Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- Tracts -- Tract 03 (Bless the Lord, O My Soul!)
This page in: -- Armenian -- Baoule -- BURMESE -- Chinese -- Dagbani? -- Dioula -- English -- French -- German? -- Greek -- Hausa -- Hebrew -- Hindi -- Igbo -- Indonesian -- Japanese -- Korean -- Lingala -- Maranao -- Nepali? -- Peul? -- Somali -- Spanish -- Sundanese -- Telugu -- Thai -- Turkish -- Twi -- Uzbek -- Yoruba

Previous TractNext Tract

ဝေစာ - ဖြန့်ဝေဖို့ရန် နုတ်ကပတ်တော်များ

ဝေစာအမှတ်စဉ် 3 -- အိုငါ့ဝိညာဉ် ထာဝရဘုရားကို ကောင်းကြီးပေးလော့


ပုထုဇဉ်လူသား များသောအားဖြင့် ကိုယ့်ရဲ့အသက်ရှင်မှုအတွက်ကို ရုန်းကန်ပြီးမှ လှုပ်ရှား ကြပါတယ်။ တချို့သောသူတွေက အခွင့်အရေးကို ရရင်ရသလိုအသုံးပြုကာ အချိန်တွေကို နှစ်မြုပ်ကာ အသက်ရှင်ဖို့ ငွေရေးကိုရှာဖွေ ရုန်းကန်ကြပါတယ်။ ကောင်းပါသော်ငြားလည်း ယေရှုသခင်ရဲ့ သွန်သင်ချက်ကတော့ "အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကို ချစ်မည်။ သခင်တဦးကိုမှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီစည်းစိမ်၏ အစေကို၎င်း၊ မခံနိုင်ကြ" (မဿဲ ၆း၂၄)။

ကျမ်းစာထဲမှာ ဘုရားရဲ့စိတ်နှလုံးသားနဲ့ညီညွတ်သော ဒါဝိဒ်မင်းကြီးကတော့ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ခြင်းအားဖြင့် ဒီပြဿနာတွေကို ဖြေရှင်းခဲ့ပါတယ်။ ဒါဝိဒ်သည် သူ့ကိုသူ အားပေးကာ ဘုရားသခင်ကိုသာ အာရုံစိုက်ပြီး အခြားသောအရာတွေအားလုံး မတွေးတောဘဲနဲ့ ဘုရားသခင်ရဲ့ မျက်မှောက်တော်ရှေ့မှာ ရပ်ပြီးမှ ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်သည်မှာ "အို ငါ့ဝိညာဉ်၊ ထာဝရ ဘုရားကို ကောင်းကြီးပေးလော့။ ငါ၏အထဲမှာရှိသမျှတို့၊ သန့်ရှင်းသောနာမတော်ကို ကောင်းကြီး ပေးကြလော့။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။ သင်၏ အပြစ်အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက် စေတော်မူ၏" (ဆာလံ ၁၀၃း၁-၄)။ ဆုတောင်းခြင်းနဲ့ ချီးမွမ်းကိုးကွယ်ခြင်းလုပ်နိုင်ဖို့ရန် စိတ်ဓါတ် ကြံ့ခိုင်နိုင်ဖို့နဲ့ သည်းခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။ ဒါဝိဒ်သည် ကိ်ုယ်တော်ကို အမြဲထောမနာချီးကျူးပြီး

