်တောင်ပေါ်က ခြံခတ်ထားတဲ့ ဥယျာဉ်ထဲကို ဝင်တယ်။ ဒီနေရာဟာ လုံခြုံပြီး တပည့်တော်တွေနဲ့ အနားယူရာ မကြာခဏ အိပ်စက်ရတာ ဖြစ်တယ်။ ဒီလျှို့ဝှက်နေရာကို ယုဒ သိတယ်။ ဂျူးလူမျိုးအာဏာပိုင်တွေကို သတင်းပေးတယ်။ သူတို့က ဗိမ္မာန်တော် အစောင့်တွေနဲ့ ဖါရိရှဲရဲ့နောက်လိုက်တွေကို စုဝေးစေတယ်။ လက်နက်ကိုင်ပြီး ညအချိန်မှာ ဘယ်သူ့ကိုမှ ဖမ်းခွင့် မရှိဘူး။ ဒါမျိုးက ရောမ အာဏာပိုင တွေရဲ့ ခွင့်ပြုချက်ရမှသာ လုပ်နိုင်တယ်။ ဘုရင်ခံကို သတင်းပေး ကြတယ်။ ဂျူးလူမျိုး ခေါင်းဆောင် တွေဟာ ယုဒရဲ့ သတင်းပေးချက်နဲ့ စိတ် မကျေနပ်သေးဘဲ သခင်ယေရှုကို ဖမ်းမယ့်အုပ်စုကို ခေါင်းဆောင် ခိုင်းလိုက်တယ်။ ဒါကြောင့် ယုဒဟာ သစ္စာဖေါက်သူ ဖြစ်ရုံမက ရန်သူ့လက်မှာ သခင်ယေရှုကို အပ်နှံသူလည်း ဖြစ်တယ်။ ဒီလို သစ္စာဖေါက်ရဲ့ လက်မှာ သားတော်ကို အပ်နှံဖို့ ဘုရား အခွင့်ပေးလိုက်တယ်။ ယောဟန် ၁၈း ၄- ၆ လာဖမ်းသူတွေ နောက်သို့ လဲကျတာဟာ ဘာကြောင့် လဲတော့ မသိဘူး သူတို့ဟာ သခင်ယေရှုကို ဖမ်းဖို့ မီးအိမ်တွေ အများကြီး ယူလာတယ်။ လွတ်သွားမှာ ကြောက်တယ်။ သခင်ယေရှုက အကြီးအကျယ် ဆုတောင်း နေတယ်။ တပည့်တော်တွေက အိပ်နေတယ်။ ဆုတောင်းနေစဉ် သစ္စာဖောက်နဲ့အတူ လူစုလူဝေး ရောက်လာတာ ရိပ်မိတယ်။ သူဟာ ထွက်မပြေးဘဲ သူ့ကို တရားစီရင်ပြီး ညှဉ်းပန်း နှိပ်စက်မှာကို စောင့်ဆိုင်း နေတယ်။ အားလုံးကို သိပြီး ခမည်းတော်ရဲ့ အလိုကို ဝန်ခံတယ်။ မတ်တပ်ရပ်ပြီး အဲဒီ လူစုလူဝေးထံမှာ သွားပြီး အဖမ်းခံတယ်။ ယုဒက ဖမ်းတာ မဟုတ်ဘဲ သခင်ယေရှုက သူ့ကိုယ်သူ အပ်နှံတယ်။ ဘယ်သူ့ကို ရှာသလဲလို့ မေးတယ်။ နာမတော်ကို သူတို့ မြွက်ဆိုတဲ့ အခါ “ငါဟာ ထိုသူပဲ” လို့ ဘုရား ဖြစ်ကြောင်း အသုံးအနှုန်းကို သုံးတယ်။ ဝိညာဉ်မျက်စိရှိတဲ့ သူကတော့ ဘုရားသခင်က မောရှေကို “ငါဖြစ်သည့် အတိုင်း ငါဖြစ်၏” လို့ပြောတာနဲ့ တူကြောင်း ရိပ်မိနိုင်တယ်။ “မင်းတို့က ကယ်တင်ရှင်ကို သတ်ချင်တာလား။ ငါက သူပဲ မင်းတို့လုပ်ချင်တဲ့ လုပ်စရာရှိတာ လုပ်ပါ။ ငါဟာ ဖန်ဆင်းရှင် ရွေးနှုတ် ကယ်တင်ရှင် ဖြစ်တယ်” လို့ ဆိုတယ်။ အဲဒီ အချိန်မှာ ယုဒဟာ အနီးနားမှာ ရပ်နေတယ်။ ဒီစကားလုံး တွေဟာ သူ့ရဲ့ နှလုံးသားကို