Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- Tracts -- Tract 08 (Who is Christ?)
This page in: -- Armenian -- Baoule -- BURMESE -- Chinese -- Dagbani? -- Dioula -- English -- French -- German? -- Greek -- Hausa -- Hebrew -- Hindi -- Igbo -- Indonesian -- Japanese -- Korean? -- Lingala -- Maranao -- Nepali? -- Peul? -- Somali -- Spanish -- Sundanese -- Telugu? -- Thai? -- Turkish -- Twi? -- Uzbek -- Yoruba

Previous TractNext Tract

ဝေစာ - ဖြန့်ဝေဖို့ရန် နုတ်ကပတ်တော်များ

ဝေစာအမှတ်စဉ် 8 -- ခရစ်တော်ယေရှုကား အဘယ်သူနည်း?


နိုင်ငံရေးပါတီများနှင့် ဘာသာရေးတွေက တောက်ပသောအရောင်အဆင်းများနှင့် စိတ်လှုပ်ရှားဖွယ် ဝါဒဖြင့် မိမိတို့အခြေခံမှုကို တင်ပြဖို့ စာအုပ်တွေနဲ့ အင်တာနက်မှတစ်ဆင့် မိမိတို့၏အယူဝါဒနှင့် တည်ထောင်သူ ၏ အတ္ထုပတ္တိများကို ဖော်ပြရန် ကြိုးစားကြသည်။

မာရိ၏သားတော်ယေရှုသည် ဤဝါဒဖြန့် အနားမှ ညင်ညင်သာသာဆိုလိုတာဖြစ်တယ်။ သူက သူ့ကိုသိချင်လိုသောသူတိုင်းမှ သူကိုယ်တိုင်မိတ်ဆက်ပေးတယ်။ ဓမ္မသစ်ကျမ်းတွင် (၅၆၉)ကြိမ် ခရစ်တော် ယေရှု၏နာမည်ကို တွေ့ရပါတယ်။ ခရစ်တော်သူကိုယ်တိုင် သူ၏ကိုယ်ပိုင်လက္ခဏာ ထုတ်ဖော် ပြောဆိုတယ်။ “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသိတင်းကိုကြားပြောစေခြင်းငှါ ငါ့ကို ဘိသိတ်ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကို ပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်း သောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်း ငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း” (လုကာ ၄:၁၈-၁၉)။

ခရစ်တော် ဖွားမြင်မယ့်အကြောင်းကို သူမဖွားမှီ နှစ်ပေါင်း ၇၀ဝကျော်ကတည်းက ပရောဖက်ဟေရှာယ မှ ဖော်ပြထားပြီးသားဖြစ်ပါတယ်။ (ဟေရှာ ၆၁း၁-၂)။

မာရိ၏သားယေရှုသည် ထာဝရဘုရား၏ဝိညာဉ်တော်ကို မွေးဖွားခဲ့တယ်။ သူက ဘုရားသခင်၏ အလိုတော်ပြီးမြောက်နိုင်အောင် သန့်ရှင်းသောဝိညာဉ်တော်နှင့်အတူ အပြည့်အဝအလုပ်လုပ်ခြင်းဖြစ်တယ်။ သူသည်အမြဲ အပြစ်မဲ့၊ စင်ကြယ်သန့်ရှင်းစွာနဲ့ နေထိုင်ခဲ့တယ်။

ခရစ်တော်ယေရှုသည် “သခင်ဘုရား၏ဝိညာဉ်တော်နှင့် ဘိသိက်ခံခြင်း” ကြောင့် သူကိုယ်တိုင် သက်သေပြခဲ့သည်။ ဓမ္မဟောင်းကျမ်းစာမှာ ရှင်ဘုရင်တို့ ယဇ်ပုရောဟိတ်တို့နှင့် ပရောဖက်တို့သည် မိမိတို့၏ လုပ်ငန်းတာဝန်များ ပြီးမြောက်ဖို့ရန် ဘုရားသခင်၏ တန်ခိုးတော်နှင့် ဉာဏ်ပညာတပ်ဆင်ခံထား တစ်ဦး သင်္ကေတအဖြစ်သန့်ရှင်းသောဆီနှင့် ဘိသိက်ခံခဲ့ကြသည်။ ဓမ္မဟောင်းကျမ်းမှာ သန့်ရှင်းသောဆီနှင့် တပ်ဆင် ခြင်း၏ နိမိတ်လက္ခဏာသည် ခရစ်တော်အားထုတ်ဖော်ပြသခဲ့သည့်အရာကို အရိပ်ဖြစ်ခဲ့သည်။ ခရစ်တော် ယေရှုသည် ဝိညာဉ်တော်တန်ခိုးဖြင့် ဘိသိက်ခြင်းကို ခံကာ သူသည် ထာဝရဘုရင် (ဒံယေလ ၇း၁၃-၁၄) နောက်ဆုံးယဇ်ပုရောဟိတ်(ဆာလံ ၁၁၀း၄) ကတိတည်ကြည်သောပရောဖက် (တရား ၁၈း၁၅) အများအတွက် ကြားဝင်အသနားခံသူ (ဟေရှာယ ၅၃) ဘုရားသခင်၏နှုတ်ကပတ်တော် (ဟေရှာယ ၆၁း၁-၂)။ “ခရစ်တော်ယေရှု” မာရိသားတော်၏နာမကို မဟုတ်ဘဲ ဘုရားသခင်က ဒီတိုင်းနင်းအပ်ထားသောသူ၏ ခန့်အပ်ထားခြင်း ဖော်ပြတာဖြစ်တယ်။


ဘာအကြောင်းပြချက်အတွက် ခရစ်တော်အစေခံခဲ့သလဲ?

ဖန်ဆင်းရှင်သည် ခရစ်တော်အား စေလွတ်ခြင်းအကြောင်းမှာ ဘုရားသခင်၏ အမျက်တော်ထဲက ကယ်နှုတ်ဖို့နှင့် တရားစီရင်ခြင်း၏ နေ့ရက်တွင် အပြစ်လွတ်မည်အကြောင်း ဆင်းရဲသော သူတို့အား ဟောပြောဖို့၊ သူတို့အတွက် ရွေးနှုတ်ခြင်းသတင်းကောင်း ကမ်းလှမ်းရန် သန့်ရှင်းသောဝိညာဉ်တော်နှင့် ကိ်ုယ်တော်စေခိုင်းတာဖြစ်တယ်။

ဘုရားသခင်သည် ပညာရှိ၊ ကြွယ်ဝချမ်းသာ၊ လူသိမြင်သာသော ပုဂ္ဂိုလ်များကို ရှေ့ဦးစွာ နှစ်သက်တာ မဟုတ်ဘဲ အပြစ်ရှိသော၊ အကူညီမဲ့သောသူ၊ အငယ်ဆုံးသောသူများကို နှစ်သက်သောသူပါ။ အနန္တတန်ခိုးရှင်ထံတော်မှ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခြင်းဖြင့် ထိုသူတို့ကို မျှော်လင့်ခြင်း၊ ဝိညာဉ်ရေးရာတန်ခိုးတော်နှင့် ထာဝရအသက်ကို ပူဇော်ဖို့ ခရစ်တော်အား စေလွတ်ခဲ့သည်။

အဆိုပါ စိတ်လှုပ်ရှားဖွယ်ကောင်းသော သတင်းကို ယေရှုသည် “ဧဝံဂေလိတရားတော်” လို့ ခေါ်ဝေါ်ပေးသည်။ ဒါဟာ ခရစ်တော်ကို ယုံကြည်သူတိုင်းအတွက် ကောင်းကင်ဘုံ၌ ရှိသော စံအိမ်တော်ဝင်ဖို့နှင့် ဘုရားသခင်၏ မိသားစုဝင် ဖြစ်လာဖို့ သတင်းစကား ဖြစ်ပါတယ်။ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒီသတင်းစကား ဧဝံဂေလိကိုကြားပြီး လက်ခံသောသူအထဲမှာ ကျိန်းဝပ်နေတယ်။ ဒီဧဝံဂေလိတရားသည် ကျွန်တော်တို့အား ဘုရားသခင်ရဲ့ ဆုကျေးဇူးဖြစ်ပါတယ်။ ဒီကမ်းလှမ်းမှုကို လျစ်လျူရှုထားပြီး မဖတ်ရင် သူ့ရဲ့ ကယ်တင်ခြင်းဝေးနေမှာဖြစ်ပြီး မျှော်လင့်ချက်မဲ့နေဦးမှာ ဖြစ်တယ်။

