Waters of LifeBiblical Studies in Multiple Languages |
|
Home Bible Treasures Afrikaans |
Home -- Burmese -- John - 087 (The Holy Trinity descends on believers) This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba
Previous Lesson -- Next Lesson ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
C - အထက်ခန်းမထဲမှာ နောက်ဆုံးစကားပြောခြင်း (ယောဟန် ၁၄း ၁- ၃၁)
2. သုံးပါးတဆူဘုရားသခင်ဟာ နှစ်သိမ့်ပေးသူ ဝိညာဉ်တော်အားဖြင့် ယုံကြည်သူအပေါ်မှာ သက်ရောက်တယ်။ (ယောဟန် ၁၄း ၁၂- ၂၅)ယောဟန် ၁၄း ၁၅ ဧဝံဂေလိတရားက ကာရာနီကို ကျေးဇူးတင်တယ်။ ဧဝံဂေလိတရားကို မသိတဲ့သူဟာ ခရစ်တော်ရဲ့ ခွင့်လွှတ်ခြင်းတရားကို မသိသူ ဖြစ်တယ်။ ဆုတောင်းခြင်း၊ သက်သေခံခြင်းဟာ အကျိုးမဲ့ဖြစ်နေရင် ကိုယ်ဟာ ခရစ်တ်ာရဲ့ မေတ္တာ၌ တည်နေသလား။ ကောင်းကြီးကို တားဆီးတဲ့ အပြစ်တွေ ရှိနေသလားလို့ ဆန်းစစ်ရမှာဖြစ်တယ်။ သခင်ယေရှုရှေ့မှာ ဝန်ခံလိုက်ပါ။ ကောင်းကြီးတွေ ပိတ်ဆို့မနေပါစေနဲ့။ သခင်ဘုရားက ပညတ်တွေ များစွာပေးခဲ့ပြီ။ ရန်သူကို ချစ်ပါ။ စုံစမ်းနှောက်ယှက်ခြင်းထဲ မပါဖို့ သတိနဲ့ စောင့်ကြည့်လျက် ဆုတောင်းပါ။ ကောင်းကင်ဘုံ၌ရှိတဲ့ ဖခမည်းတော် စုံလင်သလို စုံလင်ပါ။ "ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။" ဒီစကားတွေအားလုံးဟာ အဓိက ကျမ်းစာချက်ဖြစ်တဲ့ "ငါသည် သင်တို့ကိုချစ်သည့်နည်းတူ သင်တို့အချင်းချင်းချစ်ကြလော့" ဆိုတဲ့ ကျမ်းချက် တချက်ထဲမှာ အကျုံးဝင်နေတယ်။ ကိုယ်တော်ရဲ့ ပညတ်တော်များဟာ မလေးလံဘူး။ အသက်ရှင်တဲ့အခါ ယုံကြည်ခြင်းနဲ့ မေတ္တာအတွက် ပေါင်းကူးပေးမယ့် တံတားတမျိုးသာ ဖြစ်တယ်။ ခရစ်တော်ရဲ့ ရွေးနှုတ်ခြင်းကို ခံစားဖူးတဲ့သူဟာ ကိုယ့်အတွက် အသက်မရှင်တော့ဘဲ ကယ်တင်ရှင် ခရစ်တော်ရဲ့ အမှုကိုသာ ဆောင်တော့တယ်။ ယောဟန် ၁၄း ၁၆-၁၇ ခရစ်တော်ရဲ့ပညတ်တရားကို ကိုယ့်သဘောနဲ့ အသက်ရှင်ဖို့ ကြိုးစားမယ်ဆိုရင် စိတ်ပျက်စရာဖြစ်မယ်။ အောင်မြင်မှာ မဟုတ်ဘူး။ ဒါကြောင့် ခရစ်တော်က သန့်ရှင်းသော ဝိညာဉ်တော်ကို စေလွှတ်ဖို့ ဆုတောင်းခဲ့တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုက အများကြီးရှိတယ်။ လူတွရဲ့အပြစ်ကို ဖေါ်ပြမယ့် သမ္မာတရား ဖြစ်တယ်။ လက်ဝါးကပ်တိုင်မှာ အသေခံတဲ့ ခရစ်တော်ကို ပိုမြင်လာစေတယ်။ လူတွေရဲ့ အပြစ်ကို ခွင့်လွှတ်ပေးမယ့် ဘုရားသားတော်ဖြစ်ကြောင်း ပြသပေးတယ်။ ကျေးဇူးတော်အားဖြင့် ဘုရားသခင်ရှေ့မှာ ဖြောင့်မတ်အောင် လုပ်ပေးတယ်။ ဒုတိယမွေးဖွားအောင် လုပ်ဆောင်ပေးတယ်။ ခမည်းတော်ဘုရားကို ဆုတောင်းတတ်အောင် နှုတ်ကို ဖွင့်ပေးတယ်။ ဝိညာဉ်တော်ရဲ့ သားအဖြစ် မွေးစားခံရခြင်းအားဖြင့် ဘုရားသားသမီးအဖြစ် စိတ်ချရစေတယ်။ နောက်ဆုံးအားဖြင့် ယုံကြည်သူတွေအတွက် ရှေ့နေလို ခုခံကာကွယ်ပေးတယ်။ စာတန်က ယုံကြည်သူရဲ့ အပြစ်တွေကို ဘုရားသခင်ရှေ့မှာ ပြောဆိုနေတဲ့အခါ နံဘေးမှာ ဝိညာဉ်တော်က ကယ်တင်ပြီးသားဖြစ်ကြောင်း ထောက်ပြရင်းနဲ့ ခုခံကာကွယ်ပေးတယ်။ စေလွှတ်ပေးတဲ့ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မဟုတ်ရင် ဒီလောကမှာ စုံစမ်းနှောက်ယှက်ခြင်းတွေ ကြားမှာ စိတ်ချရမှုကို ရှာလို့ တွေ့နိုင်မှာမဟုတ်ဘူး။ လူ့အလိုအားဖြင့် ဝိညာဉ်တော်ကို ခံယူလို့ မရဘူး။ ဥာဏ်ကောင်းရုံ ကဗျာလင်္ကာတတ်ရုံ ရှေ့းရေး မြင်တတ်ရုံနဲ့ မရဘူး။ သန့်ရှင်းသောဝိညာဉ်တော်ဟာ သဘာဝထက် လွန်ကဲတယ်။ သခင်ယေရှုခရစ်တော်ရဲ့ အသွေးတော်ကို ယုံကြည်သူအပ်ါမှာ သက်ရောက်တယ်။ ခရစ်တော်ကို မချစ်၊ လက်မခံသူအပေါ်မှာ သန့်ရှင်းသော ဝိညာဉ်တော် မကျိန်းဝပ်ဘူး။ ဒါပေမယ့် ခရစ်တော်ကို ချစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံသူကတော့ ဝိညာဉ်တော်ရဲ့ ဝမ်းမြောက်ခြင်းကို တွေ့ကြုံခံစားရတယ်။ စိတ်နှလုံးထဲမှာ ဝင်ရောက်လာတဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဟာ လူ့အားနည်းခြင်းကြားထဲမှာပင်လျှင် တန်ခိုးတော်ကို ခံစားရစေတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ဟာ ယုံကြည်သူကို သေခြင်းမှာဖြစ်စေ၊ တရားစီရင်ခြင်းမှာဖြစ်စေ စွန့်ပစ်မသွားဘဲ ထာဝရရှင်ခြင်းကို ပေးကြောင်း စိတ်ချမှု စကားပြောထားတယ်။ ယောဟန် ၁၄း ၁၈- ၂၀ သစ္စာဖေါက်အပ်နှံသူ ထွက်သွားတဲ့အခါ သခင်ယေရှုက သူဟာ မကြာခင် ထွက်သွားရတော့မယ်လို့ တပည့်တော်တွေကို အသိပေးတယ်။ တပည့်တော်တွေ လိုက်လို့မရဘူး။ ဒါပေမယ့် သူ ပြန်လာမယ်။ သူတို့ ကြောက်နေတာကိုလည်း သိတယ်။ သခင်ယေရှု ပြောတဲ့စကားမှာ အဓိပ္ပါယ်နှစ်မျိုးပါတယ်။ ပထမအချက်က သန့်ရှင်းသော ဝိညာဉ်တော်ကြွလာမယ်။ ဒုတိယအချက်က နောက်ဆုံးသောကာလမှာ ဘုန်းအသရေနဲ့ ကြွလာမယ်။ ဒီအကြောင်းရင်းနှစ်ချက်ကြောင့် အခုသွားရတော့မယ် ခမည်းတော်ထံ သွားရတော့မယ်။ ဒီလို နှုတ်ဆက်စကား မပြောဘဲ ဝိညာဉ်တော်က ကြွလာလို့မရသေးဘူး။ ဝိညာဉ်တော်က စိတ်နှလုံးနဲ့ ဥာဏ်မျက်စိကို ဖွင့်ပေးသူဖြစ်တယ်။ သခင်ယေရှုဟာ သင်္ချိုင်းတွင်းထဲမှာ တခြားသူတွေလို လဲလျောင်း