Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 089 (Christ's farewell peace)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
C - အထက်ခန်းမထဲမှာ နောက်ဆုံးစကားပြောခြင်း (ယောဟန် ၁၄း ၁- ၃၁)

3. ခရစ်တော်ရဲ့ နှုတ်ဆက်ခြင်းကပေးသော ငြိမ်သက်ခြင်း (ယောဟန် ၁၄း ၂၆- ၃၁)


ယောဟန် ၁၄း ၂၆
၂၆ “ခမည်းတော်သည် ငါ့အတွက်ကြာင့်စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍ ငါပြောခဲ့သမျှသာ စကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူမည်။”

ခရစ်တော်ရဲ့စကားတွေကို အားလုံးနားလည်တယ်လို့ ပြောနိုင်သူ ရှိသလား။ ခရစ်တော်စကားတွေကို မှတ်မိနေပြီး လက်ဆင့်ကမ်းသယ်ဆောင်နေသူ ရှိသလား။ သခင်ဘုရားရဲ့ ညစာစားပွဲမှာ စိတ်ပူပန်နေတဲ့ တပည့်တော်တွေဟာ သစ္စာဖောက်ရဲ့ အကြောင်းကို စဉ်းစားတယ် သူ့လုပ်ရပ်ကို ဆင်ခြင်တယ်။ သခင်ဘုရား ပြောတဲ့ နောက်ဆုံးနှုတ်ဆက်စကား အများစုကို မှတ်မိနိုင်စွမ်းတော့ ယောဟန်ကလွဲလို့ သိပ်မရှိကြဘူး။

တပည့်တော်တွေ မေ့နေတာဟာ သမ္မာတရားရဲ့ ဝိညာဉ်တော်လာမှသာလျှင် သူတို့ ပြန်မှတ်မိလိမ့်မယ် ဆိုတဲ့ အသိက သခင်ယေရှုကို စိတ်သက်သာစေတယ်။ ဝိညာဉ်တော်ကြွလာတဲ့အခါ သူတို့လုပ်တဲ့ အလုပ်တွေနဲ့ သခင်ယေရှု ရည်ရွယ်ချက်ကို သိလာစေမယ်။ ဝိညာဉ်တော်က အားနည်းသူကို ထောက်ပံ့ပေးမယ်။ သခင်ယေရှုက ဥာဏ်ကောင်းတဲ့သူ ကျမ်းတတ်ပုဂ္ဂိုလ်နဲ့ အတွေးအခေါ်ပညာရှင်တွေကို ရွေးကောက်တာမဟုတ်ဘဲ တံငါသည်၊ အခွန်ခံ၊ အပြစ်သားတွေကိုသာ ရွေးကောက်ခဲ့တယ်။ လောကမှာ ထင်ပေါ်ကျော်ကြားတဲ့သူတွေ အရှက်ရစေဖို့ ဖြစ်တယ်။ သနားဂရုဏာကြီးတဲ့ ဘုရားဟာ ဝိညာဉ်တော်ကို စေလွှတ်ပြီး သူ့သားသမီးတွေကို အစွမ်းရှိစေတယ်။ နှိမ့်ချခြင်းရဲ့ ဥာဏ်ပညာနဲ့အတူ ဆုကျေးဇူးတွေပေးတယ်။ ကိုယ့်အလိုကို ငြင်းပယ်စေပြီး ဖြောင့်မတ်စွာ အသက်ရှင်စေတယ်။

