Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 091 (Abiding in Christ)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
D - ဂေသရှေမန်သို့ အသွား နှုတ်ဆက်ခြင်း (ယောဟန် ၁၅း ၁- ၁၆း ၃၃)

1. ခရစ်တော်၌တည်နေလျှင် အသီးများစွာသီး၏။ (ယောဟန် ၁၅း ၁- ၈)


ယောဟန် ၁၅း ၅
၅ “ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏။ ထိုသူသည် များစွာသောအသီးကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။”

သခင်ယေရှုက ယုံကြည်သူကို ကြီးမြတ်တဲ့ အခွင့်အရေး ပေးထားတယ်။ ကိုယ်တော်နဲ့ ချိတ်ဆက်ထားတဲ့ အကိုင်းအခက်များ ဖြစ်စေတယ်။ ယုံကြည်သူအထဲမှာ ဝိညာဉ်အသက်ကို ဖန်ဆင်းခဲ့တယ်။ စပျစ်ပင်မှာ အခက်သစ်လေးတွေ ထွက်လာတယ်။ ပြီးရင် သန်မာထွားကျိုင်းလာတယ်။ ဒီလိုပဲ ယုံကြည်သူဟာလည်း စုံစမ်း နှောက်ယှက်ခြင်းတွေကြားမှာ ကြီးထွားလာတယ်။ ခရစ်ယာန်တွေရဲ့ စိတ်သဘောဟာ သခင်ယေရှုထံမှ ရတယ်။ ယုံကြည်ခြင်းအားဖြင့် စိတ်ထားကောင်းလာရုံသာမဟုတ်ပဲ ကျေးဇူးတော်တပါးမှ တပါး ထပ်ဆင့်ခံစားရတယ်။ သခင်ယေရှု၌ တည်နေဖို့လိုတယ်။

In Him ကိုယ်တော်၌ဆိုတဲ့ စကားကို ရှင်ယောဟန်ခရစ်ဝင်ကျမ်းထဲမှာ အကြိမ် ၁၇၅ ကြိမ်လောက် ထူးထူးခြားခြား တွေ့ရတယ်။ ဒီစကားနဲ့အတူ in us ငါတို့အထဲ၌ဆိုတဲ့ စကားလည်း အကြိမ်နည်းသော်လည်း တွဲပါလေ့ရှိတယ်။ ယုံကြည်သူတိုင်းဟာ ခရစ်တော်နဲ့တွဲပြီး ပဋိညာဉ်တရားသစ် အောက်မှာရှိတယ်။ ဒီမိတ်ဆွေဖွဲ့မှုဟာ သခင်ယေရှုနဲ့ အမြဲတမ်း ခိုင်မာစေတယ်။

ယုံကြည်တာနဲ့ ပင်ကိုယ်သဘာဝ ပျောက်ဆုံးသွားတာ မဟုတ်ဘူးလို့ သခင်ဘုရားက အာမခံချက်ပေးတယ်။ ကိုယ့်ရဲ့အလိုဆန္ဒတွေကို အားအင်အသစ်ပေးတယ်။ အသက်တာကို ဝိညာဉ်တော်နဲ့ ပြည့်စေတယ်။ ခရစ်တော်က ယုံကြည်သူကို ရင့်ကျက်လာစေလိုတယ်။ သူ့ပုံစံတော်နဲ့အညီ ပုံသွင်းပြုပြင်တယ်။ ဘုရားရဲ့ တတ်နိုင်ခြင်းနဲ့ ဂုဏ်တော်တွေဟာ ယုံကြည်သူရဲ့ ရင်ထဲကို ဝင်ရောက်လာတယ်။ ဒါဆို လူ့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်ခြင်းက ဘာလုပ်ပေးသလဲ။

ဘုရားသားတော်နဲ့ လူတွေရဲ့ မိတ်ဆွေဖွဲ့ခြင်းမှာ အဓိကက ဘာလဲ။ ခရစ်တော်က လက်ဝါးကပ်တိုင်မှာ ဘာလို့ အသေခံလဲ။ ယုံကြည်သူရဲ့ စိတ်ထဲမှာ ဝိညာဉ်တော်ကို ဘာလို့ သွန်းလောင်းရသလဲ။ ဘုရားသခင်က သင့်ထံက ဘာလိုချင်သလဲ။ သင့်အပေါ်မှာ တင်ထားတဲ့ ဝိညာဉ်အသီးအပွင့်တွေဟာ ဘုရားထံမှ လာတယ်။ ဝိညာဉ်ဆုကျေးဇူးတွေက ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ သည်းခံခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်း ကိုယ်ကိုကိုယ် ထိန်းချုပ်ခြင်းတို့ ဖြစ်တယ်။

