Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 093 (The world hates Christ)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
D - ဂေသရှေမန်သို့ အသွား နှုတ်ဆက်ခြင်း (ယောဟန် ၁၅း ၁- ၁၆း ၃၃)

3. လောကီသားတွေက ခရစ်တော်နဲ့ တပည့်တော်တွေကိုမုန်းတယ်။ (ယောဟန် ၁၅း ၁၈- ၁၆း ၃)


ယောဟန် ၁၅း ၁၈- ၂၀
၁၈ “လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။ ၁၉ သင်တို့သည် လောကီနှင့်ဆက်ဆံလျှင် လောကီသားတို့သည် မိမိတို့နှင့် ဆက်ဆံသော သင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ လောကီထဲက ငါရွေးကောက်သောသူ ဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။ ၂၀ ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကိုညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကို နားထောင်လျှင် သင်တို့၏စကားကို နားထောင်ကြလိမ့်မည်။”

ဘုရားသခင်နဲ့တလုံးတဝတည်းဖြစ်ကြောင်း သက်သေပြပြီးတဲ့အခါ သခင်ယေရှုက သက်သာစေခြင်းရဲ့ ဝိညာဉ်တော် ကြွလာမယ်လို့ ပရောဖက်ပြုတယ်။ လောကီသားတွေရဲ့ မုန်းတီးမှုကြားထဲမှာ တည်ကြည်နိုင်ဖို့ ပြင်ဆင်ပေးတယ်။

လောကီသားတွေက ခရစ်ယာန်မိတ်သဟာယကို ဆန့်ကျင်တယ်။ အမုန်းတရားက လောကကို ကြီးစိုးတယ်။ ဒါပေမယ့် ချစ်ခြင်းမေတ္တာက ခရစ်ယာန် မိတ်သဟာယကို စောင့်ရှောက်တယ်။ သခင်ယေရှုက တပည့်တော်တွေကို ဒီလောကထဲမှ ဆွဲထုတ်ပြီး သာယာလှပတဲ့ ကျွန်းလေးတကျွန်းထဲမှာ ပို့မထားခဲ့ဘူး။ မကောင်းတဲ့ လောက အသိုင်းအဝိုင်းထဲမှာပင်လျှင် အမုန်းတရားကို ချစ်ခြင်းမေတ္တာနဲ့ အောင်မြင်ဖို့ စေလွှတ်ခဲ့တယ်။ ဒါဟာ ပျော်ပွဲစားထွက်တာမျိုး မဟုတ်ဘဲ ဝိညာဉ်ရေးရာ လွန်ဆွဲရတယ်။ ချစ်ခြင်းမေတ္တာအတွက် အသက်ရှင်တဲ့ တမန်တော်တွေဟာ လူတွေရဲ့ ငြင်းပယ်ခံရတယ်။ ကဲ့ရဲ့ခြင်း၊ နှိမ်ခြင်း၊ နှိမ်ချခြင်း ခံရတယ်။ ဒါ သူတို့အပြစ်ကြောင့် မဟုတ်ဘူး။ သခင်ယေရှုစကားတော်ကို ဆန့်ကျင်တဲ့ မကောင်းတဲ့ စိတ်သဘောထားတွေကြောင့် ဆန့်ကျင် တိုက်ခိုက်တယ်။ သခင်ယေရှုပင်လျှင် ချစ်ခြင်းမေတ္တာ၌ စုံလင်၊ ပညာရှိပေမယ့် အသေသတ်ခြင်း ခံရသည် တိုင်အောင် အမုန်းခံခဲ့ရတယ်။ ဒီလိုညှဉ်းပန်းနှိပ်စက်ခြင်းတွေ ရှိပေမယ့် သခင်ယေရှုဟာ တိုက်ပွဲထဲက ထွက်မပြေးဘူး။ လောကကို စွန့်ခွါမသွားဘူး။ သူ့ကို အမျိုးမျိုး ဝေဖန်သူတွေအတွက် ချစ်လျှက် အသေခံပေးခဲ့တယ်။