ချီးမြှောက်ချင်သောသူဖြစ်ပါတယ်။ ယုံကြည်သူများကို ဝိညာဉ်တော်ဘုရားက နေ့ရက်စဉ်တိုင်းမှာ မတတ် နိုင်သောအရာများ မစကူညီသော ဝိညာဉ်တော်ဖြစ်ပါတယ်။ ဓမ္မဟောင်းကျမ်းထဲမှာ 'ကိုယ်တော်'ဆိုတဲ့ စကားလုံး (၆၈၂၈)ကြိမ် တွေ့ရှိကာ ထာဝရဘုရားက (၂၆၀ဝ)ကြိမ် တွေ့ရှိရပါတယ်။ ထာဝရဘုရား နာမည်သည်လည်း ကိုယ်တော်လို့ ခေါ်ဝေါ်လေ့ရှိပါတယ်။ ဘယ်တော့မှ မပြောင်းလဲဘဲ သစ္စာရှိသော ဘုရားသခင်လို့ အတည်ပြုခြင်းဖြစ်ပါတယ်။ ဒါဝိဒ်ကဲ့သို့ ထာဝရဘုရားသခင်သည်သာ ချီးမွမ်းကိုးကွယ် ခြင်းခံထိုက်သော အရှင်ဘုရားဖြစ်ပါတယ်။ ဒါဝိဒ်သည် သူ့အစွမ်းရှိသမျှနဲ့ ဘုရားသခင်ကို အာရုံစိုက်ကာ ချီးမွမ်းကိုးကွယ်တယ်။ သူ့ရဲ့အတွေးတွေထဲမှာ ဘုရားသခင်ရဲ့ ကျေးဇူးပြုခြင်းကိုသာ အောက်မေ့ကာ ချီးမွမ်းနေပါတယ်။ ဒါဝိဒ်သည် ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနဲ့ ချီးမွမ်းကိုးကွယ် ချင်သောသူဖြစ်ပါတယ်။ ကိုယ်တော်မှာ အပြစ်မရှိ လိမ်ညာမှု၊ လှည့်ဖြားမှုမရှိ၊ လုပ်မှား ခြင်းမရှိ၊ ဉာဏ်ဆင်ခြင်ချက်မရှိဘဲ သန့်ရှင်းတော်မူသော ကိ်ုယ်တော်လို့ ဒါဝိဒ်က ဆိုထားပါတယ်။ ကိုယ်တော်၏ မျက်မှောက်တော်ရှေ့သို့ ရောက်ရှိလာသောသူတိုင်းသည် စစ်ဆေးခြင်းခံရကာ သန့်ရှင်းသောဘုရား သခင်ရှေ့တော်၌ အပြစ်အားလုံးသည် ပေါ်ထွန်းသွားမှာဖြစ်ပါတယ်။ ဒါဝိဒ်အနေနဲ့ ဒီဝိညာဉ် ရေးရာကို ကြုံတွေ့ခဲ့ဖူးသူဖြစ်ပြီး သန့်ရှင်းသောဘုရားရှေ့မှာ ကိုယ့်ကိုကိုယ်နှိမ့်ချကာ သန့်ရှင်းသောဘုရားကို ချီးမွမ်းနေပါတယ်။ သူသည် ချီးမွမ်းထိုက်ကိုးကွယ်ထိုက်သော သန့်ရှင်းဖြောင့်မတ်သော ဘုရားသခင် ဖြစ်ပါတယ်။ ဒါဝိဒ်သည် သူ့ရဲ့အထဲမှာရှိတဲ့ ဝိညာဉ်ကို (၃)ကြိမ်မြောက်သည့်တိုင်အောင် သန့်ရှင်းသော ဘုရားကို ချီးမွမ်းကာ ထာဝရဘုရားကို ကောင်းကြီးပေးဖို့ တိုက်တွန်းပါတယ်။ ဒီလိုသူ့ကိုသူ တိုက်တွန်း ခြင်းသည် နေ့စဉ်လောက၌ကြုံတွေ့တတ်သော ငွေရေး သောကနဲ့ ကင်းဝေးစေဖို့ရန်လည်းကောင်း နေ့စဉ်ကြုံတွေ့ရတတ်သော ပြဿနာများမှ ကင်းဝေးဖို့ ဘုရားကိုသာ အာရုံပြုခြင်း ဖြစ်ပါတယ်။ ဒါဝိဒ် သည် သူ့ရဲ့အာရုံ သူ့ရဲ့ဖြစ်ခြင်းအားလုံးကို ထာဝရဘုရားကိုပဲ အပ်နှံသောသူ ဖြစ်ပါတယ်။

