Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 009 (The fullness of God in Christ)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
A - သခင်ယေရှုအားဖြင့် ဘုရားနှုတ်ကပတ်တော် လူ့ဇာတိခံယူခြင်း

3. လူ့ဇာတိခံယူရာမှာ ဘုရားဇာတိ အပြည့် ထင်ရှားခြင်း ရှိ။ (ယောဟန် ၁း ၁၄ - ၁၈)


ယောဟန် ၁း ၁၅- ၁၆
၁၅ ယောဟန်သည် ထိုသခင်အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာသောသူသည် ငါမရှိမှီ ရှိနှင့်သည် ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သည်ဟု ဆိုရာ၌၊ ထိုသူကို ဆိုလိုသည်ဟု သက်သေခံလေ၏။ ၁၆ ထိုသူ၏ ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကို ငါတို့ရှိစမျှသည် ခံရကြပြီ။

နှစ်ခြင်းဆရာယောဟန် ကြွေးကြော်တာက ခရစ်တော်ဟာ သူ့အရင် ရှိခဲ့ပြီး၊ အခု သူ့နောက်မှာ ကြွလာတယ်လို့ ဆိုတယ်။ ဒီစကားအနက်ကို ဆွေစဉ်မျိုးဆက်စာရင်းနဲ့ လိုက်မမှီနိုင်ဘူး။ ဒါက ခရစ်တော်ရဲ့ ထာဝရတည်ရှိမှုကို ထည့်ပြောလိုက်တာပါပဲ။ ခရစ်တော်ဟာ အချိန်၊ နေရာ၊ ပျက်စီးခြင်းတို့နဲ့ ကင်းလွတ်တဲ့ ထာဝရတည်တဲ့ဘုရားလို့ သက်သေခံတယ်။ တောထဲမှာ နှစ်ခြင်းဆရာယောဟန်ဟာ လူတွေရဲ့ အပြစ်ဒုစရိုက်တွက် ကြေကွဲနေတယ်။ အပြစ်ခွင့်လွှတ်ခြင်းအတွက် နောင်တတရားကို ဟောတယ်။ ဒါပေမယ့် သခင်ယေရှုကို မြင်တဲ့အခါ ဝမ်းမြောက်တယ်။ စိတ်လှုပ်ရှားတယ်။ ခရစ်တော် ထာဝရတည်တယ်။ သမ္မာတရားပြည့်တယ်။ သေခြင်းအရိပ်နဲ့ ကင်းလွတ်တယ်။ လူ့ဇာတိခံယူတဲ့ ခရစ်စမတ်ကာလရဲ့ ဝမ်းမြောက်ခြင်းက ဘုရားရဲ့ထာဝရအသက်က လူ့ကိုယ်မှာ ထင်ရှားလာတယ်။ သေခြင်းကို ဖြစ်စေတဲ့ အပြစ်က သူ့မှာ လုံးဝမရှိတဲ့အတွက် သေခြင်းကို အောင်နိုင်တယ်။

ကျေးဇူးတော်ရဲ့ အတိမ်အနက်ကို နားလည်တဲ့အတွက် ခရစ်တော်အပေါ်မှာ ဘုရားသခင်ရဲ့ ပြည့်စုံမှုတွေ တည်နေလို့ ဝမ်းမြောက်တယ်။ ဂုဏ်တော် ချီးမွမ်းတယ်။ ရှင်ပေါလုကလည်း “ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။ …. ထိုသခင်၌ သင်တို့သည် စံလင်ခြင်း ရှိကြ၏။” (ကောလောသဲ ၂း ၉- ၁၀) ယောဟန်က “ထိုသူ၏ ပြည့်စုံခြင်းမှလည်း ကျေးဇူးတော် တပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကို ငါတို့ရှိသမျှသည် ခံရကြပြီ။” (ယောဟန် ၁း ၁၆)

ခရစ်တော်ရဲ့ ပြည့်စုံခြင်းမှ ဘာရသလဲ? အငယ် ၁၄ မှ ရှင်ယောဟန် ရှင်းပြတာကို မှတ်မိရင် ကိုယ်တော်ရဲ့ ကြီးမြတ်ခြင်းနဲ့ ကျေးဇူးတော်ကို နေ့တိုင်း ကြွယ်ဝစွာ ခံစားရမှာကို သဘောကျမှာပါ။

လူ့ပါးစပ်ဖျားက စကားထွက်ရသလို ခရစ်တော်ကလည်း ဘုရားထံမှ ထွက်လာတဲ့ နှုတ်ကပတ်တော်ပါ။ ဘုရားသခင်ရဲ့ စိတ်သဘော၊ အလိုတော်နဲ့ ဝမ်းမြောက်ရာလည်း ဖြစ်တယ်။ စိတ်နှလုံးထဲကို ဧဝံဂေလိတရား ရောက်လာတဲ့အခါ လူ့အလိုဆန္ဒတွေလည်း ပြောင်းလာတယ်။ ခရစ်တော်က စိတ်နှလုံးထဲ ဝင်ရောက်လာပြီး၊ ဘုရားရဲ့ ကောင်းမြတ်ခြင်းအတိုင်း စိတ်ပြောင်းလဲစေတယ်။ ဒါဟာ ကြီးမားတဲ့ ကျေးဇူးတော် မဟုတ်ပါလား?

