Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 037 (Christ raises the dead and judges the world)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
A - ယေရုရှလင်မြို့သို့ ဒုတိယခရီး (ယော ၅း ၁- ၄၇) အဓိကအချက်။ -- သခင်ယေရှုနှင့်  ဂျူးလူမျိုးများကြားမှာ မပြေလည်မှု ပေါ်ပေါက်လာခြင်း

3. ခရစ်တော်က လူသေကို ထမြောက်စေပြီး လောကီသားတွေကို တရားစီရင်တယ်။ (ယော ၅း ၂၀ - ၃၀)


'''ယော ၅း ၂၅ - ၂၆
၂၅ ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကားသံတော်ကို ကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့် အချိန်ကာလသည် လာ၍ ယခုပင် ရောက်လျက်ရှိ၏။ ၂၆ အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ၊ သားတော်သည် မိမိ၌ အသက်ရှိရသော အခွင့်ကို ပေးတော်မူ၏။ '''

သခင်ယေရှုက သူဟာ သမ္မာတရား ဖြစ်ကြောင်းကို ငါအမှန်အကန်ဆိုသည်ကား လို့ ပြောရင်း ရှင်လင်းစေတယ်။ ဓမ္မဟောင်းခေတ်လူတွေ နားလည်တာထက်ကို ကျမ်းချက်တွေကို ပြည့်စုံစေသူ ဖြစ်တယ်။ လူသေကို ရှင်စေတယ်။ လူအားလုံးဟာ အပြစ်ထဲမှာ သေနေတယ်။ ခရစ်တော် ယုံကြည်ရင် အသက်ရှင်လာတယ်။ ကယ်တင်ခြင်း ဧဝံဂေလိတရားကို ကြားပြီး အလေးထားမယ်။ နားလည်ပြီး ခရစ်တော်ကို လက်ခံရင် ဘုရားထံမှ အသက်ရတယ်။ ရှင်ပြန်ထမြောက်ရာနေ့ ရှိတဲ့အတွက် ယုံကြည်ခြင်းက အသက်ကို ယုံတာ ဖြစ်တယ်။ သေခြင်းနဲ့ ဆိုင်တဲ့ ဘာသာတရား အထုံးအဖွဲ့နဲ့ မဆိုင်ဘူး။ နားထောင်သူအပေါ်မှာ ဝိညာဉ်တော်ကို သွန်းလောင်းပြီး၊ နားမလည်သူကိုတော့ နားလည်ဖို့ သည်းခံ စောင်းစားနေတယ်။ သူတို့ကို ကြားစေ၊ နားလည်စေတဲ့အတွက် အပြစ်ထဲမှာ သေနေသူတွေ ကြားရကြတယ်။ သေသူဟာ ကိုယ်တိုင် မထနိုင်၊ မကြားနိုင်ပါဘူး။ သခင်ယေရှုက အသက်ကို ယူဆောင်လာတယ်။ လောကအသက်က ပျက်စီးလာပြီး။ ဘုရားအသက်က ထာဝရတည်နေတယ်။ “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်အကြောင်း ဖြစ်၏ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။”

ခမည်းတော်က သားတော်အပေါ်မှာ ထာဝရအသက်နဲ့ ပြည့်စုံခြင်းကို ပေးအပ်ထားတာကြောင့် လူတွေကို ပြန်ရှင်စေတာ ဖြစ်တယ်။ တသွင်သွင် မပြတ်စီးဆင်းနေတဲ့ အသက်ရေ စမ်းချောင်းလို ဖြစ်တယ်။ ခရစ်တော်ထံမှ အလင်းကို တိုး၍တိုး၍ ခံစားရတယ်။ ချစ်ခြင်းနဲ့ သမ္မာတရားလည်း တိုး ခံစားရတယ်။ ခရစ်တော်၌ အမှောင် မရှိ။ ပျက်စီးယို့ယွင်းခြင်း မရှိ။ မကောင်းတဲ့ အတွေး မရှိ။ ခရစ်တော်ဟာ ချစ်ခြင်းနဲ့ ပြည့်ဝတယ်။ ရှင်ပေါလုက ခရစ်တော် မေတ္တာဟာ သနားတတ်တယ်။ မနာလိုခြင်း၊ ကြွားဝါခြင်း မရှိ။ ကိုယ့်အကျိုးကို မရှာ။ သူတပါးအကျိုးကို မဖျက်ဆီး။ မကောင်းမှု၌ ဝမ်းမသာတတ်။ အရာရာမှာ တည်ကြည်တတ်၊ သည်းခံတတ်တယ်။ ဘယ်တော့မှ မရွေ့လျော့။ ဒါက ဝိညာဉ်တော်က တည်စေလို့ပါ။ အသက်ရေ စီးရာတွင်း ဖြစ်ကြပါစို့။