ခရစ်တော်ယေရှုသည် စိုးရိမ်ပူပန်ခြင်းနဲ့ နှလုံးသားကြေကွဲသောသူတွေအတွက် အပြစ်သားတွေ အတွက် ဘုရားသခင်က စေလွတ်ခြင်းဖြစ်တယ်။ ခရစ်တော်သည် စာတန်၏ အခွင့်အာဏာအောက်တွင် သူတို့၏အပြစ်များကို ချည်နှောင်ခြင်းခံရသောသူများကို ကယ်တင်ပေးတယ်။ သူသည် ဝိညာဉ်ရေးမှာ သေဆုံးခံရသောသူ၊ အပြစ်ရှိသော ဧဝံဂေလိတရားကျမ်းများကို ဖတ်ဖူးသော မည်သူမဆို မာရိ၏သားတော် ယေရှုသည် ဘုရားသခင် ဘိသိက်တန်ခိုးတော်ခံရသော စစ်မှန်တဲ့ ခရစ်တော်အကြောင်းကို အသိအမှတ် ပြုနိုင်မှာဖြစ်တယ်။ သူက သင်္ချိုင်းတွင်း၌ သေသူမဟုတ်ပါဘူး။ သူ ရှင်ပြန်ထမြောက်ပါတယ်။


သန့်ရှင်းသောဝိညာဉ်နှင့်အတူ ဘိသိက်ခံပြီးပါသလား?

ခရစ်တော်သည် တစ်ကိုယ်ကောင်းဆန်သောသူမဟုတ်ပါ။ သန့်ရှင်းသောဝိညာဉ်တော်ဘိသိက်ခြင်းနှင့် တန်ခိုးတော်သူ့အတွက်ပဲ မတောင်းခဲ့ပါဘူး။ သူ့ကိုယုံကြည်သောသူတိုင်းသည်လည်း ကျေးဇူးတရား၏ ဝိညာဉ်တော်နှင့် ဘိသိက်ခံစေခြင်းငှါ၎င်း၊ ဘုရားသခင်၏မေတ္တာတော်နှင့် ပြည့်စုံစေခြင်းနှင့် မိမိတို့၏ စိတ်နှလုံး ထဲမှာ ဘုရားသခင်၏ ငြိမ်သက်ခြင်းကို ရဖို့ ဝိညာဉ်တော်ကို ပေးလှူပါတယ်။ ကိုယ့်ကိုယ်ကို မေးကြည့်ပါ “ငါသည် ငါ့အပြစ်တရားအားဖြင့် ချည်နှောင်ညစ်ညူးသောသူ တစ်ဦးဆက်လက် တည်ရှိနေမည်လော ဒါမှမဟုတ် ငါ့ကိုစင်ကြယ်စေခြင်းနှင့် အပြစ်လွတ်ခရစ်တော်နှင့် သူ၏ သန့်ရှင်းသော ဝိညာဉ်နှင့်အတူ ဘိသိက်ခံရဖို့ ဆန္ဒရှိပါသလား? ခရစ်တော်ကပြောသည် “ငါ့ထံသို့ လာသောသူကို ငါသည် အလျင်းမပယ်” (ယောဟန် ၆း၃၇)။ “ငါ့ကိုယုံကြည်သောသူသည် ထာဝရအသက်ရမည်” (ယောဟန် ၆း၃၅, ၄၇; ၈း၁၂; ၁၀း၂၇-၂၈; ၁၁း၂၅-၂၆) နှင့် ငါ့ကို ကိုးစားသောသူ အထဲ၌ ငါနေမည်။ ချစ်ခင်ရပါသော မိတ်ဆွေ,