သခင်ယေရှုက ကဗျာလင်္ကာစာအုပ်တို့ကို ရေးသား ထုတ်ဝေခဲ့ခြင်း မရှိဘူး။ တခြားသူတွေ မှတ်မိနားလည်နေဖို့ ဧဝံဂေလိတရားကို လက်နဲ့ချရေးခဲ့ခြင်း မရှိဘူး။ တပည့်တော်တွေကို သန့်ရှင်းသော ဝိညာဉ်တော်က အလင်းပြမယ်၊ လမ်းပြမယ်၊ ပြောထားသမျှကို သတိရစေမယ် ဆိုတဲ့ အချက်မှာတော့ သခင်ယေရှုဟာ စိတ်သက်သာရ မျှော်လင့်ခြင်းရှိတယ်။ ဒီနေ့ခေတ်တိုင်အောင် ဝိညာဉ်တော်ရဲ့လုပ်ဆောင်မှု တခုဖြစ်တယ်။ ကယ်တင်ခြင်းတရားကို လူ့ဘာသာတရားနဲ့ နားလည်စေပြီး တပည့်တော်တွေကို မှတ်မိစေတယ်။ ဝိညာဉ်တော်ဟာ သူတို့ကို ပြန်သတိရစေတယ်။ သွန်သင်ပးတယ်။ တည်ဆောက်မှုကို ပြုတယ်။ တမန်တော်တွေရဲ့ သက်သေခံခြင်းအားဖြင့် ဝိညာဉ်တော်က သားတော်ရဲ့ ဘုန်းတော်ကိုထင်ရှားစေတယ်။ ခရစ်တော်ရဲ့ တမန်တော်တွေ ရေးတဲ့စာကလွဲပြီး တခြားကျမ်းစာမရှိဘူး။ တမန်တော်တွေဟာ လောကမှာ နိမ့်ကျခဲ့သူတွေဖြစ်ပြီး ယုံကြည်ခြင်းတရားကို ရရှိခဲ့တယ်။ သခင်ယေရှုပြောတဲ့ စကားထက် အပိုစကားလုံးတွေ ထပ်သွင်းခြင်း မရှိဘူး။ သူတို့တရားဟောတာကလည်း ကြက်သီးထလောက်အောင် မကောင်းဘူး။ သူတို့ပြောတဲ့ သတင်းစကားက ခြောက်ကပ်ကပ်ပါ။ ဒါပေမယ့် သူတို့စကားတွေကို ဒီနေ့ထိတိုင်အောင် ဝိညာဉ်တော်က သက်ဝင်လှုပ်ရှားစေတယ်။ ခရစ်ဝင်ကျမ်းတွေကို ဖတ်ရှုတဲ့အခါ ဒီနေ့ခေတ်မှာ ဖြစ်နေသလားလို့ပင် မှတ်ထင်ရတယ်။ ခရစ်တော်ရဲ့စကားတွေကို နားထောင်တဲ့အခါ သူ့အသံဟာ နားထဲမှာ ဆက်ဆက်ကြားနေသလို ခံစားရစေတယ်။ တပည့်တော်တွေက ဧဝံဂေလိ တရားကို မူရင်းအတိုင်းသာ ဟောပြောပြီး ဝိညာဉ်တော်က လှည့်စားခြင်းမရှိ၊ သမ္မာတရား ချစ်ခြင်းမေတ္တာနဲ့ ပြည့်စုံတယ်။

ယောဟန် ၁၄း ၂၇
၂၇ “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့စိတ်နှလုံးပူပန်ခြင်း စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။”

သူသွားရတော့မယ်။ ဒါပေမယ့် တပည့်တော်တွေအပေါ်မှာ ငြိမ်သက်ခြင်းကို ထားခဲ့ပေးတယ်။ သူပေးတာက ဆွဲဆောင်မှုနဲ့ လိမ်လည်လှည့်စားတတ်တဲ့ ဇာတ်လမ်းတွေထဲက ပေးတဲ့ ငြိမ်သက်ခြင်း အတုအယောင် မျိုး မဟုတ်ဘူး။ ဘုရားသခင်နဲ့ဝေးရင် စုံစမ်းခြင်းတွေလာမှာ သေချာတယ်။ ပြစ်ရှိသူအပ်ါမှာ ဘုရားအမျက်တော် သက်ရောက်လိမ့်မယ်။ သခင်ယေရှုက ထူးခြားတဲ့ ငြိမ်သက်ခြင်းကို ပေးတယ်။ ဩတပ္ပစိတ်မှာ ငြိမ်သက်ခြင်း ဖြစ်တယ်။ ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့ပြီး ခွင့်လွှတ်ခြင်းရတဲ့အကျိုးဖြစ်တယ်။ အသင်းတော်ထဲမှာ ရတဲ့ ငြိမ်သက်ခြင်း ဖြစ်တယ်။ ခရစ်တော်ရဲ့ ငြိမ်သက်ခြင်းဟာ ဝိညာဉ်တော် ဖြစ်တယ်။ ဘုရားသခင်ထံမှ သက်ရောက်ပြီး မကုန်ဆုံးတဲ့တန်ခိုးနဲ့ ပြည့်ဝပြီး ဘုရားသခင်ထံကို ပြန်တဲ့ ငြိမ်သက်ခြင်းမျိုး ဖြစ်တယ်။