ခရစ်တော်ဟာ ဘုရားရဲ့အသက်ပါ။ သိပ္ပံပညာနဲ့ အိမ်တွေ၊ တံတားတွေ၊ ကြီးမားတဲ့ ဗုံးတွေ ထုတ်လုပ်လို့ ရပါတယ်။ ဒါပေမယ့် အသက်ကို ဘယ်သူမှ ဖန်တီးလို့ မရဘူး။ ဘုရားအခွင့်ပေးထားတဲ့အတိုင်း လူမိဘနှစ်ပါးကသာ သားသမီး ဆင်းသက်လာရတယ်။ ဒါလည်း ကျေးဇူးတော် မဟုတ်လား?

လောကီအသက်တာ ကုန်ဆုံးသွားရင် ဘုရားဝိညာဉ်ရတဲ့ ယုံကြည်သူက ထာဝရအသက် ရှိတယ်။ ဘုရားအသက်ရတဲ့ ခရစ်ယာန်က ထပ်မသေတော့ဘဲ ထာဝရအသက် ရတယ်။ ဒါလည်း ကျေးဇူးတော် မဟုတ်လား? ခရစ်တော်က လောကရဲ့ အလင်း ဖြစ်တယ်။ အမှောင်ကို အောနိုင်ပြီး မှောင်တဲ့ညကို အလင်းပေးသူ ဖြစ်တယ်။ မှောင်နေတဲ့ ကမ္ဘာကို ဘုရားက မြောင်လင့်ခြင်း ပေးတယ်။ ဘာမှမတတ်နိုင်လို့ ငြီးနေတဲ့ ကမ္ဘာကို တန်ခိုးအစွမ်း ပေးတယ်။ ခရစ်တော်ရဲ့ အလင်းက အမှောင်ထုကြီးစိုးတဲ့ လောကကို တောက်ပလာစေတယ်။ ခရစ်တော်ကို ယုံကြည်ရင် နိုင်ငံရေး၊ စီးပွါးရေး၊ မိသားစု၊ အသင်းတော်တွေမှာ စစ်မှန်မှုနဲ့ ယုံကြည်မှု ရလာမယ်။ ဒါလည်း ကျေးဇူးတော် မဟုတ်လား?

သခင်ယေရှုက စင်္ကြဝဠာကို ဖန်ဆင်းတဲ့သူ။ သူ့မှာ ဘုရားတန်ခိုးတော် အလုံးစုံရှိတယ်။ သူပြတဲ့ နိမိတ်လက္ခဏာတွေက သူ့မှာ အာဏာရှိကြောင်း ပြနေတယ်။ သေရာမှ ပြန်ရှင်တဲ့အတွက် သေခြင်းကို အောင်မြင်တဲ့ တန်ခိုးရှိကြောင်း သက်သေပြတယ်။ ကိုယ်ခန္ဓာက မြေဆွဲအားကို ဆန့်ကျင်ပြီး ရေပေါ်မှာ လမ်းလျှောက်တယ်။ မုန့်နဲနဲလေးကို ဖဲ့ပြီး လူ ၅ ထောင်ကို ဝအောင် ကျွေးနိုင်တယ်။ လူတွေရဲ့ ဦးခေါင်းထက်က ဆံပင်အရေအတွက်ကို သိတယ်။ သူ့ကျေးဇူးတော်ကို ရိုသေဦးညွတ်သင့်တယ် မဟုတ်လား။

ခရစ်တော်ရဲ့ ကြွယ်ဝပြည့်စုံခြင်းကို ပိုသိချင်သလား? ကမ္ဘာကို ပိုင်တဲ့သူ။ ရှိသမျှ စည်းစိမ်ဥစ္စာ၊ လူ့ရဲ့ အချိန်နာရီ မိနစ်တိုင်း သာမက လူကို ဘုရားပိုင်တယ်။ လူကို ဖန်ဆင်းရုံသာမက လူကို စောင့်ထိန်းတဲ့ အရှင် ဖြစ်တယ်။ အားလုံးကို ပိုင်တယ်။ လူပိုင်ဆိုင်သမျှဟာ သူယုံကြည်လို့ ဘုရားဘုန်းတော်အတွက် သုံးဖို့ လူကို အပ်ထားတာ ဖြစ်တယ်။ လူ့ကိုယ်အင်္ဂါ၊ စိတ်ကူးအတွေးတွေနဲ့ မိဘဆိုတာ ဘုရားပေးတဲ့ လက်ဆောင်ပါ။ ကျေးဇူးတော် ချီးမွမ်းစရာ မကောင်းဘူးလား?