သင်တို့သည် ဤဘုရားသခင်၏ကတိတော်များ အသိအမှတ်ပြုသောအခါ ယေရှုအတွက် နှလုံးသားကို ဖွင့်ဟပေးပါ။ သူသည် ဝိညာဉ်တော်နှင့် ဘိသိက်ပေးမှာဖြစ်တယ်။

ခရစ်တော်က ဒီဝိညာဉ်ဘိသိက်ခြင်း၏ လျှို့ဝှက်ချက်ကို သူသည် သခင်ဘုရား၏ လက်ခံနိုင်ဖွယ်သော နှစ်ရောက်စေဖို့လာမယ်လို့ ဆိုပါတယ်။ မောရှေကျမ်းထဲတွင် နှစ်ပေါင်း(၅၀)ကြာပြီးနောက် ရှိသမျှ ကျေးကျွန် လွတ်မြောက်ရမည်နှင့် ၎င်းတို့၏ ယခင်ဥစ္စာရှိသမျှနှင့် ပြန်လာသင့်ကြောင်းကို ဖတ်ရပါတယ်။ (ဝတ်ပြု ၂၅း၁၀)

ဤအကြောင်းအရာသည် ဝိညာဉ်ရေးရာလွတ်မြောက်ခြင်းဆီသို့ ဦးတည်နေတဲ့ နိမိတ်လက္ခဏာ ဖြစ်ပါတယ်။ ခရစ်တော်သည် ကျွန်တော်တို့ကို စောင့်ဆိုင်းနေသော ဘုရားသခင် ကျွန်တော်တို့ပြန်သွားဖို့ ပြီးနောက် ညစ်ညူးခြင်းနဲ့ လွန်ကျူးခြင်း အပြစ်တရား၏ ကျေးကျွန်မှ ကယ်လွတ်စေလိုသည်။ ခရစ်တော်အား ကျွန်ုပ်တို့အပြစ်အတွက် ကျွန်တော်တို့ကိုယ်စား အပြစ်ဖြေလွတ်ခြင်းကို ကျေးဇူးတင်စကားပြောရမှာဖြစ်တယ်။ အတိတ်ကာလမှာ ဘုရားသခင်သည် မောရှေအားဖြင့် ပညတ္တိကျမ်းကို ပေး၏။ ဒါပေမယ့် ကျေးဇူးတော်နှင့် သစ္စာတရားတော်ကို ယေရငခရစ်တော်အားဖြင့်သာ ဖြစ်၍ (ယောဟန် ၁း၁၇)။ ခရစ်တော်သည် ဤလောကကို အစိုးရသော အပြစ်အတွက်သေပြီးနောက် လူသားတိုင်းသည် အတားအဆီးမရှိဘဲနဲ့ ဘုရားသခင်ရှေ့တော်သို့ လှည့်နိုင်ပါသည်။ ခရစ်တော်ထံ လှည့်လာသောမည်သူမဆို ဘုရာသခင်၏နိုင်ငံတော်သို့ သူ၏အမွေနဲ့ သန့်ရှင်းသောဝိညာဉ်တော်၏ ဘိသိက်ခြင်းကို ခံရမှာဖြစ်ပါတယ်။ သူတို့သည် တရားစီရင်သော နေ့ရက်တွင် ထာဝရတရားသူကြီးအဖြစ် ဘုရားသခင်ကို မြင်ရကြ လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်သည် ထိုသူတို့အဘို့ ဝမ်းမြောက်ရွင်လန်းခြင်းအတူ စောင့်ဆိုင်းနေသော မေတ္တာနဲ့ လက်ခံသောဘုရားအဖြစ် သူတို့အပေါ် လာပါ လိမ့်မည်။


မည်ကဲ့သို့ ခရစ်တော်ကို ကျွန်တော်သိရှိသလဲ?