လိမ်ညာမှုတွေ၊ မုန်းတီးမှုတွေ၊ အကြမ်းဖက်မှုတွေ သတ်ဖြတ်မှု မနာလိုမှု၊ လောဘကြီးမှု၊ ညစ်ညူးမှုတွေဟာ ကမ္ဘာတဝှမ်းမှာ ပျံ့နှံ့နေတယ်။ ဒါပေမယ့် သခင်ယေရှုက စာတန်ရဲ့လှိုင်းလုံးတွေကြားမှာ လိုက်ပါမသွားဖို့ မိန့်မှာတယ်။ မာရ်နတ်ဟာ ဒီလောကရဲ့ဘုရင် ဖြစ်တယ် ဒီလောကကို အစိုးရတဲ့အရှင် ဖြစ်တယ်။ ဒါပေမယ့် သခင်ယေရှုက ဒီလိုအမှောင်ထဲက စိတ်ပျက်စရာ အခြေအနေက လွတ်မြောက်ဖို့အတွက် ငြိမ်သက်ခြင်းကို ပေးတယ်။ စိုးရိမ်နေတဲ့ စိတ်နှလုံး သေခြင်းကိုကြောက်တဲ့စိတ်တွေကနေ လွတ်မြောက်စေတယ်။ ခရစ်တော်၌ ယုံကြည်သူဟာ ဘုရားသခင်၌တည်တယ် ဘုရားသခင်လည်း သူ၌တည်တယ်။ သင့်မှာ အဲဒီလိုဖြစ်ပြီလား။ သခင်ယေရှုဟာ မုန်တိုင်းထန်တဲ့ လှိုင်းတွေကြားထဲမှာပင်လျှင် လှေပေါ်မှာ အိပ်စက်နိုင်သူ ဖြစ်တယ်။ လှေထဲမှာ ရေတွေပြည့်လျှံလို့ အားလုံးဟာ တုန်လှုပ်ချောက်ချားတဲ့အချိန် ဖြစ်တယ်။ ဒီအချိန်မှာ သခင်ယေရှု ရပ်ပြီး လှိုင်းနဲ့လေကို ဆုံးမတယ်၊ ဒီအခါမှာ ငြိမ်သက်သွားတယ်။ ဒီအခါမှာ တပည့်တော်တွေကို ယုံကြည်ခြင်း အားနည်းသော သူတို့ ဘာလို့ ကြောက်ရွံ့ခဲ့ကြသလဲလို့ ပြောခဲ့တယ်။

ယောဟန် ၁၄း ၂၈- ၃၁
၂၈ “ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့လာဦးမည်ဟု ငါပြောသော စကားကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။ ၂၉ ထိုအမှုအရာရောက်သောအခါ သင်တို့သည်ယုံကြည်စေခြင်းငှါ မရောက်မီ ယခုပင် သင်တို့အား ငါပြောနှင့်ပြီ။ ၃၀ ယခုမှစ၍ ငါသည် သင်တို့နှင့် များစွာမပြောရ။ အကြာင်းမူကား ဤလောကကိုအစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌ အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။ ၃၁ ငါသည် ခမည်းတော်ကို ချစ်သည်ကိုလည်းကာင်း ခမည်းတော် မှာထားတော်မူသည်အတိုင်း ငါပြုသည်ကိုလည်းကောင်း လောကီသားတို့ သိမည်အကြောင်းတည်း။ ဤအရပ်မှ ထ၍သွားကြကုန်အံ့။”

သခင်ယေရှုက ဒီလောကကနေ ထွက်ခွါသွားမယ်လို့ ထပ်ပြောတဲ့အခါ တပည့်တော်တွေ တုန်လှုပ် ချောက်ချားသွားတယ်။ ခွဲခွါရချိန်လည်းနီးပြီ။ တခါ သခင်ယေရှုက ခွဲခွါရတော့မယ် ထပ်ပြောတယ်။ ပြန်လာဦးမယ်လို့ ပြောပါတယ်။ "ငါသွားရမည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ ငါသည် ခမည်းတ်ာထံသို့ သွားရ၏။ ငါ၏ နေရင်းပြည်ကို သွားရခြင်းဖြစ်သည့်အတွက် ဝမ်းမြောက်ကြလာ့။ ကားတိုင်မှ ဆင်းရဲဒုက္ခမျိုးကို သင်တို့အပေါ်မှာ ငါမတင်ပါ။ သေခြင်းကိုကြောက်ရွံ့တဲ့စိတ်ကို ငါလွတ်မြောက်စေမယ်။ ငါပြောသောစကားက သင်တို့ဟာ ခမည်းတော်နဲ့ တလုံးတဝတည်း ဖြစ်တယ်။ ငါ့ကိုချစ်လျှင် ငါကောင်းကင်ကို ပြန်မှာဖြစ်တဲ့အတွက် ဝမ်းသာကြလိမ့်မယ်။ ခမည်းတော်ဟာ ငါ့ထက်သာ၍ ကြီးမြတ်တယ်။ ငါသည်လည်း ခမည်းတော်ကိုချစ်၏။ သို့သော်လည်း သင်တို့အပေါ်မှာ ထားတဲ့ ငါ့ချစ်ခြင်းမေတ္တာဟာ ဘယ်တော့မှလျော့ပါးလိမ့်မှာမဟုတ်။ ငါသည် သင်တို့ထံသို့ ခမည်းတော်၏ ဝိညာဉ်တော်အားဖြင့် ပြန်လာမယ်" လို့ ဆိုတယ်။