ဒီလိုအားထုတ်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် သူ့ကိုမစကာ ဒါဝိဒ်သည် ဘုရားရဲ့ကျေးဇူးတော်ကို ရေတွက်ကာ ချီးမွမ်းပါတယ်။ ပုထုဇဉ်လူသားတွေက ဘုရားသခင်ပေးတဲ့ ကောင်းချီးမင်္ဂလာတွေ၊ ဆုတောင်းခြင်းပြည့်စေခဲ့တဲ့အရာတွေ ခဏခဏမေ့တတ်ကြပါတယ်။ ကမ္ဘာ့ ချန်ပီယံတင်လောက်အောင် ကျွန်တော်။မ တို့သည် ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေ မေ့တတ်၊ မသိတတ်သောသူတွေ ဖြစ်တတ်ပါတယ်။ ဘုရားသခင်ပေးတဲ့ ကောင်းချီးမင်္ဂလာတွေကို မှတ်ကာ ကျေးဇူးတော်ချီးမွမ်းဖို့ မိတ်ဆွေကို ခွန်အားပေးချင်ပါတယ်။ နေ့စဉ်တိုင်း လိုအပ်တဲ့ အသက်ရှူဖို့ အခမဲ့ ပေးတဲ့ လေကောင်းလေသန့်အတွက်၊ ရေ စသော အစားအသောက်တွေ၊ အဝတ်အစားတွေအတွက်၊ မိဘညီအစ်ကိုမောင်နှမတွေပေးတယ်၊ အလုပ်ကိုလုပ်နိုင်တဲ့ ကျန်းမာခြင်း စသော အရာများမှ စတင်ကာ ကျေးဇုူးတော်ကို ရေတွက်ကာ ချီးမွမ်းပါ။ ဘေးအန္တရာယ်မျိုးစုံဖြစ်တတ်သော လေမုန်တိုင်း ငလျင်လှုပ် ခြင်းဘေး၊ လေဘေး၊ မီးဘေးမှ ကွယ်ကာစောင့်ထိန်းတဲ့အတွက် ကျေးဇူးတင်ပါ။ ဘုရားသခင်ပေးတဲ့ အသက်တာ မိသားစုအတွက် ကျေးဇူးတော်ရေတွက်ကာ ချီးမွမ်းပါ။ ဘုရားသခင် ဘာဆုကျေးဇူးတွေကို ပေးလဲ စဉ်စားပါ ဆင်ခြင်ပါ။ ဘုရားအပေါ်မှာ ကျေးဇူးတင်ဖို့ရန် ဝန်မလေးပါနဲ့။ ဒါဝိဒ်ကဲ့သို့ မိမိရဲ့ နှလုံးသားကို ခွန်အားပေးကာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရင် ဘုရားသခင်သည် မိတ်ဆွေ ရဲ့အသက်တာကို နှစ်သက်မင်္ဂလာရှိစေမှာဖြစ်တယ်။ ကျေးဇူးတင်ဖို့ အဓိကအကျဆုံးသော အချက်ဟူမူ ကား ဒါဝိဒ်သည် အပြစ်မှခွင့်လွှတ်ဖို့ ဆုတောင်းတဲ့အခါ အပြစ်ကို ခွင့်လွတ်တဲ့အတွက် ကျေးဇူးတင် ပါတယ်။ ဒီကနေ့လူတော်တော်များများသည် ကိုယ့်ကိုကိုယ် အပြစ်မရှိသလို၊ အပြစ်မဲ့သလိုလို အသက် ရှင်နေကြတယ်။ ထိုသူတို့သည် သူတို့ရဲ့ ရာဇဝတ်မှု၊ အပြစ်တွေကို ဖုံးအုပ်ကာ မျက်မှောင် ကြုပ်တတ် ကြပါတယ်။ ထိုကဲ့သို့သော အကျင့်တွေ နမူနာမယူဘဲနဲ့ အဲဒီအပြစ်မှ နောင်တရပါ။ ဒီအပြစ်မှ ထပ်မမှားအောင် ဆုံးဖြတ်ချက်ချကာ ဘုရားရှေ့တော်မှာ အပြစ်တွေအားလုံးဝန်ချလျက် ဆုတောင်းပါ။ ဘုရားရှေ့တော်မှာ အပြစ်တွေ ဝန်ချတောင်းပန်ကာ ဆုံးဖြတ်ချက်ကိုချရင် တပည့်တော် ယောဟန်က ဘုရားသခင်ရဲ့ ဖော်ပြချက်ကို (၁ယော ၁း၈-၉) မှာ ဖော်ပြထားပါတယ်။ "ကိုယ် အပြစ် မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ။ ကိုယ်အပြစ်တို့ကို ဘော်ပြ တောင်းပန်လျှင်၊ ငါတို့ အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင် သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။"