နားနေတာမဟုတ်ပဲ သူဟာ ခမည်းတော် ဘုရားသခင်နဲ့အတူ အသက်ရှင်တယ်။ သူ့အသက်ဟာ ကယ်တင်ခြင်းနဲ့ ကမ္ဘာလောကကြီးရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်။ သေခြင်းကို အောင်မြင်လို့ သူဟာ ကယ်တင်ခြင်း ပေးပိုင်တယ်။ ဒါကြောင့် ယုံကြည်ခြင်းအားဖြင့် လူတွေဟာ သေခြင်းကို အောင်မြင်ပြီး ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်းနဲ့ အသက်ရှင်နိုင်ကြတယ်။ ခရစ်ယာန်တရားဟာ မျှော်လင့်ခြင်းနဲ့ ပြည့်ဝနေတယ်။ ဥပဇ္ဈာယ်ဆရာဖြစ်တဲ့ ဝိညာဉ်တော်ဟာ ယုံကြည်သူအထဲမှာ ကျိန်းဝပ်ဖို့ ကြွလာပြီး သားတော်ဟာ ခမည်းတော်၌ ရှိတယ် ခမည်းတော်ဟာ သားတော်၌ရှိပြီး တလုံးတဝတည်းလို့ နားလည်စေတယ်။ သုံးပါးတဆူ အကြောင်းကို နားလည်ခြင်းဟာ သင်္ချာလေ့လာတာနဲ့ မတူဘူး။ ယုံကြည်သူအထဲမှာ ဘုရားသခင် ကျိန်းဝပ်ခြင်း ဖြစ်တယ်။ သခင်ယေရှုကဲ့သို့ ဘုရားသခင်နဲ့ တလုံးတဝတည်း ဖြစ်လာတယ်။ ဒီနက်နဲတဲ့ တရားသဘောဟာ လူ့ဥာဏ်နဲ့ လိုက်မမှီနိုင်ဘူး။ ဘုရားသခင်က ယုံကြည်သူအထဲမှာ သီးခြားကျိန်းဝပ်မယ်လို့ မပြောဘူး။ ငါသည်လည်း သင်တို့အထဲ၌ ကျိန်းဝပ်မည်လို့ ပြောတယ်။ ခရစ်ယာန်ဟာ သန့်ရှင်းသော ဝိညာဉ်တော် ကျိန်းဝပ်တဲ့ ကိုယ်ပိုင် ဗိမ္မာန်မျှသာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ ဗိမ္မာန်တော်ကြီးအဖြစ် ထုဆစ်ထားတယ်။ ယုံကြည်သူတိုင်းဟာ အထဲမှာ ဘုရားသခင် ကျိန်းဝပ်နေတယ်။ ဒီဂတိတော်ကို လူအများကို ပေးတယ်။ သင်တို့သည် ငါ၌တည်၍ ငါသည်လည်း သင်တို့၌ တည်၏လို့ ဆိုတယ်။ သန့်ရှင်းသူတွေရဲ့ မိတ်သဟာယဖွဲ့ခြင်းဟာ သခင်ယေရှု ထင်ရှားနေခြင်း ဖြစ်တယ်။ သခင်ယေရှုက သူ့ဂတိတော်ကို အဆုံးသတ်တဲ့အခါမှာ “ငါသည် သင်တို့ကို ချစ်သည်နည်းတူ သင်တို့သည် အချင်းချင်းချစ်ကြလော့” လို့ မှာတယ်။ ဒါကြောင့် ခရစ်တော်၌ ရှိခြင်းဟာ တယောက်တည်းမဟုတ်ဘဲ ယုံကြည်သူအများ ပါဝင်တယ်။ ဆုတောင်း ဘုရားသခင်၏ သိုးသူငယ်တော် ကိုယ်တော့ရှေ့မှာ ပြတ်ဝပ်ကိုးကွယ်ပါ၏။ ကိုယ်တော့် သေခြင်းအားဖြင့် ထာဝရအသက်ကို ရပါ၏။ ယုံကြည်ခြင်းအားနည်းပြီး သတိမထားမိခြင်းများအတွက် ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်နှင့် ဝေးကွာစရာအကြောင်းများကို ဖယ်ရှားပေးတော်မူပါ။ အခက်အခဲများ ကြားထဲမှာပင်လျှင် ကိုယ်တော်ကို တွေ့မြင်လျက် ကိုယ်တော်နှင့်အတူ အသက်ရှင်နိုင်စေပါ။ ဥပဇ္ဈာယ်ဆရာကြွလာသည့်အတွက် ကျေးဇူးတင်ပါ၏။ သမ္မာတရား၏ ဝိညာဉ်သည် ကျွန်ုပ်တို့ကို အစဉ်အမြဲစောင့်ထိန်းပါလိမ့်မည်။ မေးခွန်း ၉၁
|