ကိုယ်မှာ ဒီလိုအရည်အသွေးတွေရလာဖို့ လုပ်ယူလို့ မရဘူးလို့ အရင် သိထားရမမယ်။ ကိုယ့်အခြေအနကို ကိုယ့်ဟာကိုယ် ပြုပြင်လို့မရဘူး။ ဆုတောင်းခြင်း ယုံကြည်ခြင်း ချစ်ခြင်းအားဖြင့်သာ ဖြစ်တယ်။ သခင်ယေရှု တပါးတည်းထံမှ ရရှိတဲ့အသက်တာကို ယုံကြည်သူက ဝမ်းမြောက်နေရမယ်။ ဝိညာဉ်သားသမီးဖြစ်ရခွင့် ဘုရားသားသမီး ဖြစ်ရခွင့် ကျိန်းဝပ်ခြင်းအတွက် ကျေးဇူးတင်ရမယ်။ အစွမ်းအစအားလုံးနဲ့ လုပ်ဆောင်မှုအားလုံးဟာ ဘုရားသခင်ရဲ့ ဆုကျေးဇူးတွေသာ ဖြစ်တယ်။ ကိုယ်တော်မပါဘဲ ဘာမှ လုပ်ဆောင်လို့မရဘူး။

ယောဟန် ၁၅း ၆
၆ “ငါ၌မတည်သောသူသည် သွေ့ခြောက်သော အခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကို ခံရ၏။ ထိုသို့သော အခက်များကို လူတို့သည် စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသခြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။”

ခရစ်တော်၌ တည်နေဖို့ လိုတယ်။ တဖက်ကလည်း ဝိညာဉ်သဘောရှိခြင်းနဲ့ ခရစ်တော်၌ တည်ခြင်းဟာ ဆုကျေးဇူးများသာ ဖြစ်တယ်။ တခြားတဖက်မှာ ခရစ်တော်နဲ့ ခွါနေခြင်းဟာ ကိုယ့်ကိုကိုယ် သေကြောင်း ကြံစည်တာနဲ့ တူနေတယ်။ ဒီလိုခွါနေသူဟာ စိတ်နှလုံး မာကြောလာပြီး ဘုရားသခင်ရဲ့ အမျက်တော်မီးထဲမှာ ပစ်ချခံရမယ်။ ခရစ်တော်ကို စွန့်ပစ်သူတွေကို ကောင်းကင်တမန်တွေက အချိန်တန်တဲ့အခါ စုသိမ်းပြီး ပြင်ရပ်မှောင်မိုက်ထဲကို လွှင့်ပစ်လိုက်မယ်။ သူတို့ရဲ့ အသိစိတ်က ဘယ်တော့မှ အနားမရဘဲ ဝေဒနာခံစားနေရမယ်။ ထာဝရ ကာလတလျှောက်လုံး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဝေးကွာနေရမယ်။ ဘုရားသခင်ရဲ့ မေတ္တာနဲ့ သူတို့ကို စောင့်ထိန်းတာကိုလည်း နားလည်လာမယ်။ သူတို့ ဘုရားကို စွန့်ပစ်တဲ့အခါ ကယ်တင်ရှင်ကို စွန့်ပစ်တယ်။ အဲဒီမှာ ထာဝရကာလလုံး မီးထဲ ပစ်ချခံရမှာ ဖြစ်တယ်။

ယောဟန် ၁၅း ၇
သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင် သင်တို့သည် တောင်းချင်သမျှကို တောင်း၍ ရကြလိမ့်မည်။

ခရစ်တော်၌ တည်နေသူဟာ ခရစ်တော်၌ စိတ်ဝင်စားစွာ အသက်ရှင်တယ်။ အိမ်ထောင်ရှင်တွေဟာ တယောက်နဲ့တယောက် အတွေးတွေ စိတ်ဝင်စားမှုတွေကို သိလာတယ်။ ခရစ်တော်ကို ချစ်တဲ့သူဟာ အလိုတော်ကို သိလာပြီး သူ့အလိုတော်အတိုင်း တည်လာနိုင်တယ်။ ကျမ်းစာကို နေ့တိုင်းဖတ်ရှု ဆင်ခြင်တဲ့အခါ ခရစ်တော်ရဲ့ အလိုဆန္ဒ၊ ကောင်းတဲ့အရာတွေနဲ့ အသက်တာမှာ ပြည့်လာမယ်၊ လူရဲ့ အတွင်းစိတ်ခံစားချက်တွေကလည်း ခရစ်တော်စကားနဲ့ ပြည့်ဝလာမယ်။