သခင်ယေရှုဟာ ယုံကြည်သူတွေအတွက် ခမည်းတော် ဘုရားသခင်ကို နားလည်စေမယ့် ပုံရိပ်ဖြစ်တယ်။ သခင်ယေရှုဟာ အသေခံရကာနီးပြီ တပည့်တော်တွေနဲ့လည်း ခွဲခွါရချိန်နီးပြီ။ သေခြင်းတရားပင်လျှင် ဘုရားသခင်နဲ့ မဝေးကွာနိုင်ဘူးဆိုတာကို သတိရစေချင်တယ်။ ခမည်းတော်နဲ့ သားတော်ကြားက ငြိမ်သက်ခြင်းဟာ သားတော် အသေခံချိန် နီးတဲ့အချိန်မှာ ခမည်းတော် ချဉ်းကပ်လာသလို တည်မြဲတယ်။ ဒီထက်ပိုပြောစရာလည်း မရှိတော့လို့ သခင်ယေရှုက ခမည်းတော်မှာတဲ့ စကားကို အပြီးသတ်ပြောတယ်။ အဲဒီစကားကတော့ လက်ဝါးကားတိုင်မှာ ကယ်တင်ခြင်း ဖြစ်တယ်။ အဲဒီနောက် ဝိညာဉ်တော်က တပည့်တော်တွေအပေါ်မှာ သက်ရောက်လာလိမ့်မယ်။ ရွေးနှုတ်ခြင်းဟာ လူသားအားလုံးအတွက်ဖြစ်တယ်။ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာ သတိပြုမိသူတိုင်း ခံစားရမယ်။ အဲဒီနောက် သခင်ယေရှုနဲ့ တပည့်တော်တွေဟာ အထက်ခန်းကနေ ထွက်ခွါလာခဲ့တယ်။ သူတို့ဟာ ပဋိညာဉ် တရားသစ်ကို ပြုခဲ့ကြတယ်။ အမှောင်ညချမ်းကိုရောက်လာပြီး ကိဒုန်ချိုင့်ဝှမ်းကို ဖြတ်လာကြတယ်။ ဂေသရှေမန် ဥယျာဉ်ဘက် သံလွင်တောင်ဘက်ကို လျှောက်လာကြတယ်။ အဲဒီဥယျာဉ်မှာ သစ္စာဖေါက်က လာဖမ်းတယ်။ သခင်ယေရှုက တပည့်တော်တွေကို ငြိမ်သက်ခြင်းပေးတယ်။ ခွဲခါနီးအချိန် ဖြစ်တယ်။ လူတွေကြံစည်လို့ မမှီတဲ့ ငြိမ်သက်ခြင်း ဖြစ်တယ်။