ဒါဝိဒ်သည် ဘုရားသခင်ထံမှ အပြစ်အားလုံးကိုခွင့်လွတ်ခြင်းရရှိကာ ဘုရားရဲ့ကျေးဇူးတော်ကို ခံရသော သူဖြစ်ပါတယ်။ ဒါကြောင့် သူသည် သူ့အထဲမှာ ရှိရှိသမျှတို့ ထာဝရဘုရားကို ကောင်းချီး ပေးလော့ ဟုဆိုကာ သူ့ကိုသူ ကျေးဇူးတော်အပေါင်းကို မမေ့လျော့ဖို့ရန် အားပေးတိုက်တွန်းတယ်။ ဘာကြောင့် ကျေးဇူးတော်အပေါင်းကို မမေ့ဖို့ ပြောတာလဲ၊ သူ၏အပြစ်အလုံးစုံတို့ကို ဖြေလွတ်ကာ အနာရောဂါ ရှိသမျှတို့ကိုလည်း ပျောက်စေတော်မူသောကြောင့် ဖြစ်ပါတယ်။ အခြားသော ဘာသာ တွေကို လေ့လာ တဲ့အခါ ဒီလိုအပြစ်အလုံးစုံကို ခွင့်လွတ်ပေးတဲ့ ဘာသာတွေ မတွေ့နိုင်ပါဘူး။ ဘုရား သခင်သည် တချို့ သော အပြစ်ကိုသာ ခွင့်လွတ်ခြင်းမဟုတ်ဘူး၊ ဒီတခုတော့ အပြစ်အရမ်းကြီးလို့ ခွင့်မလွတ်နိုင်တဲ့ အပြစ်မရှိပါဘူး၊ အပြစ်ဖြစ်သော အလုံးစုံတစ်ခုမကျန် ခွင့်လွတ်ကာ ဖြောင့်မတ်ခြင်းကို ပေးကာ အသက်တာကို ဖြူစင်စေသော ကျွန်တော်တို့ကိုးကွယ်တဲ့ ဘုရားသခင် ဖြစ်ပါတယ်။ ဘုရား သခင်၏ တပါးတည်းသော သားတော်ယေရှုသည် (၇)ရက်သားသမီးတိုင်းရဲ့ အပြစ်အတွက် သေခြင်းကို ခံရခြင်းနဲ့ လောကသားအပြစ်အားလုံးကို ယူဆောင်သင်္ဂြဟ်သွားခဲ့ခြင်းသည် မိမိတို့ လူသားအားလုံး အတွက် ယုံမှားဖွယ်မရှိ၊ ကျိန်းသေစိတ်ချနိုင်ခြင်းကို ပေးပါတယ်။ "စင်ကြယ်သောသူတို့သည် ထာဝရ စုံလင်ခြင်း အကျိုးကို ရစေခြင်းငှာ၊ တခါတည်း ပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏" (ဟေဗြဲ ၁၀း၁၄)