ထုတ်ချင်းခတ် ဖေါက်သွားတယ်။ ဒီဖြစ်ရပ်မှာ ယုဒကို ရှင်ယောဟန် ခရစ်ဝင် ကျမ်းထဲမှာ တွေ့ရတဲ့ နောက်ဆုံး အချိန်ကလေးပဲ ဖြစ်တယ်။ ယောဟန်ဟာ ယုဒက သခင်ယေရှုကို နမ်းတာနဲ့ ကိုယ့်ကိုကိုယ် သတ်သေတဲ့ ကိစ္စတွေကို မဖေါ်ပြဘူး။ ယောဟန်ရဲ့ အဓိကအချက်က သခင်ယေရှုပဲ ဖြစ်တယ်။ သူ့ ရန်သူတွေထက် ကြီးမြတ်ကြောင်းကို ပုံဖေါ်ချင်တယ်။ ဒီလို နူးညံ့ သိမ်မွေ့စွာ ကိုယ့်ကိုကိုယ် အပ်နှံခြင်းဟာ ယုဒရဲ့ စိတ်ကို ဓါးနဲ့ ထိုးသလို ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ယု၏နဲ့ လူအုပ်ကြီးဟာ ဘုရား ဘုန်းတော်ကို ထိတ်လန့်ပြီး နောက်ပြန် လဲကျသွားတယ်။ ဖမ်းဖို့၊ ဆီးဖို့ လက်နက်တွေ အစုံပါတယ်။ အခု သူတို့နားကို ချဉ်းကပ် လာသူက အပြစ်ဖြေရာ နေ့မှာ ယဇ်ပုရောဟိတ်မင်း နဲ့ ကြီးမြတ်သူအဖြစ် ရောက်လာပြီး “မင်းတို့ လိုချင်တဲ့ သူဟာ ငါပဲ” လို့ ပြောတယ်။ သူတို့ မြေပေါ်မှာ လဲကျသွားတယ်။ ဒါပေမယ့် သခင်ယေရှုက သူတို့ရှေ့မှာ ဆက်ပြီး ရပ်နေပါတယ်။ ယောဟန် ၁၈း ၇-၉ သခင်ယေရှုက ရန်သူတွေ သူ့ဘက်ကိုသာ အာရုံစိုက်အောင် လုပ်လိုက်တယ်။ တချို့က တပည့်တော် တွေကို ဖမ်းဖို့ ထွက်လာတယ်။ ဒါပေမယ့် သခင်ယေရှုက ရန်သူကို ရဲရဲရင်ဆိုင်ပြီး သူတို့ကို ကာကွယ်ပေးတယ်။ သိုးတို့အတွက် အသက်ပေးတဲ့ ကောင်းသော သိုးထိန်း ဖြစ်တယ်။ တပည့်တော်တွေကို ဒီအတိုင်း လွှတ်ပေးဖို့ စစ်သူရဲတွေကို ပြောတယ်။ သူ့ရဲ့ဘုန်းတော်ကြောင့် စစ်သူရဲတွေဟာ အမိန့်စကားကို နားထောင်ရတယ်။ “ငါက အဲဒီလူပဲ” လို့ ပြောတယ်။ အရင်က ငါသည် အသက်မုန့် ဖြစ်၏။ ဤလောက၏ အလင်း ဖြစ်၏။ ငါသည် မှန်သောတံခါး ဖြစ်၏။ ကောင်းသော သိုးထိန်း ဖြစ်၏။ လမ်းခရီး သမ္မာတရား အသက်လည်း ဖြစ်၏။ ခန့်ထားသော ကယ်တင်ရှင် ဖြစ်၏။ လူ့ဇာတိကို ခံသော ဘုရားသခင် ဖြစ်၏ လို့ ဆိုတဲ့ စကားလိုပဲ ငါဟာ ထိုသူ ဖြစ်တယ်လို့ ဆက်ပြောတယ်။ ယေရှု ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပါယ်က ဘုရားသခင် ကယ်တင် မစတယ်လို့ ဆိုလိုတယ်။ ဘုရားရဲ့ မစခြင်းကို ဂျူးတွေ ငြင်းပယ်တယ်။ နိမ့်ကျတဲ့ နာဇရက် မြို့သားကို မေရှိယအဖြစ် လက်မခံကြဘူး။ ယောဟန် ၁၈း ၁၀- ၁၁ သခင်ယေရှု စကားကို ပေတရုနားမလည်ဘူး။ ကိုယ့်စကား