လူတွေဟာ ကောင်းကင်တမန်မဟုတ်ဘူး။ စိတ်နှလုံးက ဆိုးညစ်တယ်။ ဒါပေမယ့် ခရစ်တော်ရဲ့ ကျေးဇူးတော်ကြောင့် စိတ်သဘောအသစ် ရလာတယ်။ နောင်တဆိုတာ စိတ်ပြောင်းလဲခြင်း ဖြစ်တယ် ဝိညာဉ်တော် မွေးတဲ့သူဟာ လောကနဲ့မဆိုင် သခင်ဘုရားနဲ့သာ ဆိုင်တယ်။ ဒီကမ္ဘာလောကထဲကနေ ရွေးနှုတ်ထားတယ်။ church အသင်းတော်ဆိုတဲ့ ဂရိစကားဟာ ရွေးကောက်ထားသူ အစုအဝေးလို့ ဆိုလိုတယ်။ လောကထဲကနေပြီး တာဝန်ထမ်းဆောင်ဖို့ ရွေးခေါ်ထားသူတွေ ဖြစ်တယ်။ ဒါကြောင့် လောကီသားတွေက အသင်းတော်ကို ကြည့်တဲ့အခါ အမြင်မကြည်လင်ဘူး။ ဒီမတူညီချက်ဟာ ကွဲပြားမှုတွေဖြစ်ပြီး သခင်ယေရှုတွေ့ကြုံခဲ့ရသလို မိသားစုတခုတည်း မှာပင်လျှင် ကွဲပြားမှုဖြစ်လာတတ်တယ်။ (ယောဟန် ၇း ၂-၉) ဒီအခြေအနေမှာ ခရစ်တော်၌တည်နေသူဟာ မေတ္တာနဲ့ နှိမ့်ချခြင်းလိုတယ်။ ကဲ့ရဲ့ပြစ်တင်ခြင်းနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကြားမှာ တည်ကြည်နိုင်ရမယ်။ ဒီလိုအခြေအနေမျိုး ကြုံပြီဆိုရင် သခင်ယေရှုလည်း အလားတူ ခံစားခဲ့ရတယ်ဆိုတာ မမေ့ပါနဲ့။ သခင်ယေရှုက လူတွေကို ချစ်တဲ့အတွက် အနာရောဂါငြိမ်းစေတယ်။ လူတွေကတော့ သခင်ယေရှုကို ရာဇဝတ်သားလို ကားတိုင်မှာ တင်သတ်တယ်။

လူတွေက ညှင်းပန်းနှိပ်ဆက်တိုက်ခိုက်ကြပေမဲ့ သခင်ယေရှုပေးတဲ့ ဂတိတော်တခု ရှိပါတယ်။ တချို့သောသူတွေဟာ သင်ရဲ့ သက်သေခံချက်ကို နားထောင်ပြီး ခရစ်တော်စကားကို နားထောင်လာလိမ့်မယ်။ ပြောစကားအပေါ်မှာ ဝိညာဉ်တော်တန်ခိုး သက်ရောက်ပြီး ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာဟာ ကြားနာရသူတွေ ရင်ထဲမှာ ဖြစ်တည်လာလိမ့်မယ်။ သင့်သက်သေခံချက်ဟာလည်း ကြားနာရသူတချို့ထဲမှာ ထာဝရအသက်ကို ဖြည့်စေလိမ့်မယ်။ ခရစ်ယာန်တိုင်းဟာ ဆိုးညစ်တဲ့လောကကြီးထဲမှာ ခရစ်တော်ရဲ့ သံတမန်တွေ ဖြစ်တယ်။ ဒါကြောင့် ကောင်းကင်ကခေါ်တဲ့အသံကို နားထောင်ပါ။

ယောဟန် ၁၅း ၂၁- ၂၃
၂၁ “ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍ ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။ ၂၂ ငါသည်လာ၍ ထိုသူတို့အား မဟောမပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား မိမိတို့အပြစ်ကို ဝှက်၍မထားနိုင်ကြ။ ၂၃ ငါ့ကိုမုန်းသာသူသည် ငါ့ခမည်းတော်ကို မုန်း၏။”

