Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 088 (The Holy Trinity descends on believers)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
C - အထက်ခန်းမထဲမှာ နောက်ဆုံးစကားပြောခြင်း (ယောဟန် ၁၄း ၁- ၃၁)

2. သုံးပါးတဆူဘုရားသခင်ဟာ နှစ်သိမ့်ပေးသူ ဝိညာဉ်တော်အားဖြင့် ယုံကြည်သူအပေါ်မှာ သက်ရောက်တယ်။ (ယောဟန် ၁၄း ၁၂- ၂၅)


ယောဟန် ၁၄း ၂၁
ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အား ကိုယ်တိုင် ထင်ရှားမည်ဟု မိန့်တော်မူ၏။

ကောင်းကြီးမင်္ဂလာနဲ့ ကျေးဇူးတော်တွေဟာ သခင်ယေရှုခရစ်မှ အသင်းတော် တလျှောက်လုံးကို စီးဆင်းနေတယ်။ ယုံကြည်သူအားလုံးဟာ ကျေးဇူးတရားနဲ့ ကြွယ်ဝပြီး ကျေးဇူးတော် ပင်လယ်ကြီးလို ပြည့်လျှံနေတယ်။ သခင်ယေရှုဟာ ရန်သူတွေရှေ့မှာ သူဟာ မေရှိယ ဘုရားသခင်ရဲ့ သားတော်လို့ ပြောပြီး ရပ်တည်ခဲ့တယ်။ ဒါပေမယ့် တပည့်တော်တွေကိုတော့ သူ့ရဲ့နောက်ဆုံးအချိန်မှာ ခမည်းတော်ဘုရားနဲ့ တလုံးတဝတည်း ဖြစ်ကြောင်း ဖေါ်ပြတယ်။ ဒါကြောင့် ခရစ်တော်ရဲ့ဘုရားဇာတိပြည့်စုံခြင်းတွေ ခံစားရဖို့ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးတံခါးတွေကို ဘုရားသခင် ဖွင့်ပေးပါစေ။ တပည့်တော်တွေက သခင်ယေရှုကို ချစ်တဲ့စိတ်ဟာ စိတ်စေတနာ ထားရုံမျှသာ မဟုတ်။ သူ့စကားကို နားထောင်ခြင်းအပေါ်မှာ တည်ဆောက်တယ်။ လက်တွေ့ကျင့်သုံးတယ်လို့ ဆိုတယ်။ ဇာတိလူဟာ ခရစ်တော်ရဲ့ မေတ္တာနဲ့ ပေးတဲ့အကြံကို နားမလည်ဘူး၊ ခရစ်တော်က ကောင်းကင် ရတနာတွေကို ဖွင့်ပြပြီး ပျောက်ဆုံးသောသူတွေနဲ့ တည်ဆောက်ဖို့လိုနေတဲ့ ညီအကိုထံတွေကို စေလွှတ်တယ်။ ဘုရားရဲ့ အကြံအစည်တွေကို နားလည်နိုင်စွမ်းရှိအောင် မစတယ်။ ခရစ်တော်ရဲ့ ပညတ်တော်ဟာ လေးလံခြင်း မရှိဘူး။ ဝိညာဉ်တော်ရဲ့ ဝမ်းမြောက်ခြင်းကို ခံစားရတဲ့အတွက် စိတ်ပျက်နိုင်စရာလည်း မရှိဘူး။ ကိုယ်ကျူးလွန်တဲ့ အမှားတွေကို ဝန်ခံဖို့ ဝိညာဉ်တော်က နှိုးဆော်တယ်။ ပညတ်တော်တွေကို စောင့်ထိန်းဖို့ ခွန်အားနဲ့ ပြည့်စေပြီး ချစ်တော်မူရာမှာ အဆုံးတိုင်အောင် ချစ်တော်မူတယ်။ ယုံကြည်သူကလည်း ကိုယ်တော့ကို ပြန်ချစ်ပြီး ဝိညာဉ်သဘောနဲ့ အသက်ရှင်လာတယ်။

