Waters of LifeBiblical Studies in Multiple Languages |
|
Home Bible Treasures Afrikaans |
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba
Previous Lesson -- Next Lesson ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
B - ခရစ်တော်က တပည့်တော်တွေကို နောင်တတရား နေရာမှ မင်္ဂလာပွဲရဲ့ ဝမ်းမြောက်ရာသို့ ခေါ်ဆောင်တယ်။ (ယောဟန် ၁း ၁၉- ၂း ၁၂)
4. ကာနမြို့ မင်္ဂလာပွဲမှ သခင်ယေရှုရဲ့ ပထမဆုံး နိမိတ်လက္ခဏာ (ယော ၂း ၁ - ၁၂)ယောဟန် ၂း ၁- ၁၀ သခင်ယေရှုဟာ တပည့်တော်တွေကို နှစ်ခြင်းဆရာရဲ့ ယော်ဒန်မြစ်ချိုင့်ဝှမ်း နောင်တလွင်ပြင်မှ မင်္ဂလာဆောင်ပွဲ ကျင်းပရာ ဂါလိလဲ တောင်ကုန်းတွေဆီ ခေါ်သွားပါတယ်။ ကီလိုမီတာ ၁၀၀ ကွာဝေးတဲ့ ဒီခရီးဟာ ဓမ္မဟောင်းနဲ့ ဓမ္မသစ်ကြား အပြောင်းအလဲကြီးကို ပြပါတယ်။ ယုံကြည်သူဟာ ပညတ်တရားရဲ့ အရိပ်အောက်မှာ မကျင်လည်တော့ဘူး။ ငြိမ်သက်ခြင်းနဲ့ အလင်းကို ပေးတဲ့ ခရစ်တော် နေမင်းရဲ့ ဖြောင့်မတ်ခြင်းကြောင့် ရတဲ့ ဝမ်းမြောက်ခြင်းနဲ့ အသက်ရှင်ရပါမယ်။ သခင်ယေရှုက နှစ်ခြင်းဆရာလို ascetic စည်းကမ်းကြီးတဲ့ ချိုးခြံချွေတာသူ မဟုတ်ဘူး။ ဒါကြောင့် ခရစ်တော်က တပည့်တော်တွေနဲ့အတူ ပျော်ပွဲတခုကို သွားတယ်ဆိုတာ အံ့ဘွယ်နိမိတ်လက္ခဏာ တခုပါပဲ။ စပျစ်ရည်ကို မပိတ်ပင်ဘူး။ လူအထဲကို ဝင်တဲ့အရာက လူကို ညစ်ညူးစေတာ မဟုတ်ဘဲ၊ လူအထဲက ထွက်တဲ့ မကောင်းတဲ့ အတွေးတွေကသာ လူကို ညစ်ညူးစေတယ်လို့ ဆိုတယ်။ သခင်ယေရှုက ချိုးခြံချွေတာခြင်းကို ငြင်းပယ်တာ မဟုတ်ဘူး။ လောကအရာလည်း အနည်းအကျဉ်း သုံးရကြောင်း ပြတယ်။ ပျက်စီးတဲ့ စိတ်နှလုံးက အသစ်မွေးဖို့ အသစ်သဘာဝရဖို့ လိုတယ်။ ကျမ်းစာတားမြစ်တာက သောက်စားမူးယစ်ခြင်း၊ အရက်စွဲနေခြင်းကိုသာ ဖြစ်တယ်။ မင်္ဂလာပွဲကို တပည့်တော်တွေ လိုက်လာတယ်။ နာသနေလကလည်း ကာနမြို့သား ဖြစ်တယ်။ (၂၁း ၂) မယ်တော်က သတို့သားမိတွေနဲ့ အမျိုးတော်ပုံရတယ်။ ယောသပ်လည်း သေဆုံးခဲ့ပြီ လို့ ယူဆရတယ်။ မာရိက မုဆိုးမ။ သခင်ယေရှုက သားဦးအရာနဲ့ မိသားစုအပေါ် တာဝန်ယူရတယ်။ ဒါကြောင့် အမျိုးတွေရဲ့ အခက်အခဲအတွက် သခင်ယေရှုကို အကူအညီ တောင်းရတယ်။ ယော်ဒန်မြစ်ကမ်းမှ ပြန်လာပြီးနောက်ပိုင်း အရင်လို သာမန် မဟုတ်တော့ဘူး။ ဝိညာဉ်တန်ခိုးကတပည့်တော်တွေ လိုက်နာစရာ ပုံသက်သေအဖြစ် လောကီ လိုအပ်ချက်အတွက်လည်း ဖြည့်စွမ်းပေးတယ်။ မာရိက သားတော်ရဲ့ ဂရုစိုက်မှုနဲ့ ချစ်ခြင်းကို သိတဲ့အတွက် အားကိုးတယ်။ အမေ့မေတ္တာက ပထမဆုံးသော နိမိတ်လက္ခဏာကို ဖြစ်လာစေတယ်။ မေတ္တာတော်ကို ယုံကြည်ခြင်းဟာ ဘုရားလက်ရာကို မြင်ရစေတယ်။ မိန့်တော်မူသမျှအတိုင်း ဆောင်ရွက်ဖို့ မယ်တေယ်က အစေအပါတွေကို မှာတယ်။ တနည်းမဟုတ် တနည်းနဲ့ ကူညီမယ် ဆိုတာ သိတယ်။ “မိန့်တော်မူသမျှအတိုင်း ဆောင်ရွက်ကြ” ဆိုတဲ့ သူ့စကားဟာ အသင်းတော်အတွက် ဆောင်ပုဒ်ပါပဲ။ ခိုင်းတဲ့အတိုင်း လုပ်ရင် နိမိတ်လက္ခဏာတွေ ဖြစ်စေတယ်။ လီတာ ၆၀၀ ဆလာက်ဆန့်တဲ့ ကျောက်စည်တွေ ရှိတယ်။ ဧည့်သည်များလို့ ဆေးကြောဖို့ ရေအများကြီး လိုတယ်။ သခင်ယေရှု ရှိနေတုန်းမှာ နောက်တမျိုး ဆေးကြောဖို့လည်း လိုသေးတယ်။ သိုးသငယ် မင်္ဂလာဆောင်ပွဲမှာ ဆေးကြောထားသူမှားသာ ပါဝင်ရမယ်။ ဒါပေမယ့် ဒီနေရာမှာ ခရစ်တော် အရေးတကြီး စိတ်ဝင်စားတာက စင်ကြယ်ခြင်း မဟုတ်ဘူး။ မင်္ဂလာပွဲ မပျက်ဖို့သာ ဖြစ်တယ်။ ဆေးကြောစရာ ရေကို ချိုတဲ့ စပျစ်ရည် ဖြစ်စေတယ်။ ဘယ်လို လုပ်သလဲတော့ မသိဘူး။ ဒါပေမယ့် သူ့အသွေးတော်ဟာ သိုးသငယ် မင်္ဂလာပွဲကို ပါဝင်သူတိုင်းအတွက် လုံလောက်တာ သေချာသွားတယ်။ သောက်စားမူးယစ်တာ မဟုတ်ဘူး။ ဝိညာဉ်တော်က မူးယစ်တာကို လက်မခံဘူး။ ဒါပေမယ့် စပျစ်ရည်ချို ပေါများခြင်းဟာ အပြစ်ခွင့်လွှတ်တဲ့ အတိုင်းအတာ ကျယ်ပြောကြောင်း ပြတယ်။ လူအားလုံး ကောင်းကင်ဘုံမှာ ပျော်ပါစေ။ ခရစ်တော် အတူရှိကြောင်း ပြတဲ့ ပွဲတော်မင်္ဂလာမှာ လူတိုင်း မုန့်နဲ့ စပျစ်ရည်ကို ရကြပါစေ။ ဝမ်းမြောက်စွာနဲ့ ခွင့်လွှတ်ခြင်းကို ခံစားကြပါစေ။ ယောဟန် ၂း ၁၁ - ၁၂ စပျစ်ရည် ဖန်ဆင်းလိုက်တာကို တပည့်တော်တွေ အံ့သြနေကြတယ်။ သဘာဝထက် ပိုတာကို တွေ့ကြတယ်။ ဘုန်းတော်ကို မြင်ရပြီး၊ ဘုရားစေလွှတ်တဲ့ သားတော်လို့ ယုံကြည်ကြတယ်။ အားကိုးလာကြတယ်။ ယုံကြည်ခြင်း တိုးလာဖို့ အချိန်ယူရမယ်။ နားလည်လာဖို့ နာခံတတ်ရတယ်။ သခင်ယေရှုရဲ့ ပြောစကားနဲ့ အလုပ်တွေကို သေသေချာချာ လေ့လာရင် ကိုယ်တော်ရှင် ကြီးမြတ်ကြောင်း သိလာမယ်။ သခင်ယေရှုက မိသားစုမှ ခွဲထွက်လာတော့ အမှုတော်ဆောင်ဖို့ လောကီ အတားအဆီးတွေ မရှိတော့ဘူး။ ဒါပေမယ့် မယ်တော်၊ ညီတော်တွေနဲ့တော့ အဆက်အသွယ် ရှိတယ်။ တပည့်တော်တွေနဲ့ ခရီးဆက်လာတယ်။ ညီတော်တွေလည်း တိဗေရိအိုင်နားက ထင်ရှားတဲ့မြို့ ကပေရနောင်ကို လိုက်လာတယ်။ တပည့်တော်တွေက ကာနမင်္ဂလာဆောင်ပွဲမှာပြတဲ့ နိမိတ်လက္ခဏာကြောင့်သာ မဟုတ်ဘဲ၊ ကိုယ်တိုင်ကိုယ်ကျ အားကိုးလာတယ်။ အဲဒါ သူတို့အတွက် ပိုကောင်းတာပေါ့။ ဆုတောင်း ပျော်ရွှင်စရာကောင်းဖို့ မင်္ဂလာဆောင်ပွဲကို ဖိတ်ခေါ်ခံရတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ယေရှု။ အပြစ်များကို ခွင့်လွှတ်မူပါ။ ဝိညာဉ်တော်နဲ့ ပြည့်စေပါ။ နောက်တော်လိုက်လျက် သန့်ရှင်းစွာ နေပါမည်။ ကိုယ်တော်နည်းတူ အများအတွက် အသက်ရှင်ပါမည်။ မေးခွန်း ၂၄
QUIZ - 1ချစ်သော ဓမ္မမိတ်ဆွေ
ဒီစာစောင်များကို မိတ်ဆွေထံသို့ ရောက်လာဖို့ရန်မိတ်ဆွေ ရဲ့အိမ်လိပ်စာအတိအကျကို အောက်မှာ ဖြည့်ပေးပါ။ Waters of Life Internet: www.waters-of-life.net |