ယော ၅း ၂၇ -၂၉
၂၇ သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်း အခွင့်ကိုလည်း အပ်ပေးတော်မူ၏။ ၂၈ ဤအမှုအရာကို အံ့သြခြင်း မရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏ စကားသံကို ကြား၍၊ ၂၉ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့၎င်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း၊ ထွက်ကြရလတ္တံ့။

ဇာတိလူက အပြစ်ကြောင့် သေတယ်။ ဘုရားမေတ္တာကို လက်မခံရင် ကိုယ့်ကိုကိုယ် အပြစ်စီရင်သလို ဖြစ်တယ်။ ခရစ်တော်ရဲ့ စကားက ချစ်ခြင်း၊ တန်ခိုးနဲ့ စင်ကြယ်ခြင်း ရှိတယ်။ နားထောင်သူ၊ လက်ခံသူက အသက်ရတယ်။ တချိန်တည်းမှာ ခရစ်တော်ရဲ့စကားတွေက အသက်တာရဲ့ လိုက်နာစရာတွေ ဖြစ်တယ်။ တရားစီရင်ခွင့်ကို ခရစ်တော် ထံမှာ အပ်နှင်းထားတယ်။ သူဟာ သန့်ရှင်းသောသူ ဖြစ်တယ်။ စုံစမ်း သွေးဆောင်ခြင်း ကြုံရပေမယ့် အပြစ် မပြုဘူး။ ခရစ်တော်ရဲ့ တရားပလ္လင်ရှေ့မှာ ဘယ်သူမှ ဆင်ခြေပေးလို့ မရဘူး။ ခရစ်တော်သာ တလောကလုံးကို စီရင်ပိုင်တယ်။ လူတွေရဲ့ လားရာကို ဆုံးဖြတ်မယ်။ ကောင်းကင်တမန်တွေနဲ့ ဖန်ဆင်းထားသမျှက ဝတ်ပြုရမယ်။

ထမြောက်ခြင်းက ခရစ်တော်ရဲ့ အမိန့်နဲ့ ဖြစ်လာမယ်။ ကမ္ဘာတဝှန်းက ကြားရမယ်။ လူသေဟာ သာမန်အားဖြင့် မကြားရပေမယ့် ခရစ်တော်ရဲ့ အသံကြောင့် တုန်လှုပ်ကြလိမ့်မယ်။ အိပ်ပျော်နေတဲ့ ဝိညာဉ်တွေ နိုးလာမယ်။ သင်္ချိုင်းထဲက ထွက်လာကြမယ်။ အံ့အားသင့်စရာ အကောင်းဆုံးက တချို့က သေသလို ဖြစ်နေချိန်မှာ တချိုကက အသက်ရှင်ရာကို ထမြောက်ကြမယ်။ တချို့ အသက်ရှင်ရာ၊ တချို့က တရားစီရင်ရာ။ ထမြောက်ခြင်း ၂ မျိုးပါ။ ဒီအချိန်နာရီက တကယ့်အံ့အားသင့်စရာတွေပါ။ အရောင်အဝါ ထွန်းလင်မယ်လို့ ထင်ထားသူတွေက မှိန်နေမယ်။ သာမန်ပါပဲ၊ မထူးခြားဘူးလို့ ထင်ရသူ တချို့က နေလို ထွန်းလင်းကြမယ်။ အသက်ရှင်လျက် ထမြောက်တဲ့ လူကောင်းတွေက လူဆိုးထက် သာလို့တော့ မဟုတ်ဘူး။ ပထမအုပ်စုက ခရစ်တော် ခွင့်လွှတ်ထားလို့ ကျေးဇူးချီးမွမ်းနေတယ်။ ဧဝံဂေလိတရားကြောင့် အသက်ရှင်ကြတယ်။ ဝိညာဉ်တော် အသီးအပွင့်တွေလည်း တွေ့ရတယ်။ သူတို့ညစ်ညူးသမျှကို ခရစ်တော်က အသွေးနဲ့ ဆေးကြော စင်ကြယ်စေခဲ့ပြီ။ ယုံကြည်လို့သာ ဒီကျေးဇူးတော်ကို ခံစားရတယ်။