သခင်ယေရှုကို ချစ်သလား၊ ချစ်တယ်လို့ အားရပါးရ ချက်ချင်း မဖြေပါနဲ့။ မချစ်ဘူးလို့လည်း စိတ်ရှုပ်ထွေးစွာ မဖြေပါနဲ့။ ဒုတိယအကြိမ် မွေးထားတဲ့ ဘုရားသားဆိုရင် ဝိညာဉ်တော်အားဖြင့် ဟုတ်ကဲ့၊ သခင်ယေရှုကို ချစ်ပါတယ်၊ ကိုယ်တော့်ရဲ့ ကောင်းမြတ်ခြင်း၊ သိမ်မွေ့ခြင်း၊ နူးညံ့ဆက်ကပ်ခြင်း၊ သည်းခံခြင်းတွေအတွက် ချစ်ပါတယ်။ သူတပါးကို ချစ်နိုင်တဲ့ အစွမ်းလည်း စိတ်နှလုံးသားအသစ်ကို ဖန်ဆင်းပေးတယ်လို့ ပြောနိုင်မှာပါ။ ဒီစကားကို စိတ်နှလုံးထဲမှာ ဝိညာဉ်တော် နှိုးဆော်ပြီး ပြောတဲ့အခါ အချည်းနှီး မြှော်လင့်ခြင်း မဟုတ်။ ကလေးကလားဆန်ခြင်း မဟုတ်။ ချစ်ခြင်းကို ထုတ်ဖော်ခြင်း ဖြစ်တယ်။ ဘုရားသားသမီးတွေထဲမှာ ချစ်တတ်တဲ့ စိတ်သဘောမျိုး ဘုရားသခင် ဖန်ဆင်းပေးတယ်။ ကျေးဇူးတော်အားဖြင့် ချစ်တတ်စေတယ်။

သခင်ယေရှုကို ချစ်တဲ့သူကို ဘုရားသခင် ချစ်တယ်။ ခမည်းတော်က လောကီသားတွေကို ကယ်တင်ဖို့ သားတော်အပေါ်မှာ တန်ခိုးနဲ့ သနားခြင်းရှိသမျှကို ပေးထားတယ်။ သခင်ယေရှုကို လက်ခံရင် ဘုရားသခင်ကို လက်ခံတယ်။ သားတော်ကို ငြင်းပယ်ရင် ဘုရားသခင်ကို ငြင်းပယ်တယ်။ ဘုရားသခင်က ခေါ်နေတယ် ငါချစ်သောသူလို့ ခေါ်တယ်။ ခရစ်တော်ရဲ့ ဝိညာဉ်က ပြောင်းလဲစေတဲ့အခါ ချစ်တတ်တဲ့သူ ဖြစ်လာတယ်။ ကိုယ့်သဘောနဲ့တော့ မကောင်းဘူး။ ဒါပေမယ့် ဘုရားသခင်က အသစ်သောစိတ် ချစ်တတ်သော စိတ်သဘောကို ဖန်ဆင်းပေးတယ်။ ခရစ်တော်က ခမည်းတော် ဘုရားသခင်ရှေ့မှာ သင့်အတွက် ဆုတောင်း ကူညီတယ်။ ထာဝရကာလ တလျှောက်လုံး စောင့်ထိန်းပေးတယ်။ ဝိညာဉ်ရေး စောင့်ရှောက်မှုကို ရစေတယ်။ ကယ်တင်ရှင်ကို သိကျွမ်းလာတဲ့အခါ နာခံခြင်စိတ် ချစ်တဲ့စိတ် ဆက်ကပ်လိုစိတ် ကိုယ့်အလိုကို ငြင်းပယ်လို စိတ်တွေလည်း ဖြစ်ပေါ်လာစေတယ်။

ယောဟန် ၁၄း ၂၂-၂၅
၂၂ “ယုဒရှကာရုတ်မဟုတ် အခြားသော ယုဒက သခင် ကိုယ်တော်သည် လောကီသားတို့အား မထင်ရှားဘဲ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှာက်၏။ ၂၃ ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကို ချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။ ၂၄ ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်သင်တို့ကြားသောစကားသည် ငါ့စကားကိုမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏စကားတော်ဖြစ်၏။ ၂၅ ငါသည် သင်တို့နှင့်အတူရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ။”