ကျွန်တော်။မတို့သည် ဘုရားသခင်ထံမှ အပြစ်လွတ်ဖို့ တောင်းလျှောက်လိုက်ကြအချိန်မှာ မိမိဘက် ကနေလဲ လိုက်လျှောက်ဖို့ ယေရှုက ဘာပြောလဲဆိုရင်တော့ "သူတစ်ပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွတ်ပေးသကဲ့သို့ အကျွန်ုပ်တို့ အပြစ်များကို လွတ်တော် မူပါ"လို့ (မဿဲ ၆း၁၂)မှာ ဖော်ပြထားပါတယ်။ ဘုရားသခင်သည် မိမိရဲ့အပြစ်လွတ်ဖို့ရန် မိမိသည် လည်း သူတပါးအပြစ်ကိုလွတ်ဖို့ရန် အရေးကြီးပါတယ်၊ မိမိရဲ့အသက်မှာ ရန်ဘက်ရှိပါသလား၊ ကိုယ်နဲ့ မတည့်တဲ့သဘော မတိုက်ဆိုင်တဲ့သူတွေရှိပါသလား မိတ်ဆွေ၊ ထိုကဲ့သို့ သူတပါးအပြစ်တွေ ချည်နှောင် ထားတာ ရှိရင် အခုချက်ချင်းခွင့်လွတ်ပေးပါ။ သူတပါး၏ အပြစ်တွေကို ခွင့်လွတ်ခြင်းကဲ့သို့ မိတ်ဆွေရဲ့ အပြစ်တွေကို ဘုရားထံမှ ခွင့်လွတ်ခြင်းကို ခံစားရမှာဖြစ်ပါတယ်။ (မဿဲ ၆း၁၄) မှာ "သင်တို့သည် သူတပါးတို့၏ အပြစ်ကိုလွတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွတ်တော်မူမည်။" လို့ ဖော်ပြထားပါတယ်။ သူတပါးအပြစ်ကို လွတ်နိုင်ဖို့ ဘုရားသခင်ထံတော်မှာ ခွင့်လွတ်နိုင်ရန် တောင်းခံပါ။ သူသည် မိတ်ဆွေကို မစမှာဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား သည် ဒါဝိဒ်ရဲ့ အပြစ်အလုံးစုံခွင့်လွတ်ခြင်း ရရှိကြောင်းကို သိစေခဲ့တာဖြစ်ပါတယ်။ ဒုတိယအရေးကြီးဆုံး သောအချက်သည် ကျန်းမာရေးအတွက်ပင်ဖြစ်ပါသည်။ ဒါဝိဒ်သည်ကျန်းမာခြင်း ရရှိသည့်အတွက် ကျေးဇူးတော် ချီးမွမ်းကာ ဆုတောင်းပါတယ်။ ဒီအသက်အရွယ်ထိ ဘယ်နှကြိမ် နေမကောင်းဖြစ်ခဲ့ပါ သလဲ၊ ဘယ်နှကြိမ် အအေးမိပြီလဲ၊ ဘယ်နှကြိမ် ဆေးခန်း၊ ဆေးရုံတွေ ရောက်ခဲ့ပါသလဲ ချစ်သော မိတ်ဆွေ။ အကြိမ်ကြိမ်ဆေးတွေ သောက်သော်လည်း ဒီကနေ့ ကျန်းမာနေတာ ဘုရားသခင်ရဲ့ ကျေးဇူး တော်မဟုတ်ဘူးလား၊ ဆေးတွေသက်သက်နဲ့၊ ဆေးဆရာတွေရဲ့အတတ်ပညာတွေနဲ့ပဲ ကျန်းမာခြင်း ရရှိတာ မဟုတ်ဘဲ ဘုရားရဲ့မစခြင်းကျေးဇူးကြောင့် နေကောင်းပြီး အသက်ရှင်နေတာပါ။ ဘုရားသခင် သည် မိမိရဲ့ကျန်းမာရေးအတွက် အာမခံထားပါတယ်။ "ငါသည် သင်တို့၏ ရောဂါကိုငြိမ်းသော ထာဝရ ဘုရားဖြစ်သည်"ဟု ထွက်မြောက်ရာကျမ်း ၁၅း၂၆ မှာ မိန့်တော်မူခဲ့ပါတယ်။