ဒါပေမယ့် ကိုယ့်လုပ်ဆောင်မှုနဲ့ ဘုရားသခင့်ရှေ့မှာ လုံလောက်ပြီလို့ ထင်နေသူတွေကို ဘုရားသခင်က “ကိုယ့်ကိုကိုယ် ကယ်ဖို့ပဲ ကြိုးစားခဲ့တဲ့ အတ္တသမား။ ရန်သူကိုရော ချစ်နိုင်ရဲ့လား။ ဘုရားနဲ့ လူကြား သခင်ယေရှု အသေခံပြီး အပြည့်အဝ ရန်ငြိမ်းစေတာကို ဘာကြောင့် လက်မခံသလဲ။ ထာဝရအသက်ကို ဘာကြောင့် ငြင်းပယ်သလဲ။ ဘုရားပေးတဲ့ ကျေးဇူးတော်ကို ငြင်းပယ်ပြီး မာနက သေခြင်းကို ရွေးလိုက်တာပဲ။” လို့ မေးမယ်။ အပြစ်ထဲမှာ သေသူတွေဟာ အပြစ်ဒဏ်ကို ထာဝရခံရမယ်။ ပြောသမျှ၊ လုပ်သမျှ၊ ကြံသမျှ ခံရမယ်။ ခရစ်တော်ကို ယုံကြည်ဖို့ အနီးကို ခေါ်ထားခံရသူဟာ ခရစ်တော်ရဲ့ မေတ္တာကို သွန်းလောင်းခံရတယ်။ သနားတတ်၊ ကူညီတတ်လာတယ်။ ဒါဟာ ထာဝရအသက်ရဲ့ စိတ်ထားတခုပါ။

ယော ၅း ၃၀
၃၀ ငါသည် ကိုယ့်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏။ ငါ့စီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ့်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏။

ခရစ်တော်က အရေးအကြီးဆုံး အလုပ်ကို လုပ်တယ်။ ထာဝရ တရားသူကြီး ဖြစ်တယ်။ ခရစ်တော်က သူခံရတဲ့ အခွင့်အာဏာ ကြီးမှန်းသိပေမယ့် နှိမ့်ချတယ်။ အနှိမ့်ဆုံးအဆင့်ထိ နှိမ့်ချပြီး “ကိုယ့်အလိုအားဖြင့် ဘာမှ မတတ်နိုင်ပါ။” လို့ ဆိုတယ်။ ကိုယ်သဘောနဲ့ကိုယ် တရားမစီရင်၊ မကြံစည်၊ မချစ်၊ အသက်မရှင်ဘူး လို့ ဆိုလိုတယ်။ ဂုဏ်အသရေရှိသမျှ ခမည်းတော်ကိုသာ ပေးတယ်။