သခင်ယေရှုမှာ ယုဒရှကာရုတ်မဟုတ်ဘဲ ယုဒလို့ခေါ်တဲ့ တခြားတပည့်တော်တယောက် ရှိတယ်။ သူက သစ္စာဖောက်သူထွက်သွားပြီးနောက် သခင်ယေရှုလည်း ထွက်သွားရတော့မယ်လို့ ရိပ်မိတယ်။ အခြေအနေဆိုးတွေ ဝင်ရောက်လာတော့မယ်လို့ သံသယရှိနေတယ်။

သူ့မေးခွန်းကို သခင်ယေရှုက တိုက်ရိုက်မဖြေဘဲ လောကီသားတွေအတွက် သူဟာ အသေခံဖို့ လိုသလို အသင်းတော်ရဲ့ အဓိကအချက်ကိုလည်း ပြောပြတယ်။ ဘုရားသခင်ကို သိကျွမ်းနိုင်မယ့် အဆင့်တွေကိုလည်း ပြောပြတယ်။ သခင်ယေရှုကို သိခြင်း လက်ခံခြင်းဟာ သူ့အပေါ်မှာ စိတ်နှလုံးကိုဖွင့်ပြပြီး သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အသက်တာသစ် ဖြစ်လာစေတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ခံစားပြီး ဘုရားစကားကို နားထာင်လာစေတယ်။ အဲဒီနောက် သခင်ယေရှုဟာ စိတ်လှုပ်ရှားစရာ စကားတခွန်းကို ပြောတယ်။ ငါတို့ဟာ ယုံကြည်သူထံကို ကြွလာပြီး အဲဒီမှာ ကျိန်းဝပ်ရာအရပ် ဖြစ်စေမယ်လို့ ဆိုတယ်။ ဒီနေရာမှာ အသင်းတော်အကြောင်း ပြောတာမဟုတ်ဘဲ ယုံကြည်သူတဦးချင်းစီကို ပြောတယ်။ သုံးပါးတဆူ ဘုရားသခင်ဟာ ယုံကြည်သူထံ ကြွလာပြီး သူ့အထဲမှာ တည်နေတယ်။ ဝိညာဉ်တော် သားတော် ခမည်းတော် ထိတွေ့လာတဲ့အခါ နှလုံးသားမှာ ဒီစကားရဲ့ အဓိပ္ပါယ် ဖြစ်ပ်ါလာတယ်။ ကယ်တင်ခြင်းရတဲ့အခါ လူဟာ ဘုရားသခင်နဲ့ နီးလာပြီး ဘုရားကလည်း သူ့ကို ကွယ်ကာ စောင့်ရှောက်တယ်။ သခင်ယေရှုကို ယုံကြည်သူတိုင်းဟာ ဒီအံ့ဩဖွယ်ဖြစ်ရပ်ကို တွေ့ကြုံခံစားရတယ်။

ဆုတောင်း သုံးပါးတဆူဖြစ်တော်မူသော ခမည်းတော် သားတော် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်ပါ၏။ ကျေးဇူးချီးမွမ်းပါ၏။ ကိုယ်တော်သည် ကျွန်ုပ်ထံသို့ ကြွချီလျက် အထဲမှာ ကျိန်းဝပ်ပေးပါ၏။ အပြစ်များကို ခွင့်လွှတ်ပေးတော်မူပါ။ ချစ်တတ်စေသောကြောင့် ကျေးဇူးတင်ပါ၏။ ချစ်တတ်သော စိတ်သဘောကို စိတ်နှလုံးထဲမှာ သွတ်သွင်းပေးပါ၏။ ကိုယ်တော့နာမတော်၌ တည်နေစေတော်မူပါ။

မေးခွန်း ၉၂

  1. ခရစ်တော်ကိုချစ်တဲ့စိတ် ဘယ်လိုတိုးပွါးနိုင်သလဲ။ သန့်ရှင်းသော ဝိညာဉ်တော်က အထဲမှာ ဘယ်လိုကျိန်းဝပ်နိုင်သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:56 AM | powered by PmWiki (pmwiki-2.3.3)