သခင်ယေရှုက ကောင်းကင်တက်ကြွပြီးနောက် တပည့်တော်တွေအပေါ်မှာ နာမတော်ကြောင့် ညှင်းဆဲခြင်းတွေ သက်ရောက်လာမယ်လို့ ကြိုဟောပြောခံတယ်။ ဂျူးလူမျိုးတွေက မေရှိယကို နူးညံ့တဲ့ သိုးကလေးလိုမျိုး မြှော်လင့်ခဲ့ပေမယ့် ကိုလိုနီတံပိုးကို ချိုးဖျက်ပြီး ကယ်ဖို့ နိုင်ငံရေးသူရဲကောင်းလည်း ဖြစ်စေချင်တယ်။ ဒီအတွေးအခေါ်များဟာ နိုင်ငံရေးအရ ကယ်တင်ခြင်းကို မြှော်လင့်နေပြီး ဘုရားသခင်ရဲ့ စစ်မှန်တဲ့ ကြီးမြတ်မှုကို အလေးအနက် မထားသလို ဖြစ်တယ်။ ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားနားမလည်ဘူး။ သူတို့က စစ်တိုက်တဲ့ဘုရားမျိုး လိုချင်တယ်။ လူတွေကို ငြိမ်သက်ခြင်းနဲ့ စိတ်သက်သာစေမယ့် ဘုရားသခင်ကို မသိဘူး။ ဘုရားသခင်ဟာ အပြစ်ပေးတဲ့အနေနဲ့ စစ်ပွဲတွေကို ခွင့်ပြုပါတယ်။ ဒါပေမယ့် အစာခေါင်းပါးခြင်းက နိုင်ငံတော်ကို တည်ဆောက်တာ မဟုတ်ဘူး။ ဘုရားရဲ့ ဝိညာဉ်တော်ကသာ သမ္မာတရားရဲ့ စင်ကြယ်ခြင်းအားဖြင့် နိုင်ငံတော်ကို တည်ဆောက်တယ်။ ခရစ်တော်က ခမည်းတော်ဘုရားရဲ့ သဘောထားတွေကို ရှင်းလင်း ပြသတယ်။ ဒါပေမယ့် ဂျူးတွေကတော့ ချစ်ခြင်းနဲ့ ရန်ငြိမ်းခြင်း သဘောကို လက်မခံကြဘူး။ သူတို့က အကြမ်းဖက်မယ် စစ်တိုက်မယ်။ ခရစ်တော်ကို ရန်ငြိမ်းသောသူ peace maker အဖြစ် လက်မခံကြတဲ့ လူမျိုးတိုင်း နိုင်ငံတိုင်းဟာ ဂျူးလူမျိုးတွေရဲ့ အပြစ်မျိုးထဲ ကျရောက်သွားလေ့ ရှိတယ်။ လူတွေရဲ့အပြစ်ဟာ ကိုယ်ကျင့်တရားပျက်စီးလို့ အဓိကဖြစ်ရတာမျိုးမဟုတ်ဘဲ၊ ဘုရားသခင်ကို မကျေနပ်ရင်းနဲ့ ငြိမ်သက်ခြင်းကိုပေးတဲ့ ဘုရားဝိညာဉ်ကို ငြင်းပယ်တဲ့အပြစ်က အဓိက ဖြစ်တယ်။ သခင်ယေရှုကို လူတွေ ငြင်းပယ်ရခြင်း၊ သူ့နိုင်ငံတော်နဲ့ ငြိမ်သက်ခြင်းကို လူတွေငြင်းပယ်ရတဲ့ အဓိကအကြောင်းရင်းကတော့ စစ်မှန်တဲ့ဘုရားကို လူတွေသံသယရှိလို့ ဖြစ်တယ်။ လူတွေက သူတို့ဆန္ဒအတိုင်းသာ ဘုရားကို ခေါ်ကြတယ်။ ဒါပေမယ့် သခင်ယေရှုကတော့ ချစ်ခြင်းမေတ္တာ ဘုရားကို ဖေါ်ပြတယ်။ ချစ်ခြင်းမေတ္တာကို ငြင်းပယ်တဲ့သူဟာ ကြမ်းတမ်းမှုနဲ့ ပျက်စီးယိုယွင်းခြင်း လမ်းကြောင်းပေါ်မှာ ရောက်နေတယ်။ ခရစ်တော်ကို ငြင်းပယ်သူဟာ စစ်မှန်တဲ့ ဘုရားသခင်ကို ငြင်းပယ်တယ်။

ယောဟန် ၁၅း ၂၄- ၂၅
၂၄ “ငါသည် အခြားသူမပြုဖူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား သူတို့သည် ထိုအမှုကို မြင်ရ၍ ငါနှင့် ငါ့ခမည်းတော်ကိုမုန်းကြ၏။ ၂၅ သို့ဖြစ်လျှင် အကြောင်းမရှိဘဲ ငါ့ကိုမုန်းကြ၏ဟု သူတို့၏ပညတ္တိကျမ်းစာ၌ ရေားထားသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။”

