Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 086 (The Holy Trinity descends on believers)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
C - အထက်ခန်းမထဲမှာ နောက်ဆုံးစကားပြောခြင်း (ယောဟန် ၁၄း ၁- ၃၁)

2. သုံးပါးတဆူဘုရားသခင်ဟာ နှစ်သိမ့်ပေးသူ ဝိညာဉ်တော်အားဖြင့် ယုံကြည်သူအပေါ်မှာ သက်ရောက်တယ်။ (ယောဟန် ၁၄း ၁၂- ၂၅)


ယောဟန် ၁၄း၁၂
၁၂ “ငါအမှန်အကန်ဆိုသည်ကား ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုတို့ထက်သာ၍ ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့သွား၍”

ဘုရားသခင်ကို သိကျွမ်းခြင်းဟာ အတွေးအခေါ် သို့မဟုတ် ဆင်ခြင်တုံတရားမျှသာ မဟုတ်ဘူး။ လူ့ဦးနှောက်နဲ့ လိုက်မမီဘူး။ ဘုရားသခင်ရဲ့ ချစ်ခြင်း သားတော်ရဲ့ ကယ်တင်ခြင်းအကြောင်း ဖြစ်တယ်။ ဘုရားအစေခံဖို့ လွတ်လပ်ခွင့်ပေးလိုက်တယ်။ ခရစ်တော်က တပည့်တော်တွေကို ပညတ်သစ်ပေးတယ်။ ဆုတောင်းခြင်း အလုပ်လုပ်ပြီး အသက်တာမှာ လက်တွေ့ကျင့်သုံးပါလို့ ပညတ်ပေးတယ်။ တပည့်တော်တွေက ကွယ်ကာမစဖို့ သခင်ယေရှုကို တောင်းဆိုတယ်။ သခင်ယေရှု ထွက်ခွါသွားရတော့မယ်လို့ သူတို့နားလည်တဲ့အခါ ဘုရားသခင်အကြောင်းကို တိုးသိဖို့လည်း တောင်းဆိုတယ်။ ဒါပေမယ့် ခရစ်တော်က သူတို့ကို ခမည်းတော်၌ တည်စေတယ်။ ဒါမှသာလျှင် လောကီသားတွေကို ဧဝံဂေလိလုပ်နိုင်မှာ ဖြစ်တယ်။

သူတို့ကို ယာယီအခိုက်အတန့်လေး ဂရုစိုက်တာမျိုးမဟုတ်ပဲ ဘုရားအမှုတော်တွက် ပြင်ဆင်တယ်။ ခမည်းတော်နဲ့သားတ်ာကို သိခြင်းဟာ အတ္တစိတ်ကို ဖယ်ရှားပေးတယ်။ နှိမ့်ချစွာ အမှုတော်ဆောင်စေတယ်။ သခင်ယေရှုက ငါ့အလုပ်ကို ယုံကြည်တဲ့သူဟာ အပြောမျှသာ မဟုတ်၊ ဆက်ကပ်ပြီး လုပ်ဆောင်လိမ့်မယ်လို့ ဆိုတယ်။ ယုံကြည်သူဟာ ကိုယ့်အလိုကိုငြင်းပယ်ပြီး ခရစ်တော်ကို ဘုန်းထင်ရှားစေတယ်။ သေခြင်းမှ ရှင်ပြန် ထမြာက်ပြီး ကောင်းကင်က ကောင်းကြီးမင်္ဂလာတွေကို ရရှိတဲ့ သားတော်ကို ယုံကြည်တယ်။ တမန်တော်တွေဟာ ဒီယုံကြည်ခြင်းမျိုးနဲ့ပဲ အနာရောဂါငြိမ်းခြင်း၊ အပြစ်ခွင့်လွှတ်ခြင်း၊ သေတဲ့သူကို ပြန်ထမြောက်စေခြင်းတွေကို ဝိညာဉ်တော်တန်ခိုးအားဖြင့် လုပ်ဆောင်ကြတယ်။ သူတို့အလိုကို ငြင်းပယ်ရင် သူတို့အထဲမှာ ခရစ်တော် အသက်ရှင်တယ်။ ခရစ်တော်ကိုချစ်ပြီး အပြုအမူ အပြောအဆိုအားဖြင့် ခရစ်တော်ရဲ့ ဘုန်းတော်ထင်ရှားတယ်။