ဆုတောင်း ကိုယ်တော်ပေးသော ငြိမ်သက်ခြင်းအတွက် ကျေးဇူးတင်ပါ၏။ စိတ်နှလုံးကို ဆေးကြောလျက် ငြိမ်သက်ခြင်း အနားရခြင်းကိုလည်း ကိုယ်တော်ပေးပါ၏။ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ပျက်ခြင်းများနှင့်အတူ မုန်းတီးမှု၊ ပျက်စီးခြင်းများအတွက် ခွင့်လွှတ်တော်မူပါ။ ငြိမ်သက်ခြင်းပေးသော ဝိညာဉ်တော်အတွက် ကျေးဇူးတင်ပါတယ်။ စုံစမ်းခြင်းခံရချိန်မှာ ကိုယ်တော်၏ တန်ခိုးပါသောစကားများကို သတိရစေပါ။ အပြစ်ထဲသို့ လဲမကျဘဲ၊ မယုံကြည်စိတ်မဖြစ်ဘဲ၊ စိတ်ပျက်အားငယ်ခြင်းမဖြစ်ဘဲ ကိုယ်တော့်ကို မျှော်လင့်လျှက် ဝမ်းမြောက်စွာ၊ သည်းခံစွာ ဆုတောင်းတတ်စေပါ။ ခမည်းတော်ထံ ဦးတည်သော လမ်းအတွက်လည်း ကိုယ်တော့်ကို ကျေးဇူးတင်ပါ၏။ ဘုရားသခင်၏ သိုးသူငယ်ရှေ့မှာ ပျက်ဝပ်လျှက် ကောင်းကင်အိမ်တော်ကို ပြင်ဆင်ပေးနေလို့ ကိုယ်တော့်ကို ကျေးဇူးတင်ပါ၏။

မေးခွန်း ၉၃

  1. ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းဆိုတာဘာာလဲ။

QUIZ - 5

ချစ်သော ဓမ္မမိတ်ဆွေ
ဒီ မေးခွန်း(၂၄)ထဲမှ မှန်ကန်သော အဖြေ (၂၀) ခု ကို ဖြေပေးပါ။ ဒီအချက်အရာများနဲ့ ပက်သက် တာတွေကို ပြန်ပို့ပေးမှာဖြစ်ပါတယ်။

  1. မာရိရဲ့ ဆီမွှေးဘိသိက်လိမ်းခြင်းကို သခင်ယေရှု ဘာကြောင့်လက်ခံခဲ့သလဲ။
  2. သခင်ယေရှု ယေရုရှလင်မြို့ထဲ ဝင်ခြင်းဟာ ဘာကိုဆိုလိုသလဲ။
  3. ခရစ်တော်ရဲ့သေခြင်းဟာ ဘာကြောင့်ဘုန်းထင်ရှားရတာလဲ။
  4. အလင်းရဲ့သားဖြစ်တယ်ဆိုတာ ဘာလဲ။
  5. ခရစ်တော်အားဖြင့် ဘုရားသခင်ထားတဲ့ ပညတ်တော်က ဘာလဲ။
  6. တပည့်တော်တွေကို သခင်ယေရှုခြေဆေးပေးတဲ့ အဓိပ္ပါယ်ကို ပြောပြပါ။
  7. ခရစ်တော်ရဲ့ပုံသက်သေမှ ဘာကို သင်ယူနိုင်သလဲ။
  8. ယုဒ ထွက်သွားတဲ့အခါ သခင်ယေရှုပြတဲ့ ဘုန်းတော်ထင်ရှားခြင်းရဲ့ အဓိပ္ပါယ်က ဘာလဲ။
  9. ခရစ်ယာန်တွေရဲ့ထူးခြားတဲ့ တခုတည်းသော သင်္ကေတဟာ ဘာကြောင့် ချစ်ခြင်းမေတ္တာ ဖြစ်နေရတာလဲ။
  10. ခရစ်တော်နဲ့ ခမည်းတော်ရဲ့ဆက်သွယ်မှုက ဘာလဲ။
  11. ဆုတောင်းရာမှာ အဖြေရဖို့ အခြေခံလိုအပ်ချက်တခုကို ပြောပြပါ။
  12. သခင်ယေရှုပြောပြသော သန့်ရှင်းသောဝိညာဉ်တော်၏ ဂုဏ်တော်များကို ဖေါ်ပြပါ။
  13. ခရစ်တော်ကိုချစ်တဲ့စိတ် ဘယ်လိုတိုးပွါးနိုင်သလဲ။ သန့်ရှင်းသော ဝိညာဉ်တော်က အထဲမှာ ဘယ်လိုကျိန်းဝပ်နိုင်သလဲ။
  14. ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းဆိုတာဘာာလဲ။

ဒီစာစောင်များကို မိတ်ဆွေထံသို့ ရောက်လာဖို့ရန်မိတ်ဆွေ ရဲ့အိမ်လိပ်စာအတိအကျကို အောက်မှာ ဖြည့်ပေးပါ။

Waters of Life
P.O.Box 600 513
70305 Stuttgart
Germany

Internet: www.waters-of-life.net
Internet: www.waters-of-life.org
e-mail: info@waters-of-life.net

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:56 AM | powered by PmWiki (pmwiki-2.3.3)