ဒီအခါမှာ ကိုယ့်ရဲ့ အလိုဆန္ဒနဲ့ ဆုတောင်းတာ မဟုတ်ဘဲ ဘုရားနိုင်ငံ တိုးတက်ဖို့သာ စိတ်အားသန် လာတော့မယ်။ ဝိညာဉ်ရေးရာ လွန်ဆွဲမှုတွေအတွက်လည်း တာဝန်ကျေကျေ ဆုတောင်းတတ်သူတွေ ဖြစ်လာမယ်။ စိတ်နှလုံးကလည်း ဘုရားကျေးဇူးတော်တွေ မြင်ပြီး ချီးမွမ်းတတ်လာမယ်။ လူ့ရဲ့အခက်အခဲ လိုအပ်မှု ဒုက္ခတွေကို သိမြင်တဲ့ ဘုရားသခင်အပေါ်မှာ ကိုယ့်ရဲ့အမှုအရာတွေကို အပ်ထားလာလိမ့်မယ်။ ဝိညာဉ်တော်ကလည်း ဒီလို သိမြင်လာဖို့ မစမယ်။ ယုံကြည်သူရဲ့ ဆုတောင်းချက်အတိုင်း သခင်ယေရှုက လုပ်ဆောင်ပေးတယ်။ သူ့ရဲ့ လုပ်ဆောင်မှုတွေကို ယုံကြည်သူတွေ ဝေမျှလုပ်ဆောင်ခွင့် ပြုတယ်။ မိတ်ဆွေ သင်ဆုတောင်းပါသလား။ ဘယ်လို တောင်းသလဲ။ သန့်ရှင်းသော ဝိညာဉ်တော်၌ တောင်းပါသလား။ ဘုရားအမှုတော်မှာ စိတ်ဝင်စားစရာ အချက်တွေ အများကြီးရှိတယ်။ တချက်က သင့်ကို သန့်ရှင်းစေချင်တယ်။ နောက်တချက်က လူသားအားလုံးကို ကယ်တင်ချင်တယ်။ ပြီးတော့ သမ္မာတရားကို သိလာစေချင်တယ်။ နှိမ့်ချစွာ အသက်ရှင်လာတဲ့အခါ ဘုရားနာမတော်က လူကို သန့်ရှင်းစေတယ်။ နှလုံးသားထဲကို ဝိညာဉ်တော် သွန်းလောင်းဖို့ ဆုတောင်းပါ။ အသီးများစွာ သီးလာမယ်။ ကောင်းကင်ဘုံရှင် ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ရှားပြီး ခရစ်တော်က သင့်ကို လမ်းပြမယ်။

ယောဟန် ၁၅း ၈
၈ “သင်တို့သည် များစွာသောအသီးကို သီးသောအားဖြင့် ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။”

ခရစ်တော်က အသီးအများကြီး သီးစေချင်တယ်။ အသက်တာ နည်းနည်းလေး သန့်ရှင်းရုံ ဝိညာဉ် နည်းနည်းလေးရရုံ ကျေးဇူးတော်သိရုံလောက်နဲ့ မကျေနပ်ဘူး။ အဲဒီလောက်နဲ့ မဟုတ်သေးဘူး။ အသက်တာကို သန့်ရှင်းစေခြင်တယ်။ ခမည်းတော် စုံလင်သလို စုံလင်စေချင်တယ်။ လူသားအားလုံး ကယ်တင်ခြင်းရစေချင်တယ်။ ကိုယ့်ကိုကိုယ် ကျေနပ်မနေပါနဲ့။

ဆုတောင်း သခင်ယေရှုဘုရား ကိုယ်တော်ကိုချစ်ပါ၏။ ကိုယ်တော့် ယုံကြည်သူအဖြစ် လက်ခံဖို့ ရှက်ကြောက်ခြင်း မရှိသည့်အတွက် ကျေးဇူးတင်ပါ၏။ တခြားသူများ ပြောင်းလဲလာဖို့ ဆုတောင်းပါ၏။ သူတို့နာမည်များကို တဦးချင်း ဆုတောင်း ဖေါ်ပြပါ၏။ ကိုယ်တော့် ကားတိုင်အားဖြင့် ကယ်တင်မယ်လို့ ယုံကြည်ပါ၏။ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်ခြင်းအားဖြင့် သူတို့ ကယ်တင်ခြင်းရမည်ဟု သေချာပါ၏။ ကိုယ်တော့နာမတော်သည် ဝိညာဉ်တော်အားဖြင့် ဘုန်းထင်ရှားပါစေသော ကိုယ်တော်မပါဘဲ ဘာမှမတတ်နိုင်ပါ။

မေးခွန်း ၉၅

  1. ကျွန်ုပ်တို့အထဲ၌ ခရစ်တော် ဘာကြောင့်ရှိရသနည်း။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:57 AM | powered by PmWiki (pmwiki-2.3.3)