ကိုလည်း ဆင်ခြင် မပြောဘူး။ ပေတရု အိပ်ပျော်နေတယ်။ နိုးလာတဲ့ အခါလည်း အိပ်ချင်မူးတူးပဲ ရှိသေးတယ်။ စစ်သားတွေကို မြင်တဲ့အခါ ဒေါသ ထွက်လာတယ်။ ဓါးကို ဆွဲထုတ် လိုက်တယ်။ ဓါးက သခင်ယေရှု သူ့ကို ကိုင်ခွင့် ပေးထားတဲ့ ဓါး ဖြစ်တယ်။ ဓါးကို မြှောက်ပြီး ယဇ်ပုရောဟိတ်မင်းရဲ့ အစေခံ ကျွန်တယောက်ကို သခင်ဘုရား ခွင်ြ့ပုချက် မရှိပဲ ခုတ်လိုက်တယ်။ အစေခံကျွန်ရဲ့ နား ပြတ်သွားတယ်။ ဒီ အကြောင်းအရာကို ပေတရုသေပြီး အတော်ကြာတဲ့ အခါမှ ယောဟန်က အခုလို ပြောပြတာ ဖြစ်တယ်။ ယောဟန်က သခင်ယေရှုက သူ့ရဲ့ တပည့်တော်ကို ဓါး ပြန်သိမ်းဖို့ အကြောင်း ပြောတဲ့ အမိန့်ကို အဓိကထား ရေးတယ်။ အသွေး မသွန်းဖို့ ဖြစ်တယ်။ တခြား တပည့်တော် တွေလည်း အဖမ်းမခံရဖို့ ဖြစ်တယ်။ အဲဒီနောက် သခင်ယေရှုဟာ ဘုရားသခင် စီရင်တဲ့ အမျက်တော် ခွက်ကို သူသောက်ရမယ့် အကြောင်း ပြောတယ်။ ဒီကျမ်းချက်တွေ အရ အဖမ်းမခံရခင် စိတ်ဝိညာဉ် လွန်ဆွဲနေတာကို တွေ့ရတယ်။ သခင်ယေရှုဟာ လူသားတွေ အတွက် အပြစ် စီရင်ခြင်းနဲ့ အမျက်တော်ကို ခံစားဖို့ အသင့် ရှိခဲ့တာ တွေ့ရတယ်။ ဒီခွက်ဟာ ခမည်းတော်ရဲ့ လက်မှ တိုက်ရိုက် လာတယ်။ သူ အချစ်ဆုံး ခမည်းတော်ထံမှ အခါးဆုံးကို ခံယူရခြင်း ဖြစ်တယ်။ ချစ်ခြင်း မေတ္တာမရှိရင် ဒီဒုက္ခကို ခံယူဖို့ မလွယ်ဘူး။ ခမည်းတော်နဲ့ သားတော်ဟာ လူတွေကို ကယ်မယ့် ရွေးနှုတ်ခြင်းမှာ အတူ ပါဝင်ကြတယ်။ ခမည်းတော်ဟာ တပါးတည်းသော သားတော်ကို စွန့်သည့် တိုင်အောင် လောကီသား တို့ကို သိပ်ချစ်ခဲ့တယ်။ ဆုတောင်း လူ့ဥာဏ်ဖြင့် မမှီနိုင်သော ကိုယ်တော့ မေတ္တာကြောင့် ကိုယ်တော့ကို ဝတ်ပြု ကိုးကွယ်ပါ၏။ သားတော်ကို ပေးခဲ့ပါ၏။ သားတော်လည်း အသေခံ ပေးပါ၏။ ဥယျာဉ်ထဲမှ ထွက်မပြေးပဲ တပည့်တော် တို့အတွက် ကာကွယ် ပေးခဲ့ပါ၏။ ရန်သူတို့ ရှေ့မှာ ကိုယ်ကို အပ်နှံပါ၏။ ကိုယ့်အလိုကို ငြင်းဆန်လျှက် ချစ်သနားခြင်း ဖြောင့်မတ်ခြင်း အတွက် ကျေးဇူးတင်ပါ၏။ မေးခွန်း ၁၁၀
QUIZ - 6ချစ်သော ဓမ္မမိတ်ဆွေ
မိတ်ဆွေ ရဲ့နာမည်နဲ့လိပ်စာအပြည့်အစုံကိုဒီအမေးအဖြေ စာရွက်ထဲမှာပဲ ဖြည့်ပေးပါ။ ဒီအောက်ပါ လိပ်စာအတိုင်းပို့ပေးပါ။ Waters of Life Internet: www.waters-of-life.net |