တချိန်တည်းမှာ ခမည်းတော်နဲ့ တလုံးတဝတည်း ဖြစ်တယ်။ ခမည်းတော်နဲ့သားတော်ကြားမှာ ဝင်ရောက် နှောက်ယှက်လို့ မရဘူး။ ဝိညာဉ်တော်က လောကီသားတွေကို စစ်ကြောတယ်။ စိတ်နှလုံး၊ အကြံအစည်တွေ ဖွင့်လှစ်တယ်။ သူတပါးအပေါ် ဘယ်လိုသဘောထားလဲ ကြည့်တယ်။ ဝိညာဉ်တော်က မှန်ကန်စွာ စီရင်တယ်။ ကိုယ်အပြစ်ကို ဝန်ခံသူဟာ မင်္ဂလာရှိတယ်။ ကားတိုင်အားဖြင့် ခွင့်လွှတ်ခံရတယ်။ အသက်စာရင်း စာစောင်မှာ နာမည်ရေးမှတ်ခံရတယ်။ “ကမ္ဘာမတည်မှီကပင် ပြင်ဆင်ထားသော နိုင်ငံတော်ကို လာ၍ အမွေခံလော့။” လို့ ဖိတ်ခေါ်ခံရလိမ့်မယ်။

ခရစ်တော်က လူ့အထဲက မကောင်းမှုကို သိတယ်။ မလိမ္ဘူး။ ဘိုးဘေးတွေထံမှ မကောင်းတဲ့ အမွေတွေလည်း ခံရမှန်းသိလို့ အလျဉ်စလို မစီရင်ဘူး။ နောင်တရဖို့ သည်းခံစောင့်စားနေတယ်။ စိတ်နှလုံး မာကြော ငြင်းဆန်သူနဲ့ သနားတတ်သူတွေကို ခွဲခြားထားမယ်။

ခရစ်တော်က နူးညံ့သိမ်မွေ့သလို၊ နှိမ့်ချတယ်။ သူအလိုရှိသမျှကို ခမည်းတော်ထံ တောင်းနေဆဲ ဖြစ်တယ်။ ကားတိုင်ပေါ်မှာပင် ခမည်းတော်ရဲ့ အလိုနဲ့ အလုပ်ကို လိုက်နာဆဲဖြစ်တယ်။ အရေးကြီးတဲ့အချိန်မှာ “အကျွန်ုပ် အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုတော်အတိုင်းသာ ဖြစ်စေပါ။” လို့ ဆုတောင်းခဲ့တယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို အပြည့်အဝ ခံယူခဲ့တယ်။

အခုခရစ်ဝင်ကျမ်းရဲ့ ခမည်းတော်နဲ့ သားတော် ဆက်နွယ်မှုဟာ သုံးပါးတဆူ အယူရဲ့ အခြေခံ ယုံကြည်ချက် တည်ရာ ဖြစ်တယ်။ လူသေကို ပြန်ရှင်စေရာမှာ ခမည်းတော်နဲ့ သားတော် ဂုဏ်ရည် တူညီတယ်။ ခမည်းတော်က သားတော်ကို အလုပ်ကိစ္စမှန်သမျှ ပြပြီး၊ ဖုန်းကွယ်ခြင်း မရှိဘူး။ ခရစ်တော်ရဲ့ အသံက လူသေကို ရှင်စေတာဟာ သေခြင်းနဲ့ မရဏာနိုင်ငံရဲ့ သော့ကို ပိုင်လို့ ဖြစ်တယ်။ ယုံကြည်ငြင်းဟာ လူ့ဥာဏ်နဲ့ မမှီနိုင်ပါ။ ခရစ်တော်ရဲ့ မေတ္တာ သွန်းလောင်းခံရမှသာ လူကို ကယ်တင်သူဟာ သုံးပါးတဆူ ဘုရားသခင် ဖြစ်ကြောင်း သိလာမယ်။

မေးခွန်း ၄၁

  1. သခင်ယေရှု ရှင်းပြတဲ့ ခမည်းတော်နဲ့ သားတော်ရဲ့ ဆက်နွယ်မှုကို ပြောပြပါ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:45 AM | powered by PmWiki (pmwiki-2.3.3)