ကျွန်တော်သည် ကိုယ့်အာရုံ၏ ပျော်မွေ့ဖို့ အပြစ်နဲ့ ကျေးကျွန်သားအဖြစ်နေထိုင်ခဲ့သည်။ အမြဲတမ်း ကျွန်တော်သည် အာရုံငါးပါးလိုအပ်ချက်ကို ကျေနပ်ဖို့ ရွင်လန်းပေးသော ချစ်ခြင်းတွေ ရှာသော်လည်း နှလုံးသား၏ လိုအင်ဆန္ဒကို မပေးနိုင်ပါ။ တစ်ခါတစ်လေတော့လည်း တစ်ခဏတာတွင် ဝမ်းမြောက်ခြင်း ပါသော်လည်း ကိ်ုယ်နှလုံးသားမှာ ခဏဆို ပျောက်သွားပြီး အရင်အတိုင်း အမြဲဝမ်းမြောက်ခြင်းကို မရဘဲ အချိန်လေး မကြာမှီ ပျောက်ကွယ်သွားပြီး ခံစားချက်တွေပြကန်ဝင်လာပါတယ်။ ယေရှုသတင်းကောင်း အကြောင်းကို ကြားသိသည်အထိ ဒီအသက်လမ်းအတိုင်း အသက်ရှင်နေတာဖြစ်တယ်။ ယေရှုအကြောင်း ကြားသိပြီးနောက် သူ့ကို ရှာဖွေစတင်ပြီး သူငယ်ချင်း တစ်ဦးက ယေရှုသည် လူသားအားလုံးအတွက် အသက်ကို ပေးပြီး ကယ်တင်ကြောင်းကို ပြောကာ မိတ်ဆွေက ယေရှုသည် ကျွန်တော့်အသက်တာ ပြောင်းလဲ ပေးနိုင်ကြောင်းကို ပြောပြပါတယ်။

ကျွန်တော် ထာဝရဝမ်းမြောက်ခြင်းနှင့် ပျော်ရွင်မှုဘဝကို ရပြီး ထာဝရအသက်ကို ပေးစေခြင်းငှါ အဘို့ ခရစ်တော်အသေခံသည်ကို နားလည်သဘောပေါက်လာပါတယ်။ သို့သော် ထိုဝမ်းမြောက်ခြင်းနဲ့ ထာဝရ အသက်ကို ရရှိဖို့ရန် ကျွန်တော်သည် သူ့ကိုယုံကြည်ကာ နှလုံးသား တင်သွင်းရမည်သည်ကို သိပါတယ်။ ထိုအခါ ယေရှုထံ ကျွန်တော့်အသက်တာအားလုံး ပုံအပ်ကာ ဆုတောင်းဖို့ ဆုံးဖြတ်လိုက်ပါသည်။ ယခု ကျွန်တော်ဆိုရင် ထာဝရဝမ်းမြောက်ခြင်းနဲ့ ပျော်ရွင်မှုတို့နှင့်အတူ နေထိုင်နေတာဖြစ်တယ်။ ကျွန်တော်စိတ်ထဲမှာ ပူပန်မှု၊ ညှဉ်းဆဲခြင်း၊ ကြောက်လန့်ခြင်းကို မခံစားရတော့ဘဲ ယေရှုသည် ကျွန်တော့်ရဲ့လိုအင်ဆန္ဒကို ပြည့်ဝစေတယ်ဆိုတဲ့ ပျော်ရွင်မှုကို ရရှိပါတယ်။ မိမိရဲ့အသက်တာထဲမှာ ထာဝရဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း၏ အသက်တာရှိစေခြင်းငှါ သင်၏နှလုံးသားထဲသို့ ခရစ်တော်ကို ဖိတ်ခေါ်က နေရာပေးပါရန် ချစ်လှစွာသော စာဖတ်သူကို ဖိတ်ခေါ်လိုပါသည်။

ယောဒန်မှ လူငယ်တစ်ဦး၏ သက်သေခံချက်

ဆုတောင်းပဌနာ
သနားခြင်းကရုဏာတော်နဲ့ ပြည့်စုံသောဘုရားသခင်၊ ကိုယ်တော်သည် နောင်တရသောသူအပေါင်း တို့၏ ဝိညာဉ်ဖခင်ဖြစ်ပါတယ်။ ညစ်ညူးသော ဤလောကထဲသို့ အပြစ်သား ကျွန်တော်တို့ကို စေလွတ် သောကြောင့် ကျေးဇူးကြီးလှပါ၏ အဖဘုရားသခင်။ ကျွန်တော်တို့ ရှိသမျှသည် အပြစ်ရှိသောသူများသာ ဖြစ်ကြပါ၏။ ခရစ်တော်၏ စင်ကြယ်သောဝိညာဉ်တော်လက်ခံဖို့ အထံတော်သို့ လက်ခံရန် မထိုက်မတန်သော သူတွေပါ။ သို့သော်လည်း ကိုယ်တော်သည် စိတ်ဝိညာဉ်အား ဆင်းရဲသောသူကို ကောင်းကြီးပေးသော ဘုရား ဖြစ်ပါ၏။ ခရစ်တော်ရဲ့အပြစ်ဖြေလွတ်ခြင်းကြောင့် ကျွန်တော်တို့ အသက်တာ ကိုလည်း နှိမ့်ချလာနိုင်ဖို့၊ စင်ကြယ်လာဖို့၊ သနားကရုဏာထားတတ်ဖို့၊ သန့်ရှင်းသောမေတ္တာအပြည့်နှင့် အသက်ရှင်ကာ ဝိညာဉ်တော် ဘိသိက်ခြင်း ဆီကို လိမ်းပြီး မစတော်မူပါ။ အလိုတော်အတိုင်း အသက်ရှင် စေတော်မူပါ။ ယေရှုနာမနဲ့ ဆုတောင်းပါ၏။ အာမင်။


နှုတ်ကပတ်တော်ကို ပို၍သိရှိလိုပါသလား ချစ်သောမိတ်ဆွေ?

ကျွန်တော်တို့သည် မိတ်ဆွေလိုအပ်တဲ့ အခမဲ့စာပေများကို တောင်းဆိုတဲ့အတိုင်း ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကောင်းကို မိတ်ဆွေရဲ့ အိမ်နီးနားချင်းကိုလည်း ဖြန့်ဝေပေးပါ။ ဒီစာစောင်ကို ဖတ်ခြင်းအားဖြင့် မိတ်ဆွေတကယ်ပဲ ခွန်အားရရှိကာယေရှုနဲ့ ထိတွေ့သွားရင် အိမ်နီးနားချင်းကိုလည်း မျှဝေ ပေးပါ။ လိုအပ်သလောက် စာစောင်ကိုအခမဲ့နဲ့ ကျွန်တော်တို့ထံမှ ရရှိမှာ ဖြစ်ပါတယ်။

မိတ်ဆွေရဲ့ သက်သေခံချက်စာစောင်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။ စာရေးတဲ့အချိန် စာပြန်ပေးဖို့ရန် လိပ်စာအပြည့်အစုံ ရေးပေးထားပါ။ ဘုရားသခင်ကောင်းကြီးပေးပါစေ။

ဒီစာစောင်ကိုဖတ်ခြင်းအားဖြင့် မိတ်ဆွေခွန်အားရရှိကာ ငြိမ်သက်ခြင်းကို ရရှိလျှင် အိမ်နီးနားချင်း ပတ်ဝန်းကျင် ကိုလည်း မျှဝေပေးပါ။ မိတ်ဆွေရဲ့ သက်သေခံချက် စာစောင်ကို ကျွန်တော်တို့ စောင့်မျှော် နေပါတယ်။

WATERS OF LIFE
P.O. BOX 60 05 13
70305 STUTTGART
GERMANY

Internet: www.waters-of-life.net
Internet: www.waters-of-life.org
e-mail: info@waters-of-life.net

www.Waters-of-Life.net

Page last modified on September 18, 2018, at 10:33 AM | powered by PmWiki (pmwiki-2.3.3)