ယေရှုဘုရားလောကထဲသို့ ကြွလာတဲ့အခါမှာ နေမကောင်းသောသူတွေကို ကျန်းမာခြင်းပေးကာ နတ်ဆိုး စွဲသောသူတွေကို နတ်ဆိုးနှင်ထုတ်ပေးပါတယ်။ ဒီကနေ့မှာ ဘုရားသခင်သည် ဆေးဆရာဝန် တွေနဲ့ ဆေးတွေကို အသုံးပြုပြီး ကျန်းမာခြင်းကိုပေးတယ်။ ကျန်းမာခြင်းသည် ဆေး၊ ဆရာဝန်တွေထံမှ မဟုတ်ဘဲ ဘုရားသခင်ထံတော်မှသာ ဖြစ်ပါတယ်။ မိတ်ဆွေ သင်ဘယ်သူ့ကို ဒီကနေ့ ကျေးဇူးတင်ပါ သလဲ၊ သင့်ကိုဖန်ဆင်းပြီး နေမကောင်းခြင်းမှ ကျန်းမာခြင်းကိုပေးကာ အသက်ကိုပေးတဲ့ ဘုရားသခင် ကို မေ့မထားပါနဲ့၊ ကျေးဇူးတင်ကြောင်းကို ဖော်ပြပါ။ ဒါဝိဒ်သည် ဘုရားသခင်ကို ချစ်ခင်ကြောက်ရွံ့ သောသူ ဖြစ်ပါတယ်။ သူ့ရဲ့သေခြင်းအတွက်သူသည် အဆင်သင့် ဖြစ်ကာ ဘုရားသခင်နဲ့ တွေ့ဆုံရမည့် နေ့ရက်ရောက်လာလိမ့်မည်ဟု သူသိပါတယ်။ ဘုရားသခင်သည် ဒါဝိဒ်က ဖြောင့်မတ်တယ်၊ ဘုရားကို ကြောက်ရွံ့တယ်ဆိုပြီး ကယ်တင်တာမဟုတ်ဘဲနဲ့ ဒါဝိဒ်သည် ဘုရားသခင်က သူ့ရဲ့ကယ်တင်ရှင်၊ ဖြောင့်မတ်ခြင်းကိုပေးသူဟု ယုံကြည်လက်ခံသောကြောင့် ဖြစ်ပါတယ်။ ယေရှုကို ယုံကြည်သူတိုင်းသည် သေခြင်းအတွက် ပူပန်ကြောက်ရွံ့ရမည်မဟုတ်ပါ။ သေခြင်းသည် အပြစ်ဒဏ်ကြောင့်လဲ မဟုတ်ပါ။ "ယေရှုကလည်း၊ ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက် ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည် သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည် လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။" (ယောဟန် ၁၁း၂၅-၂၆) ယေရှုသည်လည်း သေခြင်းကို ခံရပြီးမှ ရှင်ပြန်ထမြောက်ကာ သေခြင်းကို အောင်မြင်သော အရှင်ဖြစ်ပါတယ်။ သူသည် စာတန်မာရ်နတ်ရဲ့ လက်မှ အောင်နိုင်ခြင်းအကြောင်းကို သူ့ရဲ့ ထာဝရအသက် သတ်သေပြလိုက်ခြင်း ဖြစ်တယ်။ ယေရှုကို ယုံကြည်သောသူအပေါင်း တို့သည်လည်း သေခြင်းကိုရင်ဆိုင်ရသော်လည်း ယေရှု ကဲ့သို့ ရှင်ပြန်ခြင်း ထာဝရအသက်ကို ရရှိမှာဖြစ်ပါတယ်။

ဒီလောကထဲမှာရှိတဲ့ စည်းစိမ်ဥစ္စာတွေက အနတ္တသက်သက်ပဲဖြစ်တဲ့အကြောင်းကို ဝိညာဉ်တော် ဘုရားက ဒါဝိဒ်ကို သိစေခဲ့တယ်။ ထာဝရလင်းထိန်တဲ့ သရဖူ ဘုရားသခင်ဆီမှာ ရှိတယ်ဆိုတာကို သိစေခဲ့တယ်။ လောကမှာ အသက်ရှင်စဉ်ခါမှာ မွတ်သိပ်သောသူကို ကျွေးမွေးပြီး၊ သူစိမ်းကို လက်ခံ ဧည့်သည်ဝတ်ကိုပြုခြင်း၊ အဝတ်ချည်းစည်းသောသူကို အဝတ်ပေးကမ်းခြင်း၊ ကူညီဖို့လိုသောသူကို ကူညီခြင်းနဲ့ ယေရှုကိုလက်ခံသော ထိုသူတွေကို ဘုရားသခင်မှ ဒီသတင်းတွေကို ကြားရတာ ဘုရား ကျေးဇူးတော် ဖြစ်တယ်။ မိတ်ဆွေရဲ့ နှလုံးသားသည် ကြောက်ကဲ့သို့ မာကြောနေဆဲလား၊ သို့မဟုတ် ဝမ်းနည်းသောသူတွေနဲ့အတူ ဝမ်းနည်းခြင်းကို ရရှိပြီလား၊ မိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှာ သူတပါးအတွက် မင်္ဂလာဖြစ်ဖို့ ဘုရားရဲ့ဆန္ဒဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ခက်ခဲမှုတွေ ရင်ဆိုင်နေတဲ့သူတွေအတွက် ဆုတောင်းပေးပါ။ ဒါဟာ ဘုရားရဲ့အလိုတော်ဖြစ်ပါတယ်။