ခရစ်စမတ်နဲ့ လူ့ဇာတိခံယူခြင်းရဲ့ အံ့သြစရာအချက်က ဘုရားက လူအဖြစ်နဲ့ မွေးဖွါးလာခြင်းပဲ။ ဒီအံ့သြဘွယ် ဖြစ်ရပ်ကို နှစ်ပေါင်း ၇၀၀ အလိုကတည်းက ပရောဖက်ဟေရှာယက ဝိညာဉ်တော် မှုတ်သွင်းခြင်းအားဖြင့် ကြိုဟောခဲ့တယ်။ “ငါတို့အဖို့ သူငယ်ကို ဖွါးမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိလိမ့်မည်။ နာမတော်ကား အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်း အရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။” (ဟေရှာယ ၉း ၆)

ဝမ်းနည်းစရာက ဖန်ဆင်းစတုန်းက ရခဲ့တဲ့ ဘုရားပုံသဏဏ္ဍာန်တော်ကို လူအထဲမှာ ခရစ်တော်က ပြန်ထည့်ပေးတယ် ဆိုတာကို လူ့ဦးနှောက်က နားလည်ဖို့ နှေးကွေးနေတယ်။ သခင်ယေရှုက ပညာရှိ၊ အတွေးထက်တဲ့ အကြံပေးအရာရှိ၊ တန်ခိုးကြီးတဲ့ ထာဝရဘုရားသခင်ပါ။ ဖွါးမြင်လာတဲ့ သူငယ်တော်ယေရှုမှာ ဘုရားဂုဏ်တော် အားလုံး ရှိတယ်။ သခင်ယေရှုအားဖြင့် ဘုရားသခင် ကြွလာတာကို နားလည်ဖို့ လိုပါတယ်။ ဒါကိုသိရင် ဘုရားသခင် ငါတို့နဲ့ အတူရှိပြီလို့ ဆိုနိုင်ပါပြီ။

ခရစ်တော်က ဂုဏ်တော်တွေကို သူသာ ပိုင်ဖို့၊ ဒါမှမဟုတ်၊ သူက ကောင်းကင်မှာပဲ စံဖို့ အလိုတော် မရှိပါဘူး။ လောကကို ကြွလာတယ်။ ကိုယ်ခန္ဓာကို ဆောင်ယူတယ်။ နိမ့်ကျတဲ့ လူအဖြစ်ကို ခံယူပြီး ကောင်းကင်တံခါးကို ဖွင့်ပေးတယ်။ ခမည်းတော်နဲ့အတူ ပြန်နေရမယ်။ ဘုရားဂုဏ်တော်တွေ ပြန်ရရှိမယ်။ အသင်းတော်မှာ ဘုရားရဲ့ ဂုဏ်တော်တွေ အပြည့်အဝ ခံစားရတာကို ရှင်ပေါလုကလည်း သက်သေခံတယ်။ ဧဖက် ၁း ၂၃။ ၄း ၁၀ နဲ့ ကောလောသဲ ၂း ၁၀ ကို ဖတ်ပါ။ ဘုရားကျေးဇူးတော်နဲ့ ခရစ်တော်ရဲ့ ကျေးဇူးတော်တွေကို မြင်လာ၊ ချီးမွမ်းလာလိမ့်မယ်။ သူတပါးကို ကျေးဇူးတော်မျှဝေသူ တယောက်လည်း ဖြစ်လာပါလိမ့်မယ်။

ဆုတောင်း သခင်ယေရှုဘုရား၊ ကိုယ်တော်ဟာ ဘုရားသခင်ရဲ့ သားတော် ဖြစ်ပါတယ်။ ချစ်ခြင်း၊ တန်ခိုးနဲ့ သမ္မာတရား အလုံးစုံ ကိုယ်တော် ရရှိပါတယ်။ စွန့်ပစ်မထားဘဲ အတူရှိနေပေးတဲ့အတွက် ပြပ်ဝပ်ကိုးကွယ်ပါတယ်။ ချစ်လို့ လူ့ဇာတိခံ၊ ရွေးနှုတ်ကယ်တင်ခဲ့ပါတယ်။ ကျေးဇူးတော် တပါးပြီးတပါး ပေးသနားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မေးခွန်း ၁၃

  1. ခရစ်တော်ရဲ့ ပြည့်စုံခြင်းကို နားလည်ပါသလား?

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:25 AM | powered by PmWiki (pmwiki-2.3.3)