ခမည်းတော် ဘုရားသခင်အကြောင်းကို သခင်ယေရှုပြောခြင်းဟာ ဝိညာဉ်တော်ကို ငြင်းဆန်သူတွေအတွက် တရားစီရင်ချက်လို ဖြစ်လာတယ်။ များစွာသော နိမိတ်လက္ခဏာတွေကို ပြပြီးပြီ။ သူ့လို ဘယ်သူမှ အနာရောဂါ မငြိမ်းနိုင်၊ နတ်ဆိုး မနှင်ထုတ်နိုင်၊ မုန်တိုင်းကို မငြိမ်စေနိုင်၊ လူထောင်ချီပြီး မကျွေးမွေးနိုင်၊ လူသေကို ပြန် မရှင်စေနိုင်ပါ။ ဘုရားသခင်က သူနဲ့အတူ နိမိတ်လက္ခဏာတွေ အသစ်ဖန်ဆင်းခြင်းရဲ့ သက်သေတွေကို ပြတယ်။ ဂျူးလူမျိုးတွေက ဒီနိမိတ်လက္ခဏာတွေကြားမှာ ထူးခြားမှုကို မမြင်နိုင်ဘဲ နိုင်ငံရေးနဲ့ စီးပွါးရေး အကျိုးအမြတ် မရှိဘူးလို့ပဲ ကြည့်မြင်နေကြတယ်။ သခင်ယေရှုရဲ့ ချစ်ခြင်းမေတ္တာနဲ့ အခွင့်အာဏာကို ရိပ်မိလာရင်လည်း သူတို့ဟာ ခမည်းတော်ကို မယုံကြည်ကြတဲ့အတွက် သူတို့အတွက် ထိမိလဲစရာပဲ ဖြစ်စေပြန်တယ်။ ဂျူးလူမျိုးတွေဟာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဆွဲဆောင်မှုကို လက်မခံဘဲ စိတ်နှလုံးတံခါးကို ပိတ်နေကြတယ်။ ဒီနေ့ခေတ်မှာလည်း သန်းပေါင်းများစွာသောလူတွေဟာ ဘုရားကိုဆန့်ကျင်ရင်း စိတ်နှလုံးထောင်ထဲမှာ အသက်ရှင်နေကြတယ်။ ခရစ်တော်ဟာ ဘုရားသခင်ရဲ့ သားတော်လို့ ဝန်မခံသူဟာ မှန်သောဘုရားကို မသိ၊ တပည့်တော်တွေကို မုန်းတီးသူ ဖြစ်တယ်။ အပြစ်ထဲမှာ ဆက်ကျင်လည်ပြီး သုံးပါးတဆူဘုရားနဲ့ ဆန့်ကျင်နေတယ်။ ဒါပေမယ့် သခင်ယေရှုက သူတို့ကို အပြစ်မပေးဘူး။ တပည့်တော်တွေအားဖြင့် ချစ်ခြင်းမေတ္တာကို ဆက်ပြတယ်။ ဒီလိုဝိညာဉ်ရေးရာ တိုက်ပွဲအတွက် သည်းခံစိတ်နဲ့ တည်ကြည်နိုင်ဖို့ သခင်ဘုရားထံမှာ ခွန်အားကိုတောင်းယူပါ။

ုတောင်း လူများမုန်းသော်လည်းပဲ ကိုယ်တော့် အလိုတော်အတိုင်း အသက်ရှင်ခွင့်အတွက် ကျေးဇူးတင်ပါ၏။ ရန်သူကို ချစ်ဖို့ သွန်သင်ပါ။ သူတို့ ကယ်တင်ခြင်း ရလာပါလိမ့်မည်။ ကိုယ်တော့်အသံကို ကြားရသာသူများ၏ စိတ်နှလုံးတံခါးကို ဖွင့်၍ ကိုယ်တော့်အလိုကို ဆောင်စေပါ။ သန့်ရှင်းသော ဝိညာဉ်တော်ကို လက်ခံစေပါ။ တန်ခိုးနဲ့ သည်းခံခြင်းကို ပိုမိုသွန်းလောင်းပေးပါ အဖ။

မေးခွန်း ၉၇

  1. ခရစ်တော်နဲ့ တပည့်တော်တွေအပေါ်မှာ ဘာကြောင့် လောကီသားတွေ မုန်းသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:57 AM | powered by PmWiki (pmwiki-2.3.3)