ထိုသူတို့ကို ကူညီမစခြင်းသည် ဘုရားကို ကူညီမစပေးတာနဲ့ အတူတူပဲဖြစ်တယ်။ ထိုသူတွေ အတွက် ပေးကမ်းခြင်းအားဖြင့်သော်လည်းကောင်း၊ ကူညီမစပေးနိုင်သလို ကူညီမစဖို့ ဆုတောင်းပေးဖို့ ဘုရားအလိုတော်ဖြစ်ပါတယ်။ ယေရှုသည် "သူတပါးအစေကိုခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများ ကို ရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင် အကဲအမှူး ပြုလိုသောသူကို သင်တို့ အစေခံဖြစ်စေ။ သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော် မူ၏" (မဿဲ ၂၀း၂၈) ယေရှုသည် ကျွန်တော်။မတို့ရဲ့ အကောင်းဆုံးသော စံပြဖြစ်ပါတယ်။ သူ့ထံမှ သင်ခန်းစာယူကာ သူ့အတွက် လုပ်ဆောင်ကြပါစို့။

မိတ်ဆွေ ရွှေ၊ ငွေတွေနဲ့ ဥစ္စာပက္ကာသန၊ ရာထူးတွေကိုပဲ မက်မောသော အသက်တာ ဖြစ်နေ တာလား၊ သို့မဟုတ် ဘုရားသခင်သည် ကျွန်တော်တို့ရဲ့ နှလုံးသားကို ပြောင်းလဲပေးကာ မမြင်နိုင် သေးတဲ့ သရဖူ အတွက် ကူညီမစဖို့ လိုအပ်သောသူတွေ အတွက် လုပ်ဆောင်ပေးကမ်းသော အသက်တာဖြစ်ပြီလား၊ ဆာလံ ၁၀၃ ကို နှလုံးသားမှာ သိမ်းထားကာ ဆင်ခြင်သုံးသပ်ပါ။ မိမိရဲ့ နှလုံးသား၊ ကိုယ့်ကိုကိုယ် ခွန်အားပေးကာ ထာဝရဘုရား၏ နာမကို ကောင်းကြီးပေးကာ ချီးမွမ်းပါ။ သူ့ရဲ့ကျေးဇူးတွေ ခံစားရရှိမှာ ဖြစ်ပါတယ်။ ကျေးဇူးပြုခြင်းနဲ့ ချီးမွမ်းခြင်းအားဖြင့် ဘုရားရဲ့ ရှေ့တော် မျက်မှောက်တော်ကို ရှာဖွေပါ။

ယေရှုအကြောင်းကို ပိုíသိရှိလိုပါသလား ချစ်သောမိတ်ဆွေ?

ကျွန်တော်တို့သည် မိတ်ဆွေလိုအပ်တဲ့ အခမဲ့စာပေများကို တောင်းဆိုတဲ့အတိုင်း ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကောင်းကို မိတ်ဆွေရဲ့ အိမ်နီးနားချင်းကိုလည်း ဖြန့်ဝေပေးပါ။ ဒီစာစောင်ကို ဖတ်ခြင်းအားဖြင့် မိတ်ဆွေတကယ်ပဲ ခွန်အားရရှိကာယေရှုနဲ့ ထိတွေ့သွားရင် အိမ်နီးနားချင်းကိုလည်း မျှဝေ ပေးပါ။ လိုအပ်သလောက် စာစောင်ကိုအခမဲ့နဲ့ ကျွန်တော်တို့ထံမှ ရရှိမှာ ဖြစ်ပါတယ်။

မိတ်ဆွေရဲ့ သက်သေခံချက်စာစောင်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။ စာရေးတဲ့အချိန် စာပြန်ပေးဖို့ရန် လိပ်စာအပြည့်အစုံ ရေးပေးထားပါ။ ဘုရားသခင်ကောင်းကြီးပေးပါစေ။

WATERS OF LIFE
P.O. BOX 60 05 13
70305 STUTTGART
GERMANY

Internet: www.waters-of-life.net
Internet: www.waters-of-life.org
e-mail: info@waters-of-life.net

www.Waters-of-Life.net

Page last modified on September 18, 2018, at 10:25 AM | powered by PmWiki (pmwiki-2.3.3)