ဒီလိုသန့်ရှင်းစွာ အမှုတော်ဆောင်ခြင်းအပြင် ခရစ်တော်ရဲ့ မပြီးမပြတ်သေးတဲ့ မြေပေါ်က အလုပ်တွေကို ဆက်လုပ်ဖို့ စေလွှတ်တော်မူတယ်။ ကောင်းကင်တက်ပြီးတဲ့အခါမှာ သန့်ရှင်းသော ဝိညာဉ်တော်ကို စေလွှတ်ပေးပြီး သူတို့ ဟောပြောခြင်းအားဖြင့် လူများစွာ ကယ်တင်ခြင်းရကြတယ်။ ဘုရားသားသမီးတွေ များပြားစွာ မွေးဖွားလာပြီး နေအာရုဏ်တက်လို ပေါ်ထွက်လာတယ်။ ကားတိုင်မှာ အသေခံပြီး ခရစ်တော်အကြောင်းထက် ပိုကြီးမြတ်တဲ့ သက်သေခံချက် မရှိဘူး။ သူတို့သက်သေခံတာကို ယုံကြည်ခြင်းအားဖြင့် လူတွေ ကယ်တင်ခြင်း ရကြတယ်။ ခရစ်တော်ကို လက်ခံသူတွေအပေါ်မှာ သန့်ရှင်းသော ဝိညာဉ်တော် သက်ရောက်တယ်။ ဘုရားသားသမီး ဖြစ်စေတယ်။ သူတို့အသက်တာ တလျှောက်လုံးမှာ ဖြောင့်မတ်စွာနဲ့ ခမည်းတော် ဘုန်းတော်ထင်ရှားဖို့ ဖြစ်တယ်။

ယောဟန် ၁၄း ၁၃- ၁၄
၁၃ “သင်တို့သည် ငါ၏နာမကို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြာင်းမူကား ခမည်းတ်ာသည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြာင်းတည်း။ ၁၄ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစုံတခုသောဆုကိုတောင်းလျှင် တောင်းသည်အတိုင်း ငါပြုမည်။”

မိတ်ဆွေ သင်ဆုတောင်းပါသလား။ ကိုယ့်အပြစ်နဲ့ စိုးရိမ်မှုတွေအတွက် ဆုတောင်းမှု အတိုင်းအတာ ဘယ်လာက်ရှိသလဲ။ တခြားသူတွေကို ကူညီမစဖို့နဲ့ ဆုတောင်းဖို့ အချိန်နည်းနည်းပဲ ယူသလား။ ဆုတောင်းရာမှာ အတ္တလွန်ကဲနေသလား။ ဘုရားနဲ့ ပျောက်ဆုံးဝိညာဉ်တွေကို ချစ်တဲ့စိတ် ပြည့်ဝနေသလား။

ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကြောင့် ဆုတောင်းခြင်းတွေဟာ ပြောင်းလဲသွားပြီး ရန်သူကိုပင်လျှင် ကောင်းကြီးပေးနိုင်သလား။ ခရစ်တော်ရဲ့ ကယ်တင်ခြင်းကြောင့် တခြားသူများကို ပြန်ကယ်တင်နိုင်ပြီလား။ သင့်ဆုတောင်းခြင်းဟာ သခင်ယေရှုရဲ့ ပဌနာတော်လိုဖြစ်ရဲ့လား။ လူတချို့ကိုမုန်းနေဆဲ၊ သူတို့အပြစ်အတွက် ခွင့်မလွှတ်နိုင်ဆဲပဲလား။

ခရစ်တော်နာမ၌ ဆုတောင်းရင် အသက်ရှင်ပြီး ဝိညာဉ်သဘောအတိုင်း တွေးလာမယ်။ အလိုတော်နဲ့အညီ နှလုံးသားကလည်း မေတ္တာအတွေးတွေ တွေးလာမယ်။ ကောင်းကင်က ကောင်းကြီးမင်္ဂလာနဲ့ တန်ခိုးတွေပေးမယ်လို့ ခရစ်တော်က ဂတိပေးထားတယ်။ ဒီဂတိတော်ကလည်း အလွန်ရှင်းပါတယ်။ ငါ့စကားကို လက်ခံရင် သင်တို့ ပြောင်းလဲသွားမယ်။ သင်တို့အထဲမှာ ငါ့တန်ခိုးထင်ရှားမယ်။ သင်တို့ယုံကြည်ခြင်း ဆုတောင်းခြင်းအားဖြင့် ပျက်စီးခြင်းထဲမှ လူများစွာကို ငါကယ်တင်မယ်။ ဝိညာဉ်တော်ဦးဆောင်တဲ့အတိုင်း မကြာခဏ ဆုတောင်းပြီး ယုံကြည်ခြင်းရှိရင် တိုက်ရိုက် ငါအဖြေပေးမယ်။

ချစ်သောညီအကို အဓိကသော့ချက်ကို ကျွန်တော်တို့လက်ထဲမှာ ပေးထားတဲ့အတွက် ကျေးဇူးတင်စရာ ကောင်းတယ်။ ဆုတောင်းခြင်းအားဖြင့် ကောင်းကင်ဘဏ္ဍာကို ဖွင့်ရမယ်။ သင်တို့နှင့် သင်တို့၏မိတ်ဆွေများကို ကောင်းကြီးမင်္ဂလာ ကယ်တင်ခြင်း ဥာဏ်ပညာရစေဖို့ ငါဆင်းသက်မည်။ သူတို့လည်း နောင်တရ၍ ဘုရားမစခြင်းကို ခံရမည်။ လူတွေလည်း အပြစ်ဘဝမှ လွတ်မြောက်ပြီး ဆုတောင်းခြင်းအားဖြင့် ဘုရားသားသမီးဖြစ်လာကြမယ်။ ဆုတောင်းတာကို ပင်ပန်းတယ်လို့ သဘောမထားပါနဲ့၊ သင့်ရဲ့ယုံကြည်ခြင်းဟာ လူများစွာ ကယ်တင်ခြင်းရဖို့ တန်ဆာပလာ ဖြစ်တယ်။ ဆုတောင်းရင်ရမယ်လို့ ယုံကြည်ပါ။ ဘုရားသခင် အဖြေမပေးခင်ကတည်းက ကျေးဇူးတင်ထားပါ။ တခြားသော ညီအကိုများလည်း ဆုတောင်းခြင်းမှာ ပါဝင်လာဖို့ ပြောပါ။ ဘုရားကို ချီးမွမ်း ကိုးကွယ်ဖို့လည်း ပင်ပန်းတယ်လို့လည်း သဘောမထားပါနဲ့။ ဘုရားသခင်က သင့်အပေါ်မှာ သန့်ရှင်းသော ဝိညာဉ်တော်ကို သွန်းလောင်းဖို့ ဆုတောင်းပါ။

ကိုယ့်ဆုတောင်းချက်ကို အဖြေမပေးဘူးလို့ခံစားနေရရင် နောင်တနဲ့အပြစ်ကိုဝန်ခံပါ။ ဆုတောင်းခြင်းနဲ့ အဆီးအတားတွေကို ချေဖျက်လိုက်ပါ။ ဘုရားသခင်က သန့်ရှင်းလာလိမ့်မယ်။ ကောင်းကင်က ကောင်းကြီး မင်္ဂလာတွေ ရလာခွင့် ပေးလိမ့်မယ်။ ယုံကြည်ခြင်းနဲ့ ဆုတောင်းတဲ့အခါ ခမည်းတော် သားတော် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဘုန်းကို ထင်ရှားစေခြင်း ဖြစ်တယ်။

ဆုတောင်း သခင်ယေရှုဘုရား ဝိညာဉ်တော်ရဲ့ အလိုတော်အတိုင်း ဆုတောင်းတတ်စေပါ။ ကိုယ့်အလိုကို အဓိကမထားဘဲ တခြားသောသူများကိုသာ အဓိကထားစေပါ။ ဆုတောင်းတတ်သောသူ ယုံကြည်သူများ ဖြစ်စေပါ။ တခြားသော ညီအကိုမောင်နှမများကို ကယ်တင်နိုင်စေပါ။ ကောင်းကင်မှာ ဆုကျေးဇူးများ ကြွယ်ဝစွာ သွန်းလောင်းတဲ့အတွက် ကိုယ်တော့ကို ကျေးဇူးတင်ပါတယ်။ ခမည်းတော်ရဲ့ နာမတော်ဟာ ဘုန်းထင်ရှားခြင်း ရှိပါစေသော။ ဝိညာဉ်သားသမီး များစွာ မွေးဖွားလာပါစေသော။ ကိုယ်တော့နာမတော်လည်း သန့်ရှင်းလျက် သားသမီးများ သန့်ရှင်းစွာ အသက်ရှင်ခြင်းအားဖြင့် ဘုန်းထင်ရှားပါစေသော။

မေးခွန်း ၉၀

  1. ဆုတောင်းရာမှာ အဖြေရဖို့ အခြေခံလိုအပ်ချက်တခုကို ပြောပြပါ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:56 AM | powered by PmWiki (